Author: Salai

အောက်တို (၁၄) သတင်းတိုပေါင်းချုပ်

နတ်ရေကန်တောင်ကမ္ဘာလုံးစခန်းအား AA တပ်ဖွဲ့က သိမ်းပိုက်၊ တိုက်ပွဲများ ဆက်လက်ပြင်းထန် အောက်တို ၁၄ The Kaladan Post မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်တောင်ကမ္ဘာလုံးစခန်းကို အာရက္ခ တပ်တော် (AA) နှင့် မဟာမိတ်တပ်ဖွဲ့များက အောက်တိုဘာ ၁၀ ရက်တွင် သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာ ထွက်ပြေးခဲ့ကြောင်း သတင်းရရှိသည်။ AA တပ်ဖွဲ့ဝင်များက စခန်းသိမ်းပိုက်မှုကို အနီးကပ်ရိုက်ကူးထားသည့် ရုပ်သံဖိုင်များ လူမှုကွန်ယက်တွင် အောက်တိုဘာ ၁၀ရက်နေ့က ပျံ့နှံ့ခဲ့သည်။ အဆိုပါရုပ်သံဖိုင်ဟာ တောင်ကမ္ဘာလုံးစခန်းတိုက်ခိုက် သိမ်းပိုက်နေချိန် တွင် အာရက္ခ တပ်တော် (AA) တပ်ဖွဲ့ဝင်တွေက အနီးကပ်ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် နတ်ရေကန်တောင်ခြေရှိ ကျေးရွာများကို နေ့စဉ်ဗုံးကြဲ တိုက်ခိုက်နေသဖြင့် ကျေးရွာများ မီးလောင်ပျက်စီးခဲ့ရသည်။ အောက်တိုဘာလ ပထမအပတ်တွင် ကမ္ဘာလုံးစခန်း၏ ကာကင်းစခန်းများအားလုံးကို AA နှင့် မဟာမိတ်တပ်များက သိမ်းပိုက်ခဲ့ပြီး၊ လက်ရှိတွင် အမ်း-ပဒါန်းလမ်းဟောင်းနှင့် လမ်းသစ်ကို ပိတ်ဆို့ထိန်းချုပ်ထားကာ စစ်ကောင်စီ၏ စစ်ကူနှင့် ထွက်ပြေးတပ်ဖွဲ့များကို ဆက်လက်တိုက်ခိုက်လျက်ရှိသည်။ နတ်ရေကန်တောင်အနီး တဝိုက်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး၊ စစ်ကောင်စီတပ်က အောက်တိုဘာ ၁၃ ရက် အထိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင် စစ်တပ်၏ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရ အောက်တို ၁၄ The Kaladan Post ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့်...

Read More

“တော်လှန်ရေးမှာ ပြန့်ကျဲနေတဲ့ အင်အားစုများအား ဘုံရည်မှန်းချက်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဘာကြောင့် အရေးကြီးတာလဲ”  

“တော်လှန်ရေးမှာ ပြန့်ကျဲနေတဲ့ အင်အားစုများအား ဘုံရည်မှန်းချက်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဘာကြောင့် အရေးကြီးတာလဲ”

 

Read More

ပေါက်ခေါင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များ မိုင်းဆွဲတိုက်ခိုက်ခံရ

အောက်တို ၁၄ The Kaladan Post ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း အမှတ် (၂) ၃၆၀၂ တပ်ရင်းမှ ရဲဘော်များက စစ်ကောင်စီတပ်ဖွဲ့များအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း အမှတ် (၂) သတင်းထုတ်ပြန်ထားပါသည်။ အဆိုပါသတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ပြည်ခရိုင်တပ်ရင်း အမှတ် (၂) ရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက “ ကျွန်တော်တို့တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ တောင်လည်စခန်းကနေ ဘော်ဒါအထိုင်ချစခန်းသို့ လူချိန်းလာတဲ့သူတွေ ဖြစ်ကြပြီး သူတို့ဟာ ဘော်ဒါအထိုင်စခန်းမှ ပြန်လာချိန်ကျွန်တော်တို့ဖက်က စောင့်ကြိုပြီးတော့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ဒီတိုက်ခိုက်မှုမှ စကစတွေ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး အကြောင်းကတော့ ဒီစကစတွေနေတဲ့နေရာတွေမှ ကျွန်တို့ဖက်ကလူတွေမရှိတော့ သတင်းစုံစမ်းရေးမှာ အခက်အခဲတွေရှိနေပါတယ် ဟု ‘The Kaladan Post သို့ ပြောဆိုသည်။ ဤစစ်ဆင်ရေးများသည် စစ်ကောင်စီတပ်ဖွဲ့များ၏ လှုပ်ရှားမှု များကို ထိရောက်စွာ ဟန့်တားနိုင်ခဲ့ပြီး လက်နက်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၁ ရက် ည ၈:၀၀ နာရီခန့်တွင် ပေါက်ခေါင်းမြို့နယ်၊ တောင်လည်ကျေးရွာအနီး (ဂွေးပင်ကုန်း) တွင် ဘော်ဒါအထိုင်စခန်းမှ လူအချိန်းအပြောင်းပြုလုပ်ပြီး ပြန်လည်ထွက်ခွာလာ သော စစ်ကောင်စီ တပ်ဖွဲ့ အင်အား ၄၄ဦးပါ စစ်ကြောင်းကို ပြည်ခရိုင်တပ်ရင်း တပ်ခွဲ (၃)မှ ရဲဘော်များက မိုင်းဆွဲတိုက် ခိုက်ခဲ့သည်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာရ သူများကို ထမ်းစင်ဖြင့်ပြန် လည်ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ အောက်တိုဘာလ ၁၂ ရက် နံနက်ပိုင်းတွင် ရဲဘော်များက နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်ကောင်စီတပ်ဖွဲထံမှ ကျန်ရစ်ခဲ့ သော စစ်သုံးကျောပိုးအိတ် ၁ လုံး၊ MA ကျည်ဘောက် ၁ ခု၊ BA-100 ဗုံးသီး ၁ လုံး ၅.၅၆ မမ ကျည် ၇၀ တောင့်နှင့် power bank ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့သည်။ ထို့အတူ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၄ ရက် နံနက် ၂:၃၀ နာရီခန့်တွင် ပေါက်ခေါင်းမြို့နယ်၊ တောင်လည်ကျေးရွာအထိုင်စခန်းမှ အင်အား ၅၀ ဦးပါ စစ်ကောင်စီတပ်ဖွဲ့၏ ခြေလျင်စစ်ကြောင်း ကို ပြည်ခရိုင်တပ်ရင်း တပ်ခွဲ (၃)၊ တပ်ခွဲ (၄) နှင့် ရွှေတောင် (ပကဖ) တို့မှ ပူးပေါင်း၍ အုတ်ဖို ကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထပ်မံ၍ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၈ ရက် ည ၈:၀၀ နာရီခန့်တွင် ပေါက်ခေါင်း မြို့နယ်၊ ချင်းလည်ဂိတ်မှ ကင်းပုန်းဝပ်ရန် ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ အင်အား ၂၀ ဦးခန့်ပါ စစ်ကြောင်းနှင့် ပြည်ခရိုင်တပ်ရင်း တပ်ခွဲ (၃) နှင့် ရွှေတောင် (ပကဖ) မှ ရဲဘော်များ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ဤတိုက်ပွဲတွင် ရဲဘော်များဘက်မှ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း...

Read More

စစ်ကိုင်းမြို့နယ်တွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဖက်မှ ၃ယောက် သေဆုံး

  အောက်တို ၁၃ The Kaladan Post စစ်ကိုင်းမြို့နယ်အရှေ့ ဗျူဟာ(ခရိုင်ချင်းဆက်)လမ်းတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စကစ ကို တိုက်ခိုက်ခဲ့ကြောင်း  Thunderbird local defense force ကသင်းထုတ်ပြန်ထားပါသည်။ အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မိုးကြိုးငှက်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့ တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီတွေက တပ်ရင်း ၄ရင်းပေါင်းပီးစစ်ကြောင်းထိုးထာဗျ ။ အင်အားက ခန့်မှန်း ၂၇၀ခန့်ရှိပါတယ် တပ်မ ၉၉ တပ်မ ၇၇ တပ်ရင်း ၁၁၃ နှင့် တပ်ရင်း ၁၁၇ တွေပါ ဒီ အကြမ်းဖက် စစ် ကြောင်းက ဆည်လေးတောလမ်းဆုံကနေ ဆားတောင်ကို ဦးတည်တဲ့စစ်ကြောင်းဖြစ် ပါတယ်။ လက်ရှိ အချိန်မှာတော့ စစ်ကြောင်းကငြိမ်သွားပါပီ ဒီအကြမ်းဖက်စစ်ကြောင်းက လင်းယဥ်ရွာက ပြည်သူတစ်ဦး ကို သေနတ်နဲ့ပစ်သတ်သွားတယ်” ဟု The Kaladan Post သို့ ပြောဆိုသည်။   စစ်ကိုင်းတိုင်း၊ စစ်ကိုင်း မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များ အကြိမ်ပေါင်းများစွာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးတွင် ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း Thunderbird People’s Defense Force (မိုးကြိုးငှက်အဖွဲ့ – စစ်ကိုင်း) က ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၆ ရက် ညနေ ၆ နာရီခန့်တွင် ရွာသာယာရွာမှ အင်အား ၂၀၀ ကျော်ဖြင့် ထွက်လာသည့် အကြမ်းဖက်စစ်တပ်သည် ဆည်လေးတောလမ်းဆုံသို့ ရောက်ရှိစဉ် ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပထမအကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့နောက် ည ၇ နာရီခန့် တွင် ဒုတိယအကြိမ် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ကာ စစ်သား ၃ ဦး သေဆုံးခဲ့ပြီး MA-4 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့သည်။ အောက်တိုဘာ ၇ ရက် မနက်ပိုင်းတွင်လည်း ကျောက်ပနံရွာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ တော်လှန်ရေးရဲဘော် ၁ ဦး ထိမှန်ကျဆုံးခဲ့သည်။ “စစ်တပ်သည် တပ်ရင်း ၄ ရင်းပေါင်းကာ အင်အား ၂၇၀ ခန့်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၆ ရက်မှစတင်ကာ ထိတွေ့တိုက်ပွဲ ၄ ကြိမ်ခန့် ဖြစ်ပွားခဲ့သည်။ ကျွန်ုပ်တို့ဘက်မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ပြီး နောက်တစ်ရက်တွင် သင်္ဂြိုဟ်ခဲ့သည်။ ယခုမှ ထုတ်ပြန်နိုင်ခြင်းမှာ ဆည်လေးတောမှ ဆားတောင်အထိ နယ်မြေအခြေအနေကြောင့်ဖြစ်သည်” ဟု Thunderbird People’s Defense Force (မိုးကြိုးငှက်အဖွဲ့ – စစ်ကိုင်း) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အောက်တိုဘာ ၁၀ ရက် နေ့လယ် ၂ နာရီခန့်တွင်လည်း လင်းယဥ်ရွာသစ်တွင် အကြမ်းဖက် စစ်တပ် နှင့် ၄၅ မိနစ်ခန့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး MA-2 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်တစ်ဦး လက်မောင်းတွင် ကျည်ထိမှန်ခဲ့ပြီး တပ်သားတစ်ဦးမှာ လည်း ပေါင်တွင် ကျည်ထိမှန်ခဲ့သည်။ ထို့အပြင် အကြမ်းဖက်စစ်တပ်သည် ညောင်ငုတ်တိုရွာအနီး တွင် ဒေသခံတစ်ဦးကို သတ်ဖြတ်ခဲ့သည်ဟု သိရသည်။ အဆိုပါတိုက်ခိုက်မှုများကို Thunderbird People’s Defense Force (မိုးကြိုးငှက်အဖွဲ့ – စစ်ကိုင်း)၊ ပဒူတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နှင့် နယ်မြေခံတော်လှန်ရေးအင်အားစုများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။...

Read More

အောက်တို (၁၃) သတင်းတိုပေါင်းချုပ်

မိုင်းလုံနှင့်မတူပီမြို့များတွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပွား၊ နေအိမ်နှင့်ဘုရားကျောင်း များပျက်စီး အောက်တို ၁၃ The Kaladan Post ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းလုံမြို့ရှိ လည်ကြီးနှင့်ပစီးကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံးကြဲတိုက်ခိုက်သဖြင့် နေအိမ် ၄ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။ ထို့အပြင် အောက်တိုဘာ ၁၁ ရက်နေ့တွင်လည်း တော့ဆန်ရွာမကျေးရွာအတွင်း ပေါင် ၂၅၀ ဗုံး ၂ လုံးကြဲချရာ နေအိမ်နှင့် ဘုန်းကြီးကျောင်းဇရပ် ပျက်စီးသွားခဲ့သည်။ တစ်ဖက်တွင် ချင်းပြည်နယ် မတူပီမြို့၌လည်း အောက်တိုဘာ ၁၀ ရက်ည စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရသည်။ တိုက်ပွဲမရှိသော်လည်း လေယာဉ်မှ ဗုံးကြဲချခြင်းဖြစ်ပြီး ဘုရားကျောင်းနှင့် မီးသတ်ရုံးအနီး နေအိမ်များ ထိခိုက်ခဲ့သည်။ စစ်တပ်က လက်ရှိတွင် မတိုင်မီ ရွေးကောက်ပွဲအတွက် ထိန်းချုပ်မှု နယ်မြေများ ပြန်လည်သိမ်းယူရေး လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများ တိုးမြှင့်ဆောင်ရွက်နေသည်ဟု သတင်းရင်းမြစ်များက ဖော်ပြသည်။ မင်းအောင်လှိုင်က စိုးဝင်းကို အဓိကအဖွဲ့အစည်းများမှ ဖယ်ထုတ်၊ ကျော်စွာလင်းနှင့် ညိုစောတို့အား တာဝန်ပိုင်းများ ပေးအပ် အောက်တို ၁၃ The Kaladan Post အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒုစစ်ခေါင်းဆောင် စိုးဝင်းကို အရေးပါသော အမျိုးသားအဆင့်ကော်မတီနှင့် ဗဟိုကော်မတီများ ၁၃ ခုခန့်မှ ဖယ်ထုတ်ပြီး ညိုစောနှင့် မင်းအောင်လှိုင်ကို ဦးဆောင်အဖြစ်...

Read More
en_USEnglish