Author: Salai

ဖေဖော်ဝါရီလ (၂၈) ရက် သတင်းတိုပေါင်းချုပ်

နွေဦးတော်လှန်ရေး အောင်မြင်ရေး စစ်ရေးပူးပေါင်းဆောင်ရွက်မှု ခိုင်မာလာရန် NUG နှင့် SRA တွေ့ဆုံဆွေးနွေး ဖေဖော် ၂၈ The Kaladan Post အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) တို့ ဗီဒီယိုကွန်ဖရင့်စ် (Zoom) မှတဆင့် ယမန်နေ့ ဖေဖော်ဝါရီ ၂၇ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး စစ်ရေးအရ ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်နိုင်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲတွင် NUG ၏ ဒေသအခြေပြု ကာကွယ်ရေးတပ်ဖွဲ့များဆိုင်ရာ မူဝါဒကို ရှင်းလင်းတင်ပြခဲ့ပြီး စစ်ဆင်ရေး၊ ထောက်လှမ်းရေး၊ နိုင်ငံရေး ဦးဆောင်မှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် SRA တွင် မပါဝင်သေးသော တပ်ဖွဲ့များနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများလည်း ရှိခဲ့ကာ NUG နှင့် SRA အကြား အပြန်အလှန် အသိအမှတ်ပြုမှု၊ ညီညွတ်ရေး တည်ဆောက်ရေး၊ ပဋိပက္ခများကို ညှိနှိုင်းဆွေးနွေးမှုဖြင့် ဖြေရှင်းရေး စသည်တို့ကို သဘောတူညီခဲ့ ကြောင်း သိရသည်။ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က တော်လှန်ရေး အင်အားစုများ စုစည်းညီညွတ်မှု ရှိလာပါက အကြမ်းဖက်စစ်တပ်ကို မနိုင်စရာ အကြောင်းမရှိ ဟု အလေးပေး ပြောကြားခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် စစ်တပ်ဘက်က သွေးခွဲခြင်း ဗျူဟာများကို ပိုမို အားစိုက်လာနိုင်သည့် အခြေအနေကြောင့် စစ်ရေး Join Command အဆင့် ပူးပေါင်းဆောင်ရွက်မှု...

Read More

Sweden တွင် ရှိနေသော Charles de Gaulle နား ချဉ်းကပ်ဒရုန်းကို Russia စေလွှတ်ခဲ့ဟု ဆို

ဖေဖေါ် ၂၈ The Kaladan Post   ပြင်သစ် ရေတပ်၏ လေယာဉ်တင် သင်္ဘောကြီး Charles de Gaulle နားသို့ ချဉ်းကပ်ပျံသန်းလာခဲ့သည့် ဒရုန်းတစ်စီးကို ရုရှားဘက်မှ စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း ဆွီဒင် စစ်တပ်က ထုတ်ပြန်ပြောကြားသည်။ Charles de Gaulle သင်္ဘောကြီးသည် NATO ၏ ပူးပေါင်း စစ်ရေးလေ့ကျင့်မှု တစ်ခုတွင် ပါဝင်ရန် ဆွီဒင်သို့ ပထမဆုံးအကြိမ် ရောက်ရှိနေခြင်းဖြစ်သည်။ ဖေဖော်ဝါရီ ၂၅ ရက်တွင် မယ်လ်မို ဆိပ်ကမ်းအနီး ရပ်နားထားစဉ် သင်္ဘောနှင့် ၁၃ ကီလိုမီတာခန့် အကွာအဝေးအထိ ချဉ်းကပ်လာသည့် ဒရုန်းတစ်စီးကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ပြင်သစ်စစ်တပ်က ထုတ်ပြန်ခဲ့သည်။ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုများအရ အဆိုပါ ဒရုန်းကို အနီးအနား ရေပြင်တွင် ရှိနေသော ရုရှား သူလျှိုသင်္ဘော Zhigulevsk မှ လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း ဆွီဒင် စစ်တပ်က ဆိုသည်။ ထို့အပြင် ဆွီဒင် ရေတပ်သင်္ဘောတစ်စီးက ဒရုန်းကို ထိန်းချုပ်နေသော ရေဒီယိုလှိုင်းများကို ကြားဖြတ်နှောင့်ယှက်မှု (jamming) နည်းလမ်းဖြင့် တုံ့ပြန်ဟန့်တားခဲ့ကြောင်းလည်း ဖော်ပြထားသည်။ သို့သော် ရုရှားအစိုးရက ဆွီဒင်ဘက်၏ စွပ်စွဲချက်များမှာ အခြေအနေမှန်မဟုတ်ကြောင်း ပြန်လည် ဝေဖန်ထားသည်။ ဖေဖော်ဝါရီ ၂၇ ရက်တွင် သင်္ဘောကြီးသို့ သွားရောက်ခဲ့သည့် ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး Jean-Noel Barrot က ဆွီဒင်၏ မြန်ဆန်ပြီး ထိရောက်သော တုံ့ပြန်ကိုင်တွယ်ပုံကို ချီးကျူး အသိအမှတ်ပြုခဲ့သည်။ မကြာသေးမီ...

Read More

Saudi Arabia နှင့် Qatar တို့ ကြားဝင်စေ့စပ်၍ Afghanistan – Pakistan ပဋိပက္ခ လျော့ချရန် ကြိုးပမ်း

ဖေဖေါ် ၂၈ The Kaladan Post   ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်ကြား စစ်ရေးတင်းမာမှုများ အရှိန်မြင့်လာနေသည့်အခြေအနေတွင် အာရပ်နိုင်ငံနှစ်နိုင်ငံဖြစ်သည့် ဆော်ဒီအာရေးဘီးယားနှင့် ကာတာတို့က ပဋိပက္ခ ပိုမိုဆိုးရွားမသွားမီ ကြားဝင်ညှိနှိုင်းပေးရန် အရေးတကြီး ကြိုးပမ်းလျက်ရှိကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ ယခုသီတင်းပတ်အတွင်း အာဖဂန်-ပါကစ္စတန် ဆက်ဆံရေးသည် စစ်ရေးအရ ပိုမိုတင်းမာလာခဲ့ပြီး ပါကစ္စတန်ဘက်မှ အာဖဂန်နယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆင်နွှဲခဲ့ခြင်းကြောင့် အပြန်အလှန် လက်တုံ့ပြန်မှုများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။ ပါကစ္စတန်က အာဖဂန်ဘက်မှ စစ်သွေးကြွအဖွဲ့များကို ခိုလှုံခွင့်ပေးထားသည်ဟု စွပ်စွဲထားသော်လည်း အာဖဂန်ဘက်က ငြင်းဆိုထားသည်။ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ပဋိပက္ခသည် နယ်စပ်ဒေသများကိုသာမက မြို့ကြီးများသို့ပါ ကူးစက်လာခဲ့ပြီး မြို့တော် ကဘူးလ်တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း အာဖဂန်ကို အုပ်ချုပ်နေသည့် တာလီဘန်အဖွဲ့က အတည်ပြုခဲ့သည်။ ပါကစ္စတန်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် ပါကစ္စတန် တာလီဘန်အဖွဲ့ကို အာဖဂန် တာလီဘန်အစိုးရက ကူညီထောက်ပံ့နေသည်ဟု ပါကစ္စတန်ဘက်မှ စွပ်စွဲထားပြီး ဖေဖော်ဝါရီ ၂၇ ရက်တွင် ပါကစ္စတန်အစိုးရက တာလီဘန် နှစ်ဖွဲ့လုံးနှင့် စစ်ဖြစ်နေပြီဟု သဘောထားထုတ်ပြန်ခဲ့သည်။ ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းနှင့် ၂၇ ရက် မနက်အစောပိုင်းတွင် ပါကစ္စတန်က ဆင်နွှဲခဲ့သည့် လေကြောင်းစစ်ဆင်ရေးများသည် ၂၀၂၁ ခုနှစ်တွင် တာလီဘန်များ အာဏာပြန်လည်ရယူခဲ့ပြီးနောက်ပိုင်း အာဖဂန် တာလီဘန်အစိုးရ ကြုံတွေ့ခဲ့သမျှအတွင်း အပြင်းထန်ဆုံးတိုက်ခိုက်မှုများဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။ အရှေ့အလယ်ပိုင်း သံတမန်သတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်အရ ဆော်ဒီနှင့် ကာတာတို့သည် အခြေအနေ ပိုမိုဆိုးရွားမသွားမီ...

Read More

Milan တွင် လျှပ်စစ်ရထား လမ်းချော်၍ အဆောက်အအုံ ဝင်တိုက်၊ လူ ၂ ဦး သေဆုံး၊ ၄၀ ခန့် ဒဏ်ရာရ

ဖေဖေါ် ၂၈ The Kaladan Post   Italy နိုင်ငံ မြောက်ပိုင်းရှိ မီလန်မြို့တွင် လျှပ်စစ်ရထား (Tram) တစ်စီး လမ်းချော်ကာ အဆောက်အအုံတစ်ခုကို ဝင်တိုက်ခဲ့သဖြင့် လူ ၂ ဦး သေဆုံးပြီး လူ ၄၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက အတည်ပြု ထုတ်ပြန်ခဲ့သည်။ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ မတော်တဆမှုသည် လူစည်ကားရာ ဧရိယာတစ်ခုဖြစ်သော ဗီယာလီ ဗစ်တိုရီယို ဗီနီတို (Viale Vittorio Veneto) နားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ခရီးသည် အများအပြား လိုက်ပါလာသည့် ရထားသည် သံလမ်းမှ ချော်ထွက်သွားပြီး မီးပွိုင့်တိုင်တစ်ခုကို ဦးစွာ ဝင်တိုက်ခဲ့ကာ ထို့နောက် အဆောက်အအုံအောက်ထပ်တွင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်ကို ထပ်မံ ဝင်တိုက်ခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်ကြောင့် ရထားစီး ခရီးသည်တစ်ဦးနှင့် လမ်းသွားလမ်းလာ တစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူအများစုမှာ ခရီးသည်များဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ပြောကြားသည်။ ဖြစ်စဉ်ကို ကိုယ်တွေ့ကြုံခဲ့သည့် ခရီးသည်တစ်ဦးက ရထားသည် ရုတ်တရက် အပြင်းအထန် တုန်ခါသွားပြီး ဝရုန်းသုန်းကား ဖြစ်သွားခဲ့ကြောင်း၊ ထိုအချိန်တွင် ငလျင်လှုပ်နေသည်ဟု ထင်မှတ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။ အခင်းဖြစ်ပြီးချိန်တွင် ကယ်ဆယ်ရေးအဖွဲ့များနှင့် အရေးပေါ်ဝန်ဆောင်မှုအဖွဲ့များ သွားရောက်ကူညီခဲ့ပြီး ဒဏ်ရာပြင်းထန်သူများကို ဆေးရုံများသို့ ပို့ဆောင်ကုသပေးခဲ့သည်။ ရထားသည် ထောင့်ချိုးတစ်နေရာတွင် အရှိန်မြင့်စွာ မောင်းနှင်နေစဉ် လမ်းချော်ခဲ့နိုင်ကြောင်း သတင်းများ ပျံ့နှံ့နေသော်လည်း အာဏာပိုင်များက မတော်တဆဖြစ်ရခြင်း၏ အကြောင်းရင်းကို...

Read More

စနိုက်ပါရိုင်ဖယ် စမ်းသပ်ပစ်ခတ်နေသည့် Kim Ju Ae ဓာတ်ပုံကို North Korea ထုတ်ပြ

ဖေဖေါ် ၂၈ The Kaladan Post   မြောက်ကိုရီးယား နိုင်ငံခေါင်းဆောင် Kim Jong Un ၏ သမီးဖြစ်သူဟု ယူဆထားသည့် ကင်မ်ဂျူအေးက စနိုက်ပါ ရိုင်ဖယ်တစ်လက်ကို စမ်းသပ်ပစ်ခတ်နေသည့် ဓာတ်ပုံများကို မြောက်ကိုရီးယား အစိုးရ မီဒီယာများက ဖော်ပြခဲ့သည်။ သတင်းထုတ်ပြန်မှုများနှင့် ပတ်သက်၍ တင်းကျပ်စွာ ထိန်းချုပ်လေ့ရှိသည့် မြောက်ကိုရီးယားအနေဖြင့် ထုတ်ပြန်သည့် ဓာတ်ပုံတိုင်းတွင် နိုင်ငံရေးအဓိပ္ပါယ် တစ်စုံတစ်ရာ ပါဝင်နိုင်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။ ယခု ထုတ်ပြန်မှုကိုတော့ ကင်မ်ဂျူအေးအား လူလားမြောက် အရွယ်ရောက်လာပြီဟု သတ်မှတ်ဖော်ပြလိုသည့် သဘောထားတစ်ရပ်အဖြစ် အချို့က မြင်ယူနေကြသည်။ မြောက်ကိုရီးယား အစိုးရသတင်းဌာနဖြစ်သည့် Korean Central News Agency (KCNA) သည် အဆိုပါ မိန်းကလေးအား “ခေါင်းဆောင်ကြီး၏ ချစ်လှစွာသော သမီး” ဟူ၍သာ ရည်ညွှန်းလေ့ရှိပြီး နာမည်ရင်းကို တရားဝင် ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပါ။ သို့သော် South Korea ထောက်လှမ်းရေးအဖွဲ့များက သူမ၏ အမည်မှာ ကင်မ်ဂျူအေး ဖြစ်နိုင်ကြောင်း ယုံကြည်ထားကြသည်။ သူမသည် ဖခင်၏ အာဏာကို ဆက်ခံနိုင်မည့် အနာဂတ်ခေါင်းဆောင်တစ်ဦးအဖြစ် ထင်ကြေးပေးမှုများလည်း ရှိနေသည်။ အသက်အရွယ်ကို တရားဝင် မဖော်ပြထားသော်လည်း ၁၅ နှစ် မပြည့်သေးဟု ကျယ်ပြန့်စွာ ယူဆထားကြသည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင် KCNA ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံများတွင် ကင်မ်ဂျူအေးက စနိုက်ပါ ရိုင်ဖယ်ကို အကျအန ချိန်ရွယ်ပစ်ခတ်နေသည့် မြင်ကွင်းများ...

Read More
en_USEnglish