Author: Salai

အီရန်စစ်ပွဲကြောင့် ထိုင်း လောင်စာဆီတင်ပို့မှု ရပ်ဆိုင်း

မတ် ၂ The Kaladan Post   အီရန်နှင့် အမေရိကန်–အစ္စရေး တင်းမာမှုများ မြင့်တက်နေသည့် အခြေအနေကြောင့် ထိုင်းအစိုးရက ပြည်တွင်း စွမ်းအင်ဖူလုံမှု မထိခိုက်စေရန် အရေးပေါ်အစီအမံများ စတင်ကျင့်သုံးလိုက်ပါသည်။ ထိုင်း စွမ်းအင်ဝန်ကြီး Pirapan Salirathavibhaga က လာမည့် ရက်ပေါင်း ၆၀ အတွက် စွမ်းအင်လုံလောက်မှု ရှိစေရန် ရည်ရွယ်သည့် မူဝါဒများကို မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ချက်ချင်းအသက်ဝင်သည့် ဆုံးဖြတ်ချက်အရ — ▪ ဓာတ်ဆီ၊ ရေနံနှင့် ဆက်စပ်ထုတ်ကုန်များကို ပြည်ပတင်ပို့မှု ရပ်ဆိုင်းခြင်း ▪ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများကို စွမ်းအားအပြည့် လည်ပတ်စေခြင်း ▪ လောင်စာစျေးနှုန်း မြင့်တက်ပါက အမျိုးသား လောင်စာရန်ပုံငွေ အသုံးပြု၍ ထိန်းညှိရန် ပြင်ဆင်ထားခြင်း ထိုင်းနိုင်ငံမှ လောင်စာဆီကို မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတို့ ဝယ်ယူနေကြသဖြင့် ယခု ဆုံးဖြတ်ချက်သည် ဒေသတွင်း စျေးကွက်အပေါ် သက်ရောက်မှုရှိနိုင်ပါသည်။ ထိုင်းအစိုးရသည် Strait of Hormuz ပိတ်သွားနိုင်ခြေကိုလည်း စိုးရိမ်ထားပါသည်။ ဟောမုဇ်ရေလက်ကြားသည် ကမ္ဘာလုံးဆိုင်ရာ ရေနံတင်ပို့မှု စုစုပေါင်း၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းသည့် အရေးကြီးသော ရေလမ်းကြောင်း ဖြစ်ပါသည်။ ထိုင်းနိုင်ငံသည် လက်ရှိတွင် ရေနံနှင့် လောင်စာ လီတာ သန်းပေါင်း ၇၆၆၀ ခန့် စုဆောင်းထားပြီး အကျပ်အတည်း ကာလ ရက်ပေါင်း ၆၀ အတွက် လုံလောက်မည်ဟု ဆိုပါသည်။ ထို့အပြင်...

Read More

ကဘူးလ်မြို့ လေပိုင်နက်ကျူးကျော်တိုက်ခိုက်မှုအပေါ် ပါကစ္စတန် လေယာဉ်များကို တုံ့ပြန်ပစ်ခတ်ခဲ့ကြောင်း အာဖဂန် တာလီဘန်အစိုးရ ပြော

မတ် ၂ The Kaladan Post ကဘူးလ်မြို့ လေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်လာခဲ့သည့် ပါကစ္စတန် တိုက်လေယာဉ်များကို တုံ့ပြန်ပစ်ခတ်ခဲ့ကြောင်း အာဖဂန်နိုင်ငံကို လက်ရှိ အုပ်ချုပ်နေသည့် Afghan Taliban အစိုးရဘက်မှ ထုတ်ပြန်ကြေညာခဲ့သည်။ အာဖဂန် တာလီဘန်အစိုးရ၏ ပြောကြားချက်အရ မတ်လ ၁ ရက်နေ့တွင် ပါကစ္စတန် ဂျက်တိုက်လေယာဉ်များက Kabul မြို့တော်အတွင်းရှိ အစိုးရရုံးအချို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။ ထိုသို့ လေကြောင်းမှ တိုက်ခိုက်မှုများ ဖြစ်ပွားလာသည့်အတွက် အာဖဂန်ဘက်မှ လက်တုံ့ပြန် ပစ်ခတ်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ မြို့ခံများကလည်း ပစ်ခတ်သံများနှင့် ပေါက်ကွဲသံများ ကြားနေရကြောင်း အတည်ပြုခဲ့ကြသည်။ တစ်ဖက်တွင် Pakistan အစိုးရကတော့ အာဖဂန်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲချက်များကို ငြင်းဆိုထားပြီး အာဖဂန် ပိုင်နက်အတွင်း လုပ်ဆောင်ခဲ့သည့် စစ်ဆင်ရေးများမှာ စစ်သွေးကြွ အဖွဲ့အစည်းများကိုသာ ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။ ပါကစ္စတန်ဘက်မှ အစဉ်တစိုက် စွပ်စွဲထားသည့်အချက်အရ အာဖဂန် တာလီဘန်အစိုးရသည် ပါကစ္စတန် တာလီဘန်အပါအဝင် စစ်သွေးကြွ အဖွဲ့အစည်းများကို ခိုလှုံခွင့်ပေးထားကြောင်း ဆိုထားပြီး ယင်းကိစ္စကြောင့် နှစ်နိုင်ငံကြား စစ်ရေးတင်းမာမှုများ မြင့်တက်လာခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ပါကစ္စတန်ဘက်မှ အာဖဂန် ပိုင်နက်အတွင်းရှိ စစ်သွေးကြွပစ်မှတ်များဟု စွပ်စွဲထားသည့် နေရာများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာမှ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး စစ်ရေးပဋိပက္ခ ပိုမိုတင်းမာလာခဲ့သည်။ ထို့နောက် ပါကစ္စတန်ဘက်က အာဖဂန် တာလီဘန်များအပေါ် အလုံးစုံ စစ်ဆင်ရေးဆောင်ရွက်မည်ဟု...

Read More

မတ်လ (၁) ရက် သတင်းတိုပေါင်းချုပ်

စစ်ကိုင်းမြို့ပေါ်တွင် စစ်တပ်က လူငယ် ၂၀၀ ကျော် ပေါ်တာဆွဲဖမ်းဆီးပြီး နမခ သို့ ပို့ဆောင် မတ် ၁ The Kaladan Post စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ အချက်အချာကျသော နေရာများနှင့် ရပ်ကွက်များတွင် စစ်တပ်က ဖေဖော်ဝါရီ ၂၅ ရက်မှ ၂၈ ရက်အထိ ၄ ရက်ဆက်တိုက် ဝင်ရောက်စီးနင်းကာ လူငယ် ၂၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ လမ်းဆုံများ၊ ရထားဘူတာ၊ ကားဂိတ်၊ စစ်ကိုင်းတံတားဂိတ်၊ စစ်ကိုင်းနှာပေါက်နှင့် တပ်မ ၃၃ အနီးရှိ ရပ်ကွက်များတွင် ဧည့်စာရင်းစစ်ဆေး ခြင်း၊ လမ်းသွားလမ်းလာများကို ပိတ်ဆို့ ရှာဖွေခြင်းများ ပြုလုပ်ခဲ့ပြီး အသက် ၂၅ မှ ၃၅ နှစ်ဝန်းကျင် အမျိုးသားလူငယ်များကို အဓိက ပစ်မှတ်ထားဖမ်းဆီးခဲ့ကာ မိသားစုနှင့် တွေ့ဆုံခွင့်မပေးဘဲ ငွေကြေး ဖြင့် ပြန်ရွေးယူခွင့်လည်း သတင်းရင်းမြစ်က ပြောဆိုသည်။ ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းတွင် ဖမ်းဆီးခံ လူငယ်များကို တပ်မ ၃၃ မှတစ်ဆင့် ၁၀ ဘီးကားများ၊ သံပြားကာကားများနှင့် မိုးကာအုပ်တွဲကားများ ပါဝင်သော ယာဉ်တန်းဖြင့် မုံရွာမြို့ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ လက်ရှိ စစ်ကိုင်းမြို့အတွင်း စစ်တပ်၏ စစ်ဆေးမှုများ ပိုမိုတင်းကျပ်လာသဖြင့် လူငယ်များ သွားလာရ ခက်ခဲနေသည့်အပြင် စိုးရိမ်ထိတ်လန့်မှု မြင့်တက်နေပြီး မတ်လအတွင်း ဖွင့်လျှစ်မည့် အပတ်စဉ်...

Read More

ဖေဖော်ဝါရီလ (၂၈) ရက် သတင်းတိုပေါင်းချုပ်

နွေဦးတော်လှန်ရေး အောင်မြင်ရေး စစ်ရေးပူးပေါင်းဆောင်ရွက်မှု ခိုင်မာလာရန် NUG နှင့် SRA တွေ့ဆုံဆွေးနွေး ဖေဖော် ၂၈ The Kaladan Post အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) တို့ ဗီဒီယိုကွန်ဖရင့်စ် (Zoom) မှတဆင့် ယမန်နေ့ ဖေဖော်ဝါရီ ၂၇ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး စစ်ရေးအရ ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်နိုင်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲတွင် NUG ၏ ဒေသအခြေပြု ကာကွယ်ရေးတပ်ဖွဲ့များဆိုင်ရာ မူဝါဒကို ရှင်းလင်းတင်ပြခဲ့ပြီး စစ်ဆင်ရေး၊ ထောက်လှမ်းရေး၊ နိုင်ငံရေး ဦးဆောင်မှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် SRA တွင် မပါဝင်သေးသော တပ်ဖွဲ့များနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများလည်း ရှိခဲ့ကာ NUG နှင့် SRA အကြား အပြန်အလှန် အသိအမှတ်ပြုမှု၊ ညီညွတ်ရေး တည်ဆောက်ရေး၊ ပဋိပက္ခများကို ညှိနှိုင်းဆွေးနွေးမှုဖြင့် ဖြေရှင်းရေး စသည်တို့ကို သဘောတူညီခဲ့ ကြောင်း သိရသည်။ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က တော်လှန်ရေး အင်အားစုများ စုစည်းညီညွတ်မှု ရှိလာပါက အကြမ်းဖက်စစ်တပ်ကို မနိုင်စရာ အကြောင်းမရှိ ဟု အလေးပေး ပြောကြားခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် စစ်တပ်ဘက်က သွေးခွဲခြင်း ဗျူဟာများကို ပိုမို အားစိုက်လာနိုင်သည့် အခြေအနေကြောင့် စစ်ရေး Join Command အဆင့် ပူးပေါင်းဆောင်ရွက်မှု...

Read More

Sweden တွင် ရှိနေသော Charles de Gaulle နား ချဉ်းကပ်ဒရုန်းကို Russia စေလွှတ်ခဲ့ဟု ဆို

ဖေဖေါ် ၂၈ The Kaladan Post   ပြင်သစ် ရေတပ်၏ လေယာဉ်တင် သင်္ဘောကြီး Charles de Gaulle နားသို့ ချဉ်းကပ်ပျံသန်းလာခဲ့သည့် ဒရုန်းတစ်စီးကို ရုရှားဘက်မှ စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း ဆွီဒင် စစ်တပ်က ထုတ်ပြန်ပြောကြားသည်။ Charles de Gaulle သင်္ဘောကြီးသည် NATO ၏ ပူးပေါင်း စစ်ရေးလေ့ကျင့်မှု တစ်ခုတွင် ပါဝင်ရန် ဆွီဒင်သို့ ပထမဆုံးအကြိမ် ရောက်ရှိနေခြင်းဖြစ်သည်။ ဖေဖော်ဝါရီ ၂၅ ရက်တွင် မယ်လ်မို ဆိပ်ကမ်းအနီး ရပ်နားထားစဉ် သင်္ဘောနှင့် ၁၃ ကီလိုမီတာခန့် အကွာအဝေးအထိ ချဉ်းကပ်လာသည့် ဒရုန်းတစ်စီးကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ပြင်သစ်စစ်တပ်က ထုတ်ပြန်ခဲ့သည်။ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုများအရ အဆိုပါ ဒရုန်းကို အနီးအနား ရေပြင်တွင် ရှိနေသော ရုရှား သူလျှိုသင်္ဘော Zhigulevsk မှ လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း ဆွီဒင် စစ်တပ်က ဆိုသည်။ ထို့အပြင် ဆွီဒင် ရေတပ်သင်္ဘောတစ်စီးက ဒရုန်းကို ထိန်းချုပ်နေသော ရေဒီယိုလှိုင်းများကို ကြားဖြတ်နှောင့်ယှက်မှု (jamming) နည်းလမ်းဖြင့် တုံ့ပြန်ဟန့်တားခဲ့ကြောင်းလည်း ဖော်ပြထားသည်။ သို့သော် ရုရှားအစိုးရက ဆွီဒင်ဘက်၏ စွပ်စွဲချက်များမှာ အခြေအနေမှန်မဟုတ်ကြောင်း ပြန်လည် ဝေဖန်ထားသည်။ ဖေဖော်ဝါရီ ၂၇ ရက်တွင် သင်္ဘောကြီးသို့ သွားရောက်ခဲ့သည့် ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး Jean-Noel Barrot က ဆွီဒင်၏ မြန်ဆန်ပြီး ထိရောက်သော တုံ့ပြန်ကိုင်တွယ်ပုံကို ချီးကျူး အသိအမှတ်ပြုခဲ့သည်။ မကြာသေးမီ...

Read More

Recent Comments

No comments to show.

Subscribe

en_USEnglish