Author: Salai

မတ် ၃ The Kaladan Post   အမေရိကန်သည် အမြဲတမ်း စစ်တိုက်နေရမည်ဆိုပါကလည်း လုံလောက်သော လက်နက်ခဲယမ်းအင်အားများ စုဆောင်းထားပြီး ဖြစ်ကြောင်း အမေရိကန် သမ္မတ Donald Trump က ပြောကြားခဲ့သည်။ သူ၏ လူမှုကွန်ရက်ဖြစ်သော Truth Social တွင် ရေးသားထားရာတွင် အမေရိကန်က သိုလှောင်ထားသည့် အလယ်အလတ်တန်းစား သို့မဟုတ် ထိုထက် အနည်းငယ် အဆင့်မြင့်သည့် စစ်လက်နက်စနစ်များနှင့် ခဲယမ်းမီးကျောက်များကိုသာ အသုံးပြုပါကပင် ရေရှည်စစ်ဆင်ရေးများ ဆက်လက် ဆောင်ရွက်နိုင်မည်ဟု ဖော်ပြခဲ့သည်။ ထိုသို့ဆိုရသည့်အကြောင်းမှာ အမေရိကန်တွင် စစ်လက်နက်အင်အား အကန့်အသတ်မရှိလောက်အောင် စုဆောင်းထားနိုင်ခဲ့ကြောင်းလည်း ထရမ့်က ဆိုသည်။ လက်ရှိဖြစ်ပွားနေသည့် အီရန်နှင့် စစ်ရေးပဋိပက္ခသည် ရေရှည်ကြာမြင့်နိုင်ကြောင်း သုံးသပ်ချက်များ ထွက်ပေါ်နေချိန်တွင် ထရမ့်က ယခုကဲ့သို့ တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယခင်ကလည်း ၎င်းက အီရန်နှင့် စစ်ပွဲကို သီတင်းလေးပတ် မပြည့်မီ အဆုံးသတ်နိုင်စေမည်ဟု ပြောဆိုထားခဲ့ဖူးသည်။ ထို့အပြင် ၎င်းမတိုင်မီ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် Joe Biden အား အမေရိကန်၏ အဆင့်မြင့် စစ်လက်နက်များကို ယူကရိန်းသို့ အလွန်အကျွံ ထောက်ပံ့ခဲ့ကြောင်း စွပ်စွဲ ဝေဖန်ခဲ့သည်။ ဘိုင်ဒန် အာဏာသက်တမ်းအတွင်း အမေရိကန်သည် ယူကရိန်းအတွက် အရေးအကြီးဆုံး စစ်ရေးထောက်ပံ့သူ မဟာမိတ်နိုင်ငံအဖြစ် ရပ်တည်ခဲ့ပြီး ATACMS တာဝေးပစ် ဒုံးကျည်များကို ရုရှားပိုင်နက်အတွင်း အသုံးပြုခွင့်ပေးခဲ့ကြောင်းလည်း သိရသည်။ တူရကီအခြေစိုက် သတင်းဌာန Anadolu Agency ၏ ဖော်ပြချက်အရ...

Read More

အီရန်၏ ဒရုန်းတင် သင်္ဘော “Shahid Bagheri” ကို စစ်ပွဲပထမနေ့တွင် နှစ်မြှုပ်ခဲ့ဟု အမေရိကန် CENTCOM ထုတ်ပြန်

မတ် ၃ The Kaladan Post   အီရန်ရေတပ်ပိုင် ဒရုန်းတင် သင်္ဘောကြီးကို စစ်ပွဲ ပထမဆုံးနေ့အတွင်း ဖျက်ဆီး နှစ်မြှုပ်နိုင်ခဲ့ကြောင်း အမေရိကန် စစ်ရေးကွပ်ကဲမှု ဗဟိုဌာန United States Central Command (CENTCOM) က ထုတ်ပြန်ကြေညာခဲ့သည်။ မတ်လ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ အစ္စရေးနှင့် ပူးပေါင်း ဆင်နွှဲနေသည့် “Epic Fury” စစ်ဆင်ရေး၏ ပထမနေ့တွင် အီရန်ရေတပ်၏ အကြီးဆုံး ရေယာဉ်တစ်စီးဖြစ်သော ဒရုန်းတင် သင်္ဘော IRIS Shahid Bagheri ကို ဖျက်ဆီး နှစ်မြှုပ်ခဲ့ကြောင်း ဖော်ပြထားသည်။ အီရန်မီဒီယာအချို့က အမေရိကန် လေယာဉ်တင်သင်္ဘောတစ်စီးကို ပစ်ခတ် နှစ်မြှုပ်နိုင်ခဲ့ကြောင်း သတင်းများ ထုတ်လွှင့်ခဲ့ပြီးနောက် CENTCOM ဘက်မှ ယင်းသတင်းများသည် မှားယွင်းသည့် အချက်အလက်များဖြစ်ကြောင်း တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ အမှန်တကယ် ဖြစ်ပွားခဲ့သည်မှာ အီရန်ဘက်၏ တစ်ခုတည်းသော ဒရုန်းတင် သင်္ဘောဖြစ်သည့် Shahid Bagheri ကိုသာ စစ်ဆင်ရေး၏ ပထမဆုံး နာရီပိုင်းအတွင်း ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း CENTCOM က ဆိုသည်။ အမေရိကန် သမ္မတ Donald Trump ကလည်း ဖေဖော်ဝါရီ ၂၈ ရက်နေ့ စစ်ဆင်ရေး စတင်ပြီး ၂၄ နာရီအတွင်း အီရန်ရေတပ် သင်္ဘော ၉ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း အစောပိုင်းတွင် ပြောကြားထားသည်။ Shahid Bagheri သည် အီရန်၏...

Read More

မတ်လ (၂) ရက် သတင်းတိုပေါင်းချုပ်

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၇,၃၃၇ ဦး လွတ်ငြိမ်းခွင့်ရရှိ မတ် ၂ The Kaladan Post ပြည်ထောင်စုသမ္မတမြန်မာနိုင်ံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ် မတ်လ ၂ ရက် တောင်သူလယ်သမားနေ့ အခါသမယတွင် လွတ်ငြိမ်းခွင့် အမိန့် ၅ ရပ် ထုတ်ပြန်သည်။ ထိုအမိန့်များတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) (အကြမ်းဖက်အဖွဲ့အစည်းများသို့ ငွေကြေးထောက်ပံ့မှု ပုဒ်မ) နှင့် ပုဒ်မ ၅၂(က) (အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ပေးမှု ပုဒ်မ) ဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/အကျဉ်းသူ ၇,၃၃၇ ဦးကို ခံဝန်ချက်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလုပ်ခဲ့ပြီး၊ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခင်ပြစ်ဒဏ်များကို စုပေါင်းကျခံရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။အဆိုပါပုဒ်မများဖြင့် တရားစွဲဆိုထားသူ၊ ထွက်ပြေးတိမ်းရှောင်နေသူ စုစုပေါင်း ၁၂,၄၈၇ ဦးကိုလည်း အမှုရုပ်သိမ်းပြီး လွတ်ငြိမ်းခွင့် ပေးအပ်ခဲ့ကြောင်းလည်း ၎င်းထုတ်ပြန် ချက်တွင် ပါဝင်သည်။ အပြင်အဆင်အဖြစ် အခြားပြစ်မှုများဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/ အကျဉ်းသူ ၂,၈၂၅ ဦး၊ နိုင်ငံခြားသား ၁၀ ဦးကိုလည်း ခံဝန်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး၊ ကျန်အကျဉ်း သားများအား ပြစ်ဒဏ်၏ ၆ ပုံ၁ပုံ လျှော့ချပေးမည်ဟု ကြေညာထားသည်။ ဖလမ်းမြို့နယ် လုမ်းဘန်ကျေးရွာကို စစ်တပ်၏ လေကြောင်း ဗုံးကြဲမှုကြောင့် နေအိမ်များပျက်စီး မတ် ၂ The Kaladan Post ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ လုမ်းဘန်ကျေးရွာကို ယမန်နေ့ မတ်လ...

Read More

အီရန်စစ်ပွဲအတွင်း အမေရိကန်တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံး၊ “အပြင်းထန်ဆုံး လက်တုံ့ပြန်မည်” ဟု သမ္မတ ထရမ့် ကြွေးကြော်

မတ် ၂ The Kaladan Post   လက်ရှိ ဖြစ်ပွားနေသည့် အီရန်နှင့် စစ်ရေးပဋိပက္ခအတွင်း အမေရိကန်တပ်ဖွဲ့ဝင်များဘက်မှ ပထမဆုံး အသေအပျောက်များ ဖြစ်ပေါ်လာပြီဖြစ်ကြောင်း အမေရိကန်စစ်တပ်က တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့က စတင်ခဲ့သည့် စစ်ဆင်ရေးအစပိုင်းတွင် အမေရိကန်ဘက်မှ ထိခိုက်သေဆုံးမှု မရှိခဲ့သော်လည်း မတ်လ ၁ ရက်နေ့တွင် အမေရိကန်စစ်သည် ၃ ဦး ကျဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် အခြား တပ်ဖွဲ့ဝင်တချို့လည်း ပေါက်ကွဲမှုကြောင့် အပျက်အစီးအစအနများ လွင့်စင်ထိခိုက်သဖြင့် ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြသည်။ သေဆုံးထိခိုက်မှုများ ဖြစ်ပွားခဲ့သည့် နေရာကို အမေရိကန်စစ်တပ်ဘက်မှ အသေးစိတ် မထုတ်ပြန်သော်လည်း သတင်းရင်းမြစ်အချို့အရ Kuwait နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။ ဤဖြစ်စဉ်နှင့် ပတ်သက်၍ အမေရိကန် သမ္မတ Donald Trump သည် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှ ဗီဒီယိုတစ်ခုတင်ကာ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု ကြေညာခဲ့သည်။ ကျဆုံးသွားသည့် အမေရိကန်စစ်သည်များအတွက် အီရန်ကို “အပြင်းထန်ဆုံး လက်စားချေ ထိုးနှက်မည်” ဟု ကြွေးကြော်ပြောဆိုခဲ့သည်။ အီရန်နှင့်ပတ်သက်သည့် အမေရိကန်၏ စစ်ရေးရည်မှန်းချက်များ ပြည့်စုံအောင်မြင်သည့်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရှေ့ဆက်၍ အမေရိကန်တပ်ဖွဲ့ဝင်များအကြား အသေအပျောက်များ ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်းလည်း ကြိုတင် သတိပေးထားသည်။ ယင်းစစ်ဆင်ရေးသည် လက်ရှိ အမေရိကန်ပြည်သူများ၏ လုံခြုံရေးအတွက်သာမက နောင်လာမည့် မျိုးဆက်များ၏ အနာဂတ်လုံခြုံရေးအတွက်...

Read More

အရှေ့အလယ်ပိုင်းတစ်ဝှမ်းရှိ အမေရိကန်နှင့် မဟာမိတ် စစ်ရေးပစ်မှတ်များကို အီရန် အရှိန်မြှင့် လက်တုံ့ပြန်တိုက်ခိုက်

မတ် ၂ The Kaladan Post   အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်း၍ အီရန်ကို စတင်တိုက်ခိုက်ခဲ့သည်ဟု သတင်းများထွက်ပေါ်လာပြီး နှစ်ရက်အကြာတွင် အရှေ့အလယ်ပိုင်းဒေသအနှံ့ရှိ အမေရိကန် စစ်စခန်းများနှင့် အစ္စရေး စစ်ရေးပစ်မှတ်များကို အီရန်ဘက်မှ အရှိန်မြှင့် လက်တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ စစ်ပွဲ ဒုတိယနေ့ဖြစ်သော မတ်လ ၁ ရက်နေ့တွင် အမေရိကန် စစ်သည် ၃ ဦး သေဆုံးခဲ့ကြောင်း Donald Trump က အတည်ပြု ပြောကြားခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန် စစ်စခန်းများ လက်ခံထားသည့် အာရပ်နိုင်ငံများလည်း အီရန်၏ ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများကို လေကြောင်းကာကွယ်ရေးစနစ်များဖြင့် ကြားဖြတ်ဟန့်တားနေရကြောင်း သိရသည်။ တိုက်ခိုက်မှုခံခဲ့ရသည့် နိုင်ငံများအနက် Qatar၊ Bahrain၊ Kuwait၊ United Arab Emirates၊ Iraq နှင့် Jordan တို့ ပါဝင်ခဲ့သည်။ ကာတာနိုင်ငံတွင် တည်ရှိသည့် အမေရိကန် စစ်ရေးဗဟိုကွပ်ကဲမှုဌာန United States Central Command (CENTCOM) ၏ အခြေစိုက်စခန်းဖြစ်သော Al Udeid Air Base သည် အီရန်မှ ပစ်လွှတ်သည့် ဒရုန်းနှင့် ဒုံးကျည်များကို ကြားဖြတ် ပစ်ချနေရကြောင်း အတည်ပြုခဲ့သည်။ ဘာရိန်းနိုင်ငံရှိ အမေရိကန် အမှတ် ၅ ရေတပ်မကြီး ဌာနချုပ်စခန်းမှာလည်း အီရန် ဒုံးကျည်ထိမှန်ခဲ့ပြီး အချို့ အပျက်အစီးများ ရှိခဲ့ကြောင်း သိရသည်။ ကူဝိတ်နိုင်ငံရှိ Ali...

Read More

Recent Comments

No comments to show.

Subscribe

en_USEnglish