ညှိနှိုင်းရန် အချိန်ကျော်လွန်နေပြီဟု ထရမ့် ပြောကြား
မတ် ၄ The Kaladan Post အမေရိကန်နှင့် အစ္စရေး ပူးပေါင်းစစ်ဆင်ရေး စတင်ခဲ့ပြီး သုံးရက်ကျော်အကြာတွင် အီရန်ဘက်မှ ဆွေးနွေးညှိနှိုင်းရန် ကြိုးပမ်းနေကြောင်း သိရသော်လည်း ယခုအချိန်တွင် အီရန်အတွက် အချိန်နောက်ကျသွားပြီဟု အမေရိကန် သမ္မတ Donald Trump က ပြောကြားခဲ့သည်။ Donald Trump သည် ၎င်း၏ ကိုယ်ပိုင် လူမှုကွန်ရက်ပလက်ဖောင်းဖြစ်သည့် Truth Social တွင် အီရန်သည် အမေရိကန်နှင့် ဆက်သွယ်ဆွေးနွေးရန် ကြိုးစားလာကြောင်း ရေးသားထားသော်လည်း လက်ရှိအခြေအနေတွင် ဆွေးနွေးမှုစတင်ရန် အချိန်လွန်သွားပြီဟု မှတ်ချက်ပြုခဲ့သည်။ ထို့အပြင် အီရန်၏ လေတပ်၊ လေကြောင်းကာကွယ်ရေးစနစ်၊ ရေတပ်နှင့် ခေါင်းဆောင်မှုစွမ်းအားများ အလွန်အမင်း ထိခိုက်ဆုံးရှုံးခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။ မူလက စစ်ဆင်ရေးကို လေးပတ်ခန့်သာ ကြာမြင့်မည်ဟု ခန့်မှန်းခဲ့သော်လည်း လိုအပ်ပါက ပိုမိုရှည်လျားသည့် စစ်ရေးပြင်ဆင်မှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း ထရမ့်က ထပ်မံဖော်ပြခဲ့သည်။ လက်ရှိ စစ်မြေပြင်အခြေအနေအရ အမေရိကန်နှင့် အစ္စရေးတို့က အီရန်၏ စစ်ရေးပစ်မှတ်များကို ဆက်လက်တိုက်ခိုက်နေသလို အီရန်ဘက်မှလည်း အမေရိကန် မဟာမိတ် နိုင်ငံများနှင့် အစ္စရေးပိုင်နက်အတွင်းရှိ စစ်စခန်းများနှင့် အခြေခံအဆောက်အအုံများကို ဒရုန်းနှင့် ဒုံးကျည်များဖြင့် တုံ့ပြန်တိုက်ခိုက်နေသည်။ စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းဒေသတလျား လူအသေအပျောက်များ မြင့်တက်နေပြီး အီရန် လခြမ်းနီအသင်း၏ ထုတ်ပြန်ချက်အရ ပြည်တွင်း၌ အနည်းဆုံး လူ ၇၈၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ထရမ့်က ၎င်းအား အစ္စရေးဘက်မှ စစ်တိုက်ရန် ဖိအားပေးခဲ့သည်ဟူသော...
Read More