အမေရိကန် လွှတ်တော်အတွင်း အီရန်စစ်ပွဲ ဆန့်ကျင်ဆန္ဒပြသည့် မရိန်းစစ်သားဟောင်းတစ်ဦးကို ရဲတပ်ဖွဲ့က အင်အားသုံး ဖယ်ရှား
မတ် ၅ The Kaladan Post အမေရိကန် အထက်လွှတ်တော်အတွင်း ကျင်းပနေသည့် အီရန်စစ်ပွဲနှင့် ပတ်သက်သော ကြားနာမှုတစ်ခုတွင် စစ်ပွဲကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့သည့် အမျိုးသားတစ်ဦးကို လွှတ်တော်ရဲတပ်ဖွဲ့က အင်အားသုံး ဆွဲထုတ်ဖယ်ရှားခဲ့ကြောင်း သိရသည်။ မတ်လ ၄ ရက်နေ့က ဖြစ်ပွားခဲ့သော အဆိုပါဖြစ်စဉ်တွင် အသက် ၄၄ နှစ်အရွယ် ဘရိုင်ယန် မက်ဂင်းနစ်က ကြားနာပွဲအတွင်း ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ၎င်းကို ဖယ်ရှားရာတွင် အထက်လွှတ်တော်အမတ် တင်မ်ရှီဟီကလည်း ရဲတပ်ဖွဲ့ဝင်များကို ဝိုင်းဝန်းကူညီခဲ့သည်။ အဆိုပါ အမျိုးသားသည် ရဲတပ်ဖွဲ့ဝင်များကို ပြန်လည်ရန်မူရန် ကြိုးပမ်းခဲ့သဖြင့် အခြေအနေကို ထိန်းသိမ်းနိုင်ရန်အတွက် မိမိက ဝင်ရောက်ကူညီခဲ့ခြင်းဖြစ်ကြောင်း အမတ်ဖြစ်သူ ရှီဟီက လူမှုကွန်ရက် X တွင် ရေးသားထားပါသည်။ ဖမ်းဆီးခံရသူ ဘရိုင်ယန် မက်ဂင်းနစ်သည် ဂရင်းပါတီ (Green Party) ကိုယ်စားပြု အမတ်လောင်းတစ်ဦးဖြစ်သလို မရိန်းတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးလည်း ဖြစ်ကြောင်း လွှတ်တော်ရဲတပ်ဖွဲ့က အတည်ပြုထားသည်။ ၎င်းသည် ရဲအရာရှိများကို ရန်မူမှု၊ ဖမ်းဆီးမှုကို ခုခံမှုနှင့် ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြမှုတို့ဖြင့် တရားစွဲဆိုခံရမည်ဖြစ်ပြီး အဆိုပါ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုအတွင်း ရဲအရာရှိ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မက်ဂင်းနစ်သည် ကြားနာပွဲမတိုင်မီ ၎င်း၏ လူမှုကွန်ရက်တွင် ဗီဒီယိုတစ်ခု တင်ခဲ့ပြီး နိုင်ငံရေးသမားများအနေဖြင့် ကမ္ဘာစစ်ဖြစ်လာနိုင်မည့် အခြေအနေများသို့ စစ်မှုထမ်းများကို အဘယ်ကြောင့် တွန်းပို့နေသနည်းဆိုသည်ကို လွှတ်တော်တွင် မေးခွန်းထုတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။ လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံ့နေသည့် ဗီဒီယိုမှတ်တမ်းများအရ...
Read More