အီရန်အပေါ် စစ်ဆင်ရေးလုပ်ပိုင်ခွင့် ကန့်သတ်ရန် အဆိုကို အမေရိကန် အထက်လွှတ်တော် ပယ်ချ
မတ် ၆ The Kaladan Post အမေရိကန်သမ္မတ Donald Trump ၏ အီရန်နိုင်ငံအပေါ် စစ်ဆင်ရေးလုပ်ပိုင်ခွင့်ကို ကန့်သတ်ရန် အဆိုတင်ထားသည့် မဲခွဲမှုသည် အမေရိကန် အထက်လွှတ်တော်တွင် မအောင်မြင်ခဲ့ကြောင်း သိရသည်။ ရီပတ်ဘလစ်ကန်ပါတီက အများစု ထိန်းချုပ်ထားသည့် အထက်လွှတ်တော်တွင် ပြုလုပ်ခဲ့သော မဲခွဲမှု၏ ရလဒ်မှာ ၅၃ မဲ ကန့်ကွက်၊ ၄၇ မဲ ထောက်ခံဖြစ်ပြီး သမ္မတ၏ စစ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်ကို ကန့်သတ်ရန် ကြိုးပမ်းမှု ပျက်ကွက်သွားခဲ့သည်။ အဆိုပါ မဲရလဒ်များအရ ရီပတ်ဘလစ်ကန် အမတ်များ အများစုက အဆိုကို ကန့်ကွက်ခဲ့ကြသည်ကို တွေ့ရသည်။ ဒီမိုကရက်တစ်ပါတီဘက်မှ အမတ်များက သမ္မတ ထရမ့်သည် လွှတ်တော်၏ ထောက်ခံချက် မရရှိဘဲ အီရန်တွင် စစ်ရေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲကာ သမ္မတ၏ စစ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်ကို ကန့်သတ်ရန် အဆိုတင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ် မဲခွဲမှုတွင် ရီပတ်ဘလစ်ကန် အမတ်များက အဆိုကို တားဆီးနိုင်ခဲ့သည်။ တချို့ ရီပတ်ဘလစ်ကန် အမတ်များကလည်း အီရန်နှင့် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခသည် ရှည်လျားလာပါက ၎င်းတို့၏ ရပ်တည်ချက်ကို ပြန်လည် စဉ်းစားနိုင်ကြောင်း အရိပ်အမြွက် ပြောကြားထားသည်။ အမေရိကန်နှင့် Israel တို့သည် Iran ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် စတင် စစ်ရေးတိုက်ခိုက်ခဲ့ကြသည်။ အစောပိုင်းတွင် သမ္မတ ထရမ့်က စစ်ရေးပဋိပက္ခသည် လေးပတ်အတွင်း ပြီးဆုံးနိုင်ကြောင်း ပြောကြားခဲ့သော်လည်း...
Read More