မတ်လ (၆) ရက် သတင်းတိုပေါင်းချုပ်
ဘုန်းကြီးကျောင်းတွင် နေရာယူထားသည့် စစ်တပ်တိုက်ခိုက်ခံရပြီး အရာရှိအပါအဝင် ၄ ဦးသေဆုံး မတ် ၆ The Kaladan Post တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ခြောက်မိုင်ရွာ ဘုန်းကြီးကျောင်းတွင် နေရာယူထားသော စစ်တပ်ကို မတ်လ ၄ ရက် ညနေ ၃ နာရီ ၃၀ မိနစ်ခန့်က တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ကာ သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြိတ်ခရိုင် တပ်ရင်း ၂ ထံမှ သိရသည်။ မြိတ်ခရိုင် တပ်ရင်း ၂ တပ်ခွဲ ၁ နှင့် တပ်ရင်း ၃ တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ရဲဘော် ၃ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်ရင်း တာဝန်ရှိသူက ပြောဆို သည်။ စစ်တပ်ဘက်တွင် အင်အား ၆၀ ခန့်ရှိပြီး မျက်မြင်အချက်အလက်အရ သေဆုံးမှု အတည်ပြုနိုင် ကြောင်း ဆိုသည်။ မတ်လ ၅ ရက်တွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် စစ်တပ်ဘက်က ဒရုန်း ဖြင့် ဆက်လက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် စစ်တပ်ယာဉ်တန်း မိုင်း ၄ လုံးဖြင့် ဖောက်ခွဲခံရ ၁စီး ပျက်စီး မတ် ၆ The Kaladan Post စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ချောင်းဦး-မုံရွာ...
Read More