စစ်မြေပြင်တွင် နာမည်ကျော်သည့် ယူကရိန်းဒရုန်းထုတ်လုပ်သူများ တရုတ်ကိုဟန့်တားရန် အာရှစျေးကွက်သို့ ခြေဆန့်လာ
ဇွန် ၁၉၊ ၂၀၂၆ The Kaladan Post ရုရှား-ယူကရိန်းစစ်ပွဲအတွင်း စစ်မြေပြင်မှာ တကယ်ထိရောက်ကြောင်း သက်သေပြခဲ့တဲ့ ယူကရိန်းဒရုန်းထုတ်လုပ်သူတွေဟာ တရုတ်နိုင်ငံရဲ့ စစ်ရေးခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတဲ့ ဂျပန်နဲ့ ထိုင်ဝမ်တို့လို အာရှစျေးကွက်ဆီကို အပြင်းအထန် ခြေဆန့်လာနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ ယူကရိန်းတိုက်ခိုက်ရေးဒရုန်း ထုတ်လုပ်တဲ့ UFORCE ကုမ္ပဏီရဲ့ CEO ဟာ တိုကျိုမြို့ကို သွားရောက်ပြီး ဂျပန်အရာရှိတွေနဲ့ ကာကွယ်ရေးလုပ်ငန်းရှင်တွေကို သူတို့ရဲ့ နည်းပညာတွေနဲ့ ပူးပေါင်းထုတ်လုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဂျပန်အစိုးရဟာလည်း ဒီနှစ် ကာကွယ်ရေးဘတ်ဂျက်မှာ ဒရုန်းစနစ်တွေအတွက် ဒေါ်လာ ၂ ဘီလီယံလောက်အထိ လျာထားပြီး ၂၀၃၀ ပြည့်နှစ်မှာ ဒရုန်းထုတ်လုပ်မှုကို တစ်နှစ်ကို အစီးရေ ၈၀,၀၀၀ အထိ တိုးမြှင့်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ အမေရိကန် စစ်ဘက်အရာရှိတွေကတော့ ထိုင်ဝမ်ကို တရုတ်က ကျူးကျော်လာရင် ဒရုန်းတွေကို အလုံးအရင်းနဲ့ အသုံးပြုပြီး “လူမဲ့ငရဲဘုံ” (unmanned hellscape) တစ်ခု ဖန်တီးကာ ခုခံတွန်းလှန်နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။ ဒါကြောင့်လည်း UFORCE၊ Skyeton နဲ့ General Cherry လို ယူကရိန်းကုမ္ပဏီတွေဟာ ထိုင်ဝမ်နဲ့ပါ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ နည်းလမ်းရှာနေကြတာ ဖြစ်ပါတယ်။ UFORCE ရဲ့ CEO ဖြစ်သူ Oleg Rogynskyy က “အရှေ့အာရှရဲ့ ပင်လယ်ပြင်အနေအထားက ယူကရိန်းနဲ့ မတူပေမဲ့ စစ်ရေးအရ ထိရောက်မှုကတော့ အတူတူပါပဲ” လို့ Reuters...
Read More