Author: Salai

လက်ဆည်ရဲစခန်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံး

——————————————————————- ဇူလိုင် ၂၁ The Kaladan Post မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ လက်ဆည်ရဲစခန်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက် နံနက်ပိုင်းတွင် အညာမြေတပ်ပေါင်းစုနှင့်အတူ တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်တိုက်ခိုက် ခဲ့ကြောင်း အညာမြေတပ်ပေါင်းစု သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘို သန့်ဇင်က သတင်းပေးပို့ထားပါသည်။ အဆိုပါတိုက်ပွဲနှင့်ပတ်သက်ပြီး ကိုဘိုဘိုသန့်ဇင်က “ကျွန်တော်တို့ဘက် က နံနက် ၄ နာရီ ၃၀ မိနစ်တွင် စတင်တိုက်ခိုက်ခဲ့တာပါ ရဲစခန်းအတွင်းရှိ ရဲတန်း လျား ၄ ဆောင်နှင့် ဘန်ကာ ၄ ခုကို သိမ်းပိုက်နိူင်ခဲ့သော်ပေမယ့် လက်နက်ခဲယမ်းများ လျော့နည်း လာမှုနှင့် စစ်ကောင်စီဘက်မှ အချိန်မီဖြည့်တင်းနိုင်ခြင်းကြောင့် ကျန်ရှိသော ပင်မအဆောက်အအုံ ၁ ခုနှင့် ဘန်ကာ ၂ ခုကို မသိမ်းနိုင်ဘဲ ပြန်လည်ဆုတ်ခွါခဲ့ရပါတယ်” ဟုဆို သည်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဘက်တွင် တပ်သား ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာပြင်းထန် ရရှိခဲ့ပါသည်။ အကြမ်းဖက် စစ်ကောင်စီဘက်မှ စစ်ကူအင်အား အလျင်အမြန်ရောက်ရှိလာခြင်း ကြောင့် တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ အမှတ် (၈) စစ်ကြောင်းမှ ရဲဘော်နဂါး (အသက် ၃၆ နှစ်) နှင့် ရဲဘော်စိုင်းနောင် (ခ) ထွန်းခ (အသက် ၁၉ နှစ်) တို့ မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး၊ အညာမြေ တပ်ပေါင်းစုမှ ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် Type-81 သေနတ် ၂ လက် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ဤတိုက်ခိုက်မှုကို အညာမြေတပ်ပေါင်းစု၊ အမှတ် (၈) စစ်ကြောင်းဦးဆောင်မှုဖြင့် ပခုက္ကူခရိုင် တပ်ရင်း-၁၉ (တပ်ခွဲ-၃) ဆိပ်ဖြူဗိုလ်မထားတပ်ဖွဲ့၊ ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစု (PLC)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ God of Myaing, PL PDF၊ ကိုရေခဲနှင့် ကိုဗလ ဦးဆောင်သော လူငယ်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူ တော်လှန်ရေးရဲဘော်ကိုလည်း အခက်အခဲပေါင်းများစွာထဲကနေ ကယ်တင်နိုင်ခဲ့ ကြောင်းသိရသည်။ ၎င်း လက်ဆည်ရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား၂၅ခန့်ဖြင့် အထိုင်ချ ထားသောထားသော...

Read More

ဇူလိုင် (၂၀) သတင်းတိုပေါင်းချုပ်

၁။ နွေဦးတော်လှန်ရေးကို အဆုံးထိ ဆက်လက်တိုက်ပွဲဝင်ရန် NUG ယာယီသမ္မတ တိုက်တွန်း ဇူလိုင် ၂၀ The Kaladan Post စစ်အာဏာရှင်စနစ် အမြစ်တွယ်နေသရွေ့ ဖိနှိပ်ခံရခြင်းမှ လွတ်မြောက်ရန် မဖြစ်နိုင်သဖြင့် နွေဦးတော်လှန်ရေးကို အဆုံးထိ ဆက်လက်လျှောက်လှမ်းရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းသည်။ ၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ၎င်းက ဤသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ နွေဦးတော်လှန်ရေးသည် သွေးကြောင်သူများအတွက် လမ်းမဟုတ်ဘဲ၊ အသက်နှင့်ဘဝများဖြင့် ရင်းနှီးပေးဆပ် နေရသည့် တိုက်ပွဲဖြစ်ကြောင်း ၎င်းက ဆိုသည်။ အာဇာနည်များ၏ စွန့်လွှတ်မှုကို ပေါ့ပေါ့တန်တန် မတွက်ဆဘဲ စစ်အာဏာရှင်စနစ်ကို ဖြိုချရန် စည်းလုံးညီညွတ်စွာ ဆက်လက်ရုန်းကန်ရန် အရေးကြီးကြောင်း သမ္မတက ပြောကြားသည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအတွက် ခေတ်အဆက်ဆက် အာဇာနည်များက အသက် ပေးဆပ်ခဲ့ရသည်ကို သတိရရင်း၊ လက်ရှိတော်လှန်ရေးတွင်လည်း ပြည်သူများက ဆက်လက် ပေးဆပ်နေရကြောင်း ယာယီသမ္မတက ထောက်ပြသည်။ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်ရေးအတွက် အာဇာနည်စိတ်ဓာတ်ဖြင့် အဆုံးထိ တာဝန်ယူလျှောက်လှမ်းရန် ၎င်းက တိုက်တွန်းသည်။ ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အင်အားစုများ ပူးပေါင်းကာ ၄ နှစ်ကျော်ကြာ ခုခံတော်လှန်စစ်ဆင်နွှဲခဲ့ရာ နယ်မြေအချို့ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။   ၂။ မင်းလှမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု စစ်သား ၈၀ ကျော်သေဆုံး ဇူလိုင် ၂၀ The...

Read More

စစ်ကောင်စီတပ်သား ငြိမ်းချမ်း အလင်းဝင်

  ဇူလိုင် ၂၀ The Kaladan Post ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၁၂ရက်နေ့တွင် မြိတ်ခရိုင် ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ (ပကဖ) မြို့နယ်တိုက်ခိုက်ရေးအဖွဲ့ထံ စစ်ကောင်စီ (ခလရ) ၂၈၀ (ခြေလျင်တပ်ရင်း-ပလောက်မြို့)မှ ရဲဘော် ငြိမ်းချမ်းသည် အလင်းဝင်ရောက်လာကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ယနေ့ ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ပုလောမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူ တစ်ဦးက “  ကျွန်တော်တို့ထံအလင်းဝင်လာသူစစ်ကောင်စီရဲ‌ဘော် ငြိမ်းချမ်း သည် အဓ္ဓမ ဖမ်းဆီးစစ်သားစုဆောင်းခံရသည့်အတွက် အခါအခွင့်ရသည်နှင့် ထွက်ပြေးလာခြင်း ဖြစ်ပါတယ် ပြီးတော့သူဟာကို ရပ်ကျေး ပြည်သူမှတဆင့် ပကဖထံဆက်သွယ်လာ၍ အလင်းဝင် လာဖြစ်ပြီး ကျွန်တော်တို့ မြို့နယ် ပြည်သူံကာကွယ်ရေးတပ်ဖွဲ့ မှ ၎င်းအတွက်ထောက်ပံ့ကြေးရရှိရန် သက်ဆိုင်ရာဝန်ကြီးဌာနကို တင်ပြပေးထားပါတယ်”ဟု The Kaladan Post သို့ပြောဆိုသည်။ ရဲဘော် ငြိမ်းချမ်းသည် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့ဇာတိ ဖြစ်ပြီး ကိုယ်ပိုင်အမှတ် -ပစ ၁၄၀၈၇၃ ၊သင်တန်းပတ်စဉ် (၈) အခြေခံစစ်ပညာသင်တန်းတက်ရောက်ခဲ့ကြောင်းသိရသည်။  စစ်ကောင်စီ တပ်သား ငြိမ်းချမ်းသည်  လက်နက်အမျိုးအစား -MA,1၊ကျည်ဘောက် – ၁ ခု၊လက်ပစ်ဗုံး – ၁ လုံးနနှင့် ကျည် – ၂၇ တောင့်များ ယူဆောင်လာကာ အလင်းဝင်ရောက်ခဲ့ကြောင်း ၎င်းထုတ်ပြန်ချက် တွင်...

Read More

အာဇာနည်နေ့ကို ကျော်လွန်၍… ယနေ့ခေတ် တော်လှန်ရေးမျိုးဆက်သစ်တို့၏ သမိုင်းပေးတာဝန်

အာဇာနည်နေ့ကို ကျော်လွန်၍… ယနေ့ခေတ် တော်လှန်ရေးမျိုးဆက်သစ်တို့၏ သမိုင်းပေးတာဝန် ဇူလိုင် (၁၉) အယ်ဒီတာ့အာဘော် ယနေ့ကျရောက်သော (၇၈) နှစ်မြောက် အာဇာနည်နေ့သည် မြန်မာတစ်မျိုးသားလုံးအတွက် ကြီးစွာသော ဝမ်းနည်းခြင်း၊ နှမြောတသခြင်းတို့နှင့်အတူ အဖိုးမဖြတ်နိုင်သော သင်ခန်းစာ များကို ပြန်လည်ကမ္ပည်းတင်ရမည့် နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က ကျဆုံးခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဖြစ်ရပ်သည် သမိုင်းစာမျက်နှာပေါ်မှ ဖြစ်ရပ်တစ်ခုမျှသာမဟုတ်ဘဲ စစ်အာဏာရှင်စနစ်၏ အမှောင်ဆုံးကာလကို ဖြတ်သန်းနေရသော ယနေ့မြန်မာနိုင်ငံအတွက် လမ်းပြကြယ်၊ မီးရှူး တန်ဆောင်တစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်ပါသည်။ ၁။ စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်သည် တော်လှန်ရေး၏ အသက်သွေးကြောဖြစ်သည် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဖဆပလအစိုးရအဖွဲ့သည် တိုင်းရင်းသားပေါင်းစုံ၏ စုစည်းညီညွတ်မှုကို အကောင်းဆုံးပြသခဲ့သည့် သမိုင်းဝင်သာဓကဖြစ်သည်။ ဗမာလူမျိုး ဗိုလ်ချုပ်အောင်ဆန်း၊ ကရင်အမျိုးသား မန်းဘခိုင်၊ ရှမ်းစော်ဘွားကြီး စဝ်စံထွန်း၊ မြန်မာ မွတ်စလင် ပညာရေးဝန်ကြီး ဦးရာဇတ် စသည်ဖြင့် လူမျိုး၊ ဘာသာ၊ နောက်ခံသမိုင်းမခွဲခြားဘဲ “နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေး” ဟူသော ဘုံရည်မှန်းချက်အတွက် အတူတကွ လက်တွဲခဲ့ကြသည်။ ဤပြည်ထောင်စုစိတ်ဓာတ်သည်ပင်လျှင် လွတ်လပ်ရေး၏ အဓိက သော့ချက်ဖြစ်ခဲ့သည်။ နွေဦးတော်လှန်ရေး၏ အောင်မြင်မှုသည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများ (EROs)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF/LPDF)၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ (ပအဖ) နှင့် ပြည်သူလူထုတစ်ရပ်လုံး၏ စစ်မှန်သော ညီညွတ်မှုအပေါ်တွင် တည်မှီ နေသည်။ အာဇာနည်ခေါင်းဆောင်များ ချမှတ်ခဲ့သော တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံသည့် ပြည်ထောင်စုစိတ်ဓာတ် ကို လက်တွေ့ကျင့်သုံးမှသာလျှင်...

Read More

ဇူလိုင် (၁၉) သတင်းတိုပေါင်းချုပ်

၁။ စစ်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ဘုရားစေတီနှင့် စာသင်ကျောင်းပျက်စီး ဇူလိုင် ၁၉ The Kaladan Post မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကံသာရွာကို စစ်တပ်က ယနေ့ အာဇာနည်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် တိုက်ပွဲမရှိဘဲ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုရားစေတီနှင့် စာသင်ကျောင်းဆောင် ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ လေကြောင်း တိုက်ခိုက် မှုမှာ အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ ကျောင်းပိတ်ရက် ဖြစ်သဖြင့် ကလေးငယ်များ ထိခိုက်မှုမရှိသော်လည်း စာသင်ကျောင်းဆောင် ၄ ဆောင်အနက် ၁ ဆောင် ပြိုကျပျက်စီးခဲ့သည်။ ကျေးရွာဘုရားစေတီလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယနေ့အာဇာနည်နေ့တွင် စစ်တပ်သည် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာ များကို လေကြောင်းတိုက်ခိုက်မှုများ အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ဒေသခံတစ်ဦးက “ကျောင်းပိတ်ချိန်မို့ ကလေးတွေ မရှိတာ ကံကောင်းသွားတယ်။ ဒါပေမယ့် စာသင်ကျောင်းနဲ့ ဘုရားစေတီ ပျက်စီးသွားတာ စိတ်မကောင်းဘူး” ဟု ပြောကြားသည်။ ဤတိုက်ခိုက်မှုသည် ဒေသခံပြည်သူများအပေါ် စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များထဲမှ တစ်ခုအဖြစ် မှတ်တမ်းတင်ထားသည်။     ၂။ အာဇာနည်အခမ်းအနားနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ပြုလုပ် ဇူလိုင် ၁၉ The Kaladan Post ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ် ကော်မတီ၏ ဦးဆောင်မှုဖြင့် ယနေ့ ဇူလိုင်...

Read More
en_USEnglish