Author: Salai

“CRPH ရဲ့ ငါးနှစ်ခရီး – IPU အသိအမှတ်ပြုမှုကနေ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအထိတိုက်ပွဲဝင်ရမည်”

မေးမြန်းသူ – ဆလိုင်းဒိုခါရ် ဖြေဆိုသူ – ဆရာစည်သူမောင်၊ CRPH ပြောရေးဆိုခွင့်ရှိသူ   ဆလိုင်းဒိုခါရ် – ဟုတ်ကဲ့၊ အားလုံးမင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ The Kaladan Post ရဲ့ Exclusive Program အစီအစဉ်ကို အမြဲတမ်းကြည့်ရှုအားပေးတဲ့ မိဘပြည်သူများခင်ဗျာ။ ဒီတစ်ပတ်ကျတော့ ကျွန်တော်တို့ CRPH မှာ ပြောရေးဆိုခွင့်ရှိသူ ဆရာ စည်သူမောင်နဲ့ ကျွန်တော်တို့ အင်တာဗျူးလုပ်ဖို့အတွက် ဖိတ်ခေါ်ထားပါတယ်။ ဒီနေ့ ကျွန်တော်တို့ ဆွေးနွေးရမယ့် ဟာကတော့ အဓိကအားဖြင့် CRPH အနေနဲ့ ဒါ ငါးနှစ်တာကာလ လုပ်ဆောင်မှု အားနည်းချက်၊ အားသာချက်အပါအဝင် လွန်ခဲ့တဲ့ ရက်ပိုင်းမှာပဲ IPU ကနေ CRPH ကို ကျွန်တော်တို့ မြန်မာနိုင်ငံပြည်သူများကို ကိုယ်စားပြုတဲ့ အသိအမှတ်ပြုတဲ့ အချက်လေး ရှိတဲ့အခါကျတော့ ဒါတွေအကြောင်းကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဆရာ၊ ကျွန်တော်တို့ကို အခုလိုအချိန်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။   ဆရာစည်သူမောင် – ကျေးဇူးပါခင်ဗျာ။   ဆလိုင်းဒိုခါရ် – ဟုတ်ကဲ့ဆရာ။ ပထမဆုံးအနေနဲ့ ကျွန်တော် ဆရာ့ကို ဒါ ဆွေးနွေးဖို့ ဒါ ကျွန်တော် မေတ္တာရပ်ခံလိုတာကတော့ ဒီ ငါးနှစ်တာပြီးတော့မယ့် တော်လှန်ရေးကာလမှာ CRPH အနေနဲ့ ကိုယ့်ဘာသာကိုယ် အားနည်းချက်လို့ မြင်တဲ့ဟာနဲ့ ဒါ အားသာချက်လို့ မြင်တဲ့ အချက်ပေါ့နော်။ နိုင်ငံတကာ ထုတ်ဖော်ဟောပြောမှုအပိုင်းမှာ သော်လည်းကောင်း၊ ဒါ အားသာချက်အမြင်နဲ့ အပိုင်းကို ဆရာကိုယ်တိုင်...

Read More

ဇန်နဝါရီလ ( ၂၆) ရက် သတင်းတိုပေါင်းချုပ်

မြိုင်မြို့နယ် ကန်နီပျူစောထီးကျေ2းရွာအနီး ထိတွေ့တိုက်ပွဲတွင် ပျူစောထီး ၂ ဦး သေဆုံး ဇန်န ၂၆ The Kaladan Post မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာအနီးတွင် ဇန်နဝါရီ ၂၂ ရက်နေ့က စစ်တပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့များက ချဉ်းကပ်တိုက်ခိုက်စဉ် ကြိုတင်စောင့်ဆိုင်း ထားသော စစ်ကင်းပုန်းနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ ထိတွေ့မှုအတွင်း အပြန် အလှန်ပစ်ခတ်မှု ၁ နာရီနီးပါး ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ ပျူစောထီး ၂ ဦး သေဆုံးခဲ့သော်လည်း တော်လှန်ရေးဘက်မှ ရဲဘော် ၄ ဦး ကျဆုံးခဲ့ကြောင်း မြိုင်ပကဖ တာဝန်ရှိသူက ပြောဆိုသည်။ ၎င်း စစ်တပ်နှင့် ပျူစောထီးများသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်မှစ၍ ကန်နီ ပျူစောထီးရွာ အနီးတဝိုက် ထန်းအူပေါက်များတွင် ရိက္ခာရှာဖွေနေသည်ကို ကင်းထောက်ဒရုန်းများဖြင့် တွေ့ရှိခဲ့ပြီး ဇန်နဝါရီ ၂၂ ရက်တွင် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရန် ကြိုတင်လုပ်ဆောင်စဉ် ထိတွေ့မှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ၎င်း စစ်ခွေးများ အင်အား ၅၀ ခန့်ရှိသဖြင့် ညှပ်ခံလိုက်ရပြီး တော်လှန်ရေး တပ်ဖွဲ့ဘက်မှ လက်နက်တက်ကောက်မှုအတွင်း ရဲဘော် ၄ ဦး ကျဆုံးခဲ့ရခြင်း ဖြစ်ကြောင်း၊ ဝါရင့်ရဲ ဘော်များက ငယ်ရွယ်သူများကို ဆုတ်ခွာခိုင်းခဲ့သော်လည်း စွန့်စားလိုစိတ်ကြောင့် မတန်တဆ ထိခိုက် ခဲ့ရကြောင်း မြိုင်ပကဖ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။ လက်ရှိ မြိုင်မြို့နယ်အတွင်း...

Read More

“တော်လှန်ရေး ခရီးလယ်မှာ မရပ်တန့်ပါနဲ့”

မေးမြန်းသူ – RAIN ဖြေဆိုသူ – Salai Mang Om၊ Chinland Council Leading Committee RAIN – မိဘပြည်သူများ အားလုံးပဲ မင်္ဂလာပါရှင်။ The Kaladan Post ရဲ့ Youth and Women’s Affairs Program ကနေပြီးတော့ ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့်။ ဒီတစ်ပတ် အင်တာဗျူး အစီအစဉ်မှာတော့ ကျွန်မတို့ ဆလိုင်းမာန်အွမ်ကို ဖိတ်ခေါ်ထားပါတယ်ရှင့်။ မင်္ဂလာပါ ဆရာ။   Salai Mang Om – ဟုတ်ကဲ့ပါ မင်္ဂလာပါ။   RAIN – ဟုတ်ကဲ့။ အရင်ဆုံး အနေနဲ့ ကျွန်မတို့ The Kaladan Post ကို အချိန်ပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။   Salai Mang Om – ဟုတ်ကဲ့။ ဖိတ်ခေါ်ပေးတဲ့ အတွက် အများကြီး ကျေးဇူးတင်ပါတယ်ခင်ဗျာ။   RAIN – ဟုတ်ကဲ့ပါ ဆိုတော့ အရင်ဦးဆုံး အနေနဲ့ ဆရာ ဒီတော်လှန်ရေးမှာ လက်ရှိ ပေါ့နော်။ ဘယ်အဖွဲ့အစည်းမှာ ပါဝင်နေပြီးတော့မှ ဆရာ ဘယ်လို တာဝန်တွေ ကို ထမ်းဆောင်နေလဲ ဆိုတာလေးကို လည်း မိတ်ဆက်ပေးပါဦး။ ပြီးတော့မှ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်လေးကိုလည်း တစ်ပါတည်းပေါ့နော် မိတ်ဆက်ပေးပါဦးရှင့်။   Salai Mang Om – ကျွန်တော်ကတော့...

Read More

ဇန်နဝါရီလ (၂၅) ရက် သတင်းတိုပေါင်းချုပ်

၂၀၂၆ နှစ်ဦးပိုင်း တော်လှန်ရေးအောင်ပွဲများအတွက် NUG ဝန်ကြီးချုပ် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ ဇန်န ၂၅ The Kaladan Post အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၂၀၂၆ ခုနှစ် နှစ်ဦးပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ်တပ်ဖွဲ့များက ရရှိခဲ့သော အရေးပါအောင်ပွဲများ အတွက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။ သဝဏ်လွှာတွင် ရန်သူ၏ အရေးကြီးစခန်း များကို ထိုးဖောက်သိမ်းပိုက်နိုင်ခြင်း၊ မြို့သိမ်းတိုက်ပွဲများတွင် အောင်မြင်စွာ ဆုတ်ခွာနိုင်ခြင်း၊ လမ်းပိုင်း များကို စိုးမိုးထိန်းချုပ်နိုင်ခြင်း၊ တပ်ဖွဲ့များ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု ဟန်ချက်ညီညီ လုပ်ဆောင်နိုင် ခြင်းတို့ကို အထူးဂုဏ်ယူသည်ဟု မန်းဝင်းခိုင်သန်းက ဆိုသည်။ ဇန်နဝါရီလ ဒုတိယပတ်အတွင်း ပဲခူးတိုင်း အမှတ်(၂) စစ်ဆင်ရေးနယ်မြေတွင် စစ်ကောင်စီ စခန်း ၂၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဇန်နဝါရီ ၉ ရက်တွင် ကျောက်တံခါးမြို့နယ် တောကျွဲအင်း (သို့မဟုတ် အောင်မြင်မြို့) ကို သိမ်းပိုက်နိုင် ခဲ့ကာ တစ်ရက်တည်း စခန်း ၁၄ ခုကို ချေမှုန်းနိုင်ခဲ့ကြောင်း ထည့်သွင်း ပြောဆိုသည်။ ထို့ပြင် မကွေး တိုင်း စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ ထွေအုပ်ရုံးအပါအဝင် စစ်ကောင်စီ အဆောက်အအုံများကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။ လက်ရှိအောင်ပွဲများကို အရှိန်မြှင့် ဆက်လက်ချီတက်ရန် တိုက်တွန်းခဲ့ပြီး တိုက်ပွဲဝင်တပ်ဖွဲ့ဝင်များ၊ ကွပ်ကဲမှုအဆင့်ဆင့်၊ အသက်ပေးဆပ်ခဲ့သူများ၊ နည်းလမ်း မျိုးစုံဖြင့် ပံ့ပိုး ကူညီပေးနေသော ပြည်သူများ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများကိုပါ အထူးလေးစားဂုဏ်ပြု ကြောင်း ဝန်ကြီးချုပ်က...

Read More

ICJ တရားရုံးမှာ အကြမ်းဖက်စစ်တပ် အမှုရှုံးဖို့ ဘာကြောင့် အရေးကြီးတာလဲ အပိုင်း (၄)

https://www.youtube.com/watch?v=EjgZR6UljiQ Special Program / Interview with Nay San Lwin (Co-Chair at Arakan Rohingya National Council – ARNC) အင်တာဗျူးအပြည့်အစုံကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ YouTube Channel: https://www.youtube.com/watch?v=bKqh05eV0U8 Official Telegram Channel: https://t.me/thekaladanpost X (Twitter) Channel: https://x.com/TheKaladanPost​ Website: thekaladanpost.com   #InternationalCourtOfJustice #Accountability #HumanRights #EndingImpunity...

Read More
en_USEnglish