Author: Salai

F-35 တိုက်လေယာဉ်များ ထပ်မံဝယ်ယူမည်ဆိုသည့် သတင်းများကို ဂျာမနီ ငြင်းဆို

ဖေဖေါ် ၂၁ The Kaladan Postဥရောပ မျိုးဆက်သစ် တိုက်လေယာဉ် စီမံကိန်းကို လက်လျှော့ပြီး အမေရိကန်ထုတ် F-35 တိုက်လေယာဉ်များ ထပ်မံဝယ်ယူရန် စီစဉ်နေသည်ဆိုသည့် သတင်းများအပေါ် ဂျာမနီအစိုးရက ငြင်းဆိုလိုက်သည်။ ဂျာမနီသည် ပြင်သစ်နှင့် စပိန်တို့နှင့် ပူးပေါင်းကာ ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ်များ ထုတ်လုပ်ရန် ရည်ရွယ်သည့် Future Combat Air System (FCAS) စီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိသည်။ သို့သော် စီမံကိန်းအတွင်း ပါဝင်သည့် ကာကွယ်ရေး နည်းပညာကုမ္ပဏီများကြား တာဝန်ခွဲဝေမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် မူပိုင်ခွင့်ဆိုင်ရာ အငြင်းပွားမှုများကြောင့် တိုးတက်မှုများ နှောင့်နှေးနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ မကြာသေးမီက သတင်းတစ်ရပ်တွင် ဂျာမနီသည် FCAS ကို လက်လျှော့လိုက်ပြီး အမေရိကန် ကုမ္ပဏီ Lockheed Martin ထုတ်လုပ်သည့် F-35 Lightning II တိုက်လေယာဉ်များကို ထပ်မံမှာယူရန် စီစဉ်နေကြောင်း ဖော်ပြခဲ့သည်။ ဂျာမနီသည် ၂၀၂၂ ခုနှစ်တွင် F-35 စုစုပေါင်း ၃၅ စီးကို မှာယူထားပြီး နောက်ထပ် ၃၅ စီးခန့် ထပ်မံဝယ်ယူနိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ သို့ရာတွင် ဂျာမနီ ကာကွယ်ရေးဝန်ကြီးဌာနက အီးမေးလ်မှတစ်ဆင့် တုံ့ပြန်ရာတွင် လက်ရှိအချိန်တွင် မူလမှာယူထားသည့် အရေအတွက်ထက် ပိုမိုတိုးမြှင့် ဝယ်ယူရန် တိကျခိုင်မာသည့် အစီအစဉ် မရှိသေးကြောင်း ပြောကြားခဲ့သည်။ ဝန်ကြီးဌာနကလည်း လက်နက်ဝယ်ယူရေးဆိုင်ရာ ဆုံးဖြတ်ချက်များသည် လွှတ်တော်၏ အတည်ပြုမှု လိုအပ်ကြောင်း ဖော်ပြခဲ့ပြီး အနာဂတ်တွင်...

Read More

၅ နှစ်တာအတွင်း နိုင်ငံကဏ္ဍပေါင်းစုံ တိုးတက်ခဲ့ကြောင်း ကင်မ်ဂျုံအွန်း ပြောကြား

ဖေဖေါ် ၂၀ The Kaladan Post မြောက်ကိုရီးယားနိုင်ငံသည် လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ကာကွယ်ရေးနှင့် သံတမန်ရေး ကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် ထင်ရှားသည့် အောင်မြင်မှုများ ရရှိခဲ့ကြောင်း နိုင်ငံခေါင်းဆောင် Kim Jong Un က ပြောကြားခဲ့သည်။   ဖေဖော်ဝါရီ ၁၉ ရက်တွင် စတင်ကျင်းပခဲ့သည့် Workers’ Party of Korea ၏ ပြည်လုံးကျွတ် ညီလာခံတွင် ဒုတိယနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၂၀ ရက်၌ ကင်မ်ဂျုံအွန်းက ပြီးခဲ့သည့် ၅ နှစ်တာ လုပ်ဆောင်ချက်များကို ပြန်လည်သုံးသပ် အကဲဖြတ်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာန Korean Central News Agency (KCNA) က ဖော်ပြခဲ့သည်။   အဆိုပါ ညီလာခံသည် မြောက်ကိုရီးယားနိုင်ငံတွင် နိုင်ငံရေးအရ အရေးအကြီးဆုံး စုဝေးမှုတစ်ရပ်ဖြစ်ပြီး ၅ နှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည်။ ယခင် ၅ နှစ်တာ အကောင်အထည်ဖော်မှုများကို သုံးသပ်သကဲ့သို့ လာမည့် ၅ နှစ်အတွက် ဖွံ့ဖြိုးရေးစီမံကိန်းများ ချမှတ်သတ်မှတ်ခြင်းများကိုလည်း ဆောင်ရွက်လေ့ရှိကြောင်း သိရသည်။   ပါတီအရာရှိများကတော့ ကင်မ်ဂျုံအွန်း၏ ဦးဆောင်မှုအောက်တွင် နိုင်ငံ၏ ကဏ္ဍအသီးသီးတွင် အထင်အရှား တိုးတက်အောင်မြင်မှုများ ရရှိခဲ့ကြောင်း အသိအမှတ်ပြု ချီးကျူးခဲ့သည်ဟု KCNA က ဆိုသည်။   ထို့အပြင် ပါတီဗဟိုကော်မတီအနေဖြင့် ရည်မှန်းချက်များ မပြည့်မီခဲ့သည့် ကဏ္ဍများကို...

Read More

ဖေဖော်ဝါရီလ (၂၀) ရက် သတင်းတိုပေါင်းချုပ်

ဘန့်ဘွေးပျူရွာ အနီး စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး သုံးဦး သေဆုံး ဖေဖော် ၂၀ The Kaladan Post ယင်းမာပင်မြို့နယ် ဘန့်ဘွေးပျူရွာအနီး စစ်ကောင်စီတပ်ဖွဲ့ ခရီးသွားကားများကို ဖမ်းဆီးငွေညှစ်လျက် အနီးပတ်ဝန်းကျင်ရွာများမှ ရိက္ခာများ လုယက်နေမှုများကို တုံ့ပြန်ရန် ယင်းမာပင်မြို့နယ် ပကဖ လက်ရုံးတပ် ULF စစ်ကြောင်း၊ ကနီမြို့နယ် ပကဖ လက်ရုံးတပ်၊ ကနီ 9+ စစ်ကြောင်း နှင့် YMB Column (ယင်းမာပင်မြို့နယ် စစ်ကြောင်း) တို့မှ နှစ်ရက်ခန့် ကင်းပုန်းချ စောင့်ဆိုင်းခဲ့ကြကြောင်း သိရသည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၃:၃၀ ခန့်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၅ ဦးခန့် ထွက်လာသည်ကို တွေ့ရှိ၍ လက်ဦးမှု ယူကာ တိုက်ခိုက်ခဲ့ကြရာ တိုက်ပွဲ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး ရန်သူဘက်မှ စစ်သား ၃ ဦး သေဆုံးကာ ဒဏ်ရာရရှိသူ များစွာဖြင့် ထွက်ပြေးလွတ်မြောက်သွား ကြောင်း ယင်းမာပင်မြို့နယ် ပကဖ လက်ရုံးတပ် ULF စစ်ကြောင်းက ပြောဆိုသည်။ အလင်းရောင် မရသေးခြင်း၊ ရန်သူ စခန်းမှ လက်နက်ကြီး ပစ်ကူ ပေးနေခြင်းတို့ကြောင့် အခင်းဖြစ်ပွားရာ နေရာကို အပြည့်အဝ ရှင်းလင်းနိုင်ခြင်း မရှိခဲ့ဘဲ တပ်ပြန်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။   အာဏာသိမ်းမှု ဖုံးကွယ်ကာ ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ငြိမ်းချမ်းရေး...

Read More

ဆူဒန် ပြည်တွင်းစစ်အတွင်း RSF လုပ်ရပ်များတွင် လူမျိုးသုဉ်း သတ်ဖြတ်မှု လက္ခဏာများ တွေ့ရှိကြောင်း UN မစ်ရှင်ထုတ်ပြန်

ဖေဖေါ် ၂၀ The Kaladan Post ဆူဒန်နိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်အတွင်း အစုလိုက် သတ်ဖြတ်မှုများနှင့် ပတ်သက်၍ လူမျိုးသုဉ်း သတ်ဖြတ်မှုမြောက်သည့် ဝိသေသလက္ခဏာများ တွေ့ရှိရကြောင်း United Nations (UN) ၏ အချက်အလက် ရှာဖွေရေး မစ်ရှင်က ထုတ်ပြန်ကြေညာခဲ့သည်။ UN မစ်ရှင်၏ အဆိုအရ ဆူဒန် အစိုးရစစ်တပ်နှင့် တိုက်ခိုက်နေသော Rapid Support Forces (RSF) တပ်ဖွဲ့များသည် နိုင်ငံအနောက်ပိုင်း ဒါဖာဒေသရှိ El Fasher မြို့ကို သိမ်းယူချိန်တွင် အလွန်ဆိုးရွားသည့် အကြမ်းဖက် လုပ်ရပ်များ ကျူးလွန်ခဲ့ကြောင်း သိရသည်။ RSF သည် မြို့ကို ၁၈ လကြာ ဝန်းရံပိတ်ဆို့ထားပြီးနောက် အောက်တိုဘာလကုန်ပိုင်းတွင် ဝင်ရောက် သိမ်းယူခဲ့ခြင်းဖြစ်သည်။ UN အချက်အလက် ရှာဖွေရေး မစ်ရှင်၏ မှုခင်းပညာရှင် မိုနာ ရစ်ရှ်မာဝီက ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားရာ၌ စုဆောင်းရရှိထားသည့် အထောက်အထားများအရ RSF သည် မြို့ကို ကာလရှည် ပိတ်ဆို့ထားကာ လူသားချင်း စာနာမှု အကူအညီများ ဝင်ရောက်ခွင့်ကို တားဆီးခဲ့သဖြင့် ဒေသခံများ အငတ်ဘေး ရင်ဆိုင်ရစေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် မြို့သိမ်းယူပြီးနောက် အစုလိုက် သတ်ဖြတ်မှုများ၊ မုဒိမ်းကျင့်မှုများ၊ ညှင်းပန်းနှိပ်စက်မှုများ၊ အဓမ္မ ပျောက်ကွယ်စေမှုများနှင့် စနစ်တကျ သိက္ခာချ အရှက်ခွဲမှုများကို ကျူးလွန်ခဲ့ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။ မစ်ရှင်၏ သုံးသပ်ချက်အရ RSF...

Read More

နျူကလီးယား သဘောတူညီမှု မရပါက “အရမ်းဆိုးရွားတဲ့ အကျိုးဆက်များ” ဖြစ်လာနိုင်ဟု အီရန်ကို ထရမ့် သတိပေး

ဖေဖေါ် ၂၀ The Kaladan Post အမေရိကန် သမ္မတ Donald Trump က အီရန်အနေနဲ့ နျူကလီးယား ထိန်းချုပ်ရေး သဘောတူညီမှုတစ်ရပ်ကို အမြန်ဆုံး ရရှိအောင် ကြိုးပမ်းသင့်ပြီး သဘောတူညီမှု မရပါက “အလွန်ဆိုးရွားသော အကျိုးဆက်များ” ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေး ပြောကြားလိုက်သည်။ ထရမ့်က အီရန်နှင့် ဆွေးနွေးနေသည့် နျူကလီးယား ထိန်းချုပ်ရေးကိစ္စကို ၁၀ ရက်မှ ၁၅ ရက်အတွင်း အပြီးသတ် သဘောတူညီမှု ရရှိရန် လိုအပ်ကြောင်း အချိန်ကာလ သတ်မှတ်ပြောကြားခဲ့သည်။ ယင်းပြောကြားချက်သည် အမေရိကန်က အီရန်အနီးအနားတွင် စစ်အင်အား တိုးမြှင့် ဖြန့်ကျက်ထားပြီး နှစ်ဖက် စစ်ရေးတင်းမာမှု မြင့်တက်နေချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဝါရှင်တန်ဒီစီတွင် ကျင်းပသည့် ပထမဆုံး “BoP” (Board of Peace) အစည်းအဝေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ထရမ့်က “အဓိပ္ပါယ်ရှိသော သဘောတူညီမှုတစ်ခုဆီ အီရန်ဘက်က ခြေလှမ်းတိုးလာရန် လိုအပ်သည်။ မဟုတ်ပါက အလွန်ဆိုးရွားသော အရာများ ဖြစ်ပေါ်လာနိုင်သည်” ဟု ပြောကြားခဲ့သည်။ BoP သည် ဂါဇာဒေသ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ထရမ့် ဦးဆောင် ဖွဲ့စည်းထားသည့် နိုင်ငံတကာ ငြိမ်းချမ်းရေး အင်အားစုသစ်ဖြစ်သည်။ ဖေဖော်ဝါရီ ၁၉ ရက်တွင် သမ္မတစီးတော်လေယာဉ် Air Force One ပေါ်၌ သတင်းထောက်များနှင့် ပြောကြားရာတွင်လည်း ထရမ့်က ၁၀ ရက်ခန့်အတွင်း အခြေအနေ အဖြေထွက်နိုင်မည်ဟု မျှော်လင့်ကြောင်း၊...

Read More

Recent Comments

No comments to show.

Subscribe

en_USEnglish