Author: Salai

ရေးမြို့နယ်တွင် စစ်ကောင်စီကင်းပုန်းစခန်းခု တိုက်ခိုက်ခံရပြီး ၃ယောက်သေဆုံး

  ဇူလိုင် ၁၁ The Kaladan Post ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ် မြောက်ပိုင်း၊ မော့ကနင်ကျေးရွာအနီးရှိ စစ်ကောင်စီလက်အောက်ခံ ကွမ်ကျိုက်တပ်စခန်းအနီးရှိ ကင်းပုန်းစခန်း ကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) လက်အောက်ခံ မွန်ပြည်တော်လှန်ရေးတပ် (MSRF)နှင့် မဟာမိတ်အဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Mon State Revolution Force ၏ ထုန်ပြန်ချက် အရသိရသည်။ အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး Mon State Revolution Force ရဲ့ ပြော‌ရေး ဆိုခွင့်ရှိသူ မိတလညဏ်က “ဒီကျွန်မတို့ဘက်ကတိုက်ခိုက်ခဲ့တဲ့ စခန်းဟာဆိုရင် စစ်ရေးဗျူ ဟာအရ ဒီစစ်ကောင်စီ ကင်းပုန်းစခန်းသည် အင်မတန်အရေးပါနေရာဖြစ်ပါတယ် ပြီးတော့ ဒီ တိုက်ပွဲအတွင်း မှာ စကစဘက်က လက်နက်ကြီးဖြင့်ပစ်ကူတွေပေးနေလို့ ကျွန်မတို့နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ များဘက်မှ ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ဘဲ အောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့တယ်ဟု “ The Kaladan Post သို့ ပြောဆိုသည်။ စစ်ကောင်စီကနေ ၂၀၂၅ခုနှစ်မှာ ရွေးကောက်ပွဲကျင့်ပရန် စီစဥ်နေသော ကြောင့် မွန်ပြည်နေဖက်ဒရယ်ကောင်စီ(MSFC)ကနေပြီးတော့ ပြတ်ပြတ်သားသား ဆန့်ကျင်ထား တာကြောင့် မွန်ပြည်နယ်မှာ စစ်ကောင်စီဘက်က လုံးဝ ရွေးကောက်ပွဲကျင့်ပလို့မရ အောင် ဒီလိုမျိုး စစ်ဆင်ရေးကို မရပ်မနားဘဲ ဆက်လက်ဖော်ဆောင်သွားမည် ဖြစ်ကြောင်း Mon State Revolution Force ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိတလညဏ်က ဆက်လက်ပြောဆိုသည်။ ဤ တိုက်ပွဲသည် နံနက် ၉ နာရီ ၃၀ မိနစ်တွင် စတင်ဖြစ်ပွားခဲ့ပြီး ၃၀ မိနစ်ကျော်ကြာ ထိတွေ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်းသိရသည်။ ဤ စစ်ဆင်ရေးကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နှင့် KNLA တပ်ရင်း(၂၇)၊ တပ်ခွဲ(၁) တို့ပါဝင်ဆောင်ရွက်ခဲ့တိုက်ခိုက်ခဲ့ ကြခြင်းဖြစ်ပြီး ယခုတိုက်ခိုက်မှု သည် ဒေသတွင်း စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှုကို ထိရောက်စွာ တုံ့ပြန်နိုင်ခဲ့သည့် အောင်မြင်မှု တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်ဟု ၎င်းထုတ်ပြန်ချက်တွင်...

Read More

ဇူလိုင် (၁၁) သတင်းတိုပေါင်းချုပ်

၁။ ချင်းလက်နက်ကိုင်အဖွဲ့များအကြား စစ်ရေးပဋိပက္ခရပ်ရန် ချင်းလွှတ်တော်ကိုယ်စားလှယ်များ တိုက်တွန်း ဇူလိုင် ၁၁ The Kaladan Post ချင်းအမျိုးသားတပ်ဦး (CNA)၊ HPO/CDF – Hualngoram နှင့် CNO/CNDF အကြား ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကို ချက်ချင်းရပ်တန့်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် ညှိနှိုင်းဖြေရှင်းရန် ၂၀၂၀ ရွေးကောက်ခံ ချင်းလွှတ်တော်ကိုယ်စားလှယ်များက ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန်တိုက်တွန်းခဲ့သည်။ ချင်းအမျိုးသားကောင်စီ (CNC) ဖွဲ့စည်းရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်နေသည့်ကာလတွင် ချင်းလက်နက်ကိုင်အဖွဲ့များအပါအဝင် ချင်းပြည်သူအားလုံး ပူးပေါင်းပါဝင်ရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်အာဏာရှင်ချေမှုန်းရေးအတွက် ချင်းတော်လှန်ရေးအင်အားစုများ၏ စည်းလုံးညီညွတ်မှု သည် အောင်မြင်ရေးအတွက် အဓိကကျကြောင်း ထုတ်ပြန်ချက်က အလေးပေးဖော်ပြသည်။ ဖလမ်းမြို့နယ်အတွင်း ချင်းလက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပွားသည့် ပဋိပက္ခများကို ညှိနှိုင်းရန် မီဇိုရမ်အစိုးရ၏ Advocacy Group for Peace အဖွဲ့က ဇူလိုင် ၅ ရက်တွင် ကြားဝင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ရလဒ်ကို စောင့်မျှော်နေရကြောင်းနှင့် အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့တွင် HPO/CDF – Hualngoram နှင့် CNO/CNDF အကြား တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၄၀၀၀ ကျော် နယ်စပ်ဖြတ်ကျော် စစ်ဘေးရှောင်ခဲ့ရကြောင်း သိရသည်။     ၂။ ကျောက်မဲမြို့တွင် စစ်ကောင်စီလေကြောင်းဗုံးကြဲမှု ပြည်သူတစ်ဦးသေဆုံး ဇူလိုင် ၁၁ The Kaladan Post ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသော ကျောက်မဲမြို့အား စစ်ကောင်စီတပ်က ဇူလိုင် ၁၁...

Read More

ဇူလိုင် (၁၀) သတင်းတိုပေါင်းချုပ်

၁။ ဗိုလ်ကြီးစောမိုးဇက် လက်နက်ခဲယမ်းနှင့် အလင်းဝင် ဇူလိုင် ၁၀ The Kaladan Post ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ သုခစစ်စခန်းမှ ဗိုလ်ကြီးမျိုးဆွေဦး (ခ) စောမိုးဇက်သည် လက်နက်ခဲယမ်းများနှင့်အတူ ဇူလိုင်လ ၁ ရက်တွင် KNU တပ်မဟာ ၄ သို့ အလင်းဝင်ရောက်ခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောကြားသည်။ ဇူလိုင်လ ၇ ရက်တွင် အဆိုပါစခန်းကို KNLA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၀ နှင့် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့သည်။ “ရန်သူအလောင်း ရရှိခြင်းမရှိဘဲ ၎င်းတို့အားလုံး ထိုင်းဘက်သို့ ထွက်ပြေးသွားသည်” ဟု ပဒိုစောအယ်နားက ဆိုသည်။ ဗိုလ်ကြီးစောမိုးဇက်၏ အလင်းဝင်ရောက်မှုကို KNU တပ်မဟာ ၄ မှ နွေးထွေးစွာ ကြိုဆိုခဲ့သည်။ ပဒိုစောအယ်နားက စစ်ကောင်စီ၏ အာဏာတည်မြဲရေးအတွက် ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများကို ရှုတ်ချပြီး စစ်ကောင်စီတပ်သားများအား အလင်းဝင်ရောက်ရန် တိုက်တွန်းသည်။ “အမှန်တရားဘက်တွင် ရပ်တည်ပေးပါ၊ စစ်ကောင်စီဖိနှိပ်မှုကို ကိုယ်ချင်းစာပြီး ပြည်သူနှင့်အတူ ပူးပေါင်းပါ” ဟု ၎င်းက ပြောကြားသည်။ စစ်ကောင်စီသည် မကြာမီ ပြိုကွဲပျက်စီးတော့မည်ဖြစ်ပြီး တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စည်းလုံးပူးပေါင်းပါက စစ်ကောင်စီကို အမြစ်ဖြတ်နိုင်မည်ဟု ၎င်းက အသိပေးသည်။   ၂။ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်း စစ်တပ်ထိုးစစ်ဆင်မှုနှင့် တိုက်ပွဲပြင်းထန် ဇူလိုင် ၁၀ The Kaladan...

Read More

ဟားခါးမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဇူလိုင် ၁၀ The Kaladan Post ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF)-ဟားခါးသည် ဇူလိုင် ၈ ရက်တွင် ယင်းမာပင်ခရိုင် တပ်ရင်း (၁၅) ထောက်ခံစာဖြင့် ဖလမ်းမြို့နယ် ဗားရ်တံတားသို့ ကားနှစ်စီးဖြင့် သယ်ယူလာသော စိတ်ကြွ ဆေးပြား ၃ သန်းခန့်နှင့် ဘိန်းဖြူ ၁၁၀ ကီလိုဂရမ်ခန့်ကို ဟားခါးမြို့နယ်တွင် ဖမ်းဆီးခဲ့ာကြောင်း Chinland Defence Force-Hakha ၏ ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါမူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး CDF-Hakha Central Council အထွေထွေအတွင်းရေးမှူးက “ ဒီမူးယစ်ဆေးဝါးဟာ ဘယ် သူပိုင်ဆိုတာကျွန်တော်တို့ အတည်အပြုနိုင်သေးပါဘူး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက ယင်းမာပင်ခရိုင်တပ်ရင်း(၁၅) တပ်ဖွဲ့အပိုင်ဆိုပြီးတော့လည်းပြောလို့မရဘူးဗျ ဒါပေမဲ့ ဒီမူးယစ်ဆေးဝါးဟာ တော်လှန်ရေးတပ်ဖွဲ့ တစ်ခုခုနဲ့တော့ ဆက်စပ်မှုရှိတယ် ဆိုတာတော့ ကျွန်တော်တို့ ယုံကြည်တယ် ယခုအချိန်မှာ ကျွန်တော်တို့က ဒီမူးယစ်ဆေးဝါးတွေနဲ့ပတ်သက်ပြီး ဆက်လက်စုံ စမ်းနေ ဆဲဖြစ်ပါတယ်”ဟု The Kaladan Post သို့ပြောဆိုသည်။ Chinland Defence Force-Hakha သည် ဆေးဝါးများ သယ်ယူပို့ဆောင်ရေးတွင် တာဝန်ခံဖြစ်သော မောင်ဇော်လတ် အမည်ရင်း ဦးဝင်းမော် နှင့် ကိုပုတီး အမည်ရင်း ဦးကျော်မင်းဇော် တို့ကို အမြန်ဆုံးဖမ်းဆီးနိုင်ရန် ဂန်ဂေါ့်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ရှာဖွယ်နေဆဲဖြစ်ကြောင်းသိရသည်။ ဖမ်းဆီးရမိသော တော်လှန်ရေး ရဲဘော် ၃ ဦး၊ ယာဉ်မောင်း ၁ ဦး၊ ယာဉ်နောက်လိုက် ၁ ဦး ပါဝင်ပြီး မောင်းပြန် သေနတ် ၂ လက်နှင့် Mini Starlink ၂ခုလည်း သိမ်းဆည်းရမိပြီး ၎င်းတို့အားလုံးကို ဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ဆေးဝါးများသည် ဆားလင်းကြီးမြို့နယ်မှ သယ်ယူလာခြင်းဖြစ်ပြီး ယင်းမာပင်တပ်ရင်း(၁၅)နှင့် ဆက်နွှယ်နေကြောင်း သိရသည်။ CDF-ဟားခါးက ဖမ်းဆီးရမိသူများကို တရားဥပဒေအရ အရေးယူမည်ဖြစ်ပြီး၊ မူးယစ် ဆေးဝါး ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ရောင်းချမှုနှင့် သယ်ယူပို့ဆောင်မှုများကို ဆက်လက်ထိန်းချုပ်ရန် ပြည်သူများအား ပူးပေါင်းပါဝင်ပေးကြရန် ၎င်းထုန်ပြန်ချက်တွင်...

Read More

စကစ စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရပြီး (၃)ယောက်သေဆုံး

ဇူလိုင် ၉ The Kaladan Post ပဲခူးတိုင်းဒေသကြီး ၊ အောင်သပြေကုန်းရွာသို့ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့တွင် စစ်ကြောင်းထိုးဝင် ရောက်လာသော အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းအား ဝရဇိန်တပ်ဖွဲ့နှင့် သံတောင်မြောက်ပိုင်း ပြည့်သူ့ကာကွယ်ရေးအဖွဲ့တို့မှ နံနက် (၈) နာရီ ဝန်းကျင်ခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဝရဇိန် တပ်ဖွဲ့ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဝရဇိန်တပ်ဖွဲ့ရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက “ ဒီတိုက်ပွဲ့မှာ စစ်ကောင်စီဘက်က (၃) ဦး ထိခိုက်သေဆုံးခဲ့ပြီး ဒဏ်ရာရှိသူ တွေလည်းရှိပါတယ် ဒဏ်ရာရသူကိုတော့ စာရင်းအတိအကျမသိရသေးပါဘူး ပြီးတော့ သူတို့ဟာ သေဆုံးသူတွေနဲ့ လူနာများကိုဆွဲပြီး စစ်တောင်းမြစ်အနောက်ဘက်ကမ်းကို ပြန်လည်ဆုတ်ခွာ သွားပါတယ် ” ဟု The Kaladan Post သို့ ပြောဆိုသည်။ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့သည် လိပ်သိုလ် ဘက်သို့ ဦးတည်ပြီး အင်အားဖြည့်ရန် ၁၀၀ ဝန်းကျင်ခန့်ဖြင့် စစ်ကြောင်းထိုးတာဖြစ်ကြောင်း ၎င်း စစ်ကြောင်းသည် တောင်ငူလေဆိပ်အား ရှော့တိုက်ဒုံးနဲ့ပစ်ခံရသောကြောင့် စစ်တောင်းမြစ်အနောက်ဘက်ကမ်းကို စစ်ကြောင်းထိုး လာကြတာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ ဤတိုက်ခိုက်မှုကြောင် ဒေသခံများ အထိ အခိုက်မရှိသလို ဝရဇိန်တပ်ဖွဲ့နှင့် သံတောင်မြောက်ပိုင်း ပြည့်သူ့ကာကွယ်ရေးအဖွဲ့ရဲဘော်များလည်း ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ စစ်ကောင်းစီ စစ်ကြောင်းသည် အချိန်မရွေး ပြန်လည်ထိုးစစ်ဆင်နိုင်သောကြောင့် ဒေသခံပြည်သူများအနေဖြင့် တိုက်ပွဲသတင်းအား အစဥ်အမြဲ သတိပြုနေထိုင်ကြရန် လိုအပ်နေပါသည်။ ဝရဇိန်တပ်ဖွဲ့သည် မင်းအောင်လှိုင်၏ မတရားအာဏာသိမ်းမှုကို လုံးဝလက်မခံဘဲ လက်နက်ကိုင်လမ်းစဥ်ကိုရွေးပြီး အာဏာရှင်စနစ်ပြီးဆုံးသည်အထိ ပြည်သူ ဘက်ကရပ်တည်ပြီး တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း သိရသည်။...

Read More
en_USEnglish