Author: Salai

NUCC မှ ယာယီရပ်နားမှုများပြားလာချိန် အသစ်ဝင်မည့်အဖွဲ့တွေကော ရှိသလား

Exclusive Interview Episode -2/26 / Interview with Daw Hnin Hnin Hmway (တွဲဖက်အထွေထွေအတွင်းရေးမှူး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)   #NUCCAnalysis #MyanmarPolitics #FederalDemocracy #PoliticalDialogue #SpringRevolution #နိုင်ငံရေးဆွေးနွေးပွဲ...

Read More

ချင်းတော်လှန်ရေးမှာ အမျိုးသမီးရဲဘော်တွေ ဘယ်လောက်အရေးပါလဲ

မေးမြန်းသူ – RAIN ဖြေဆိုသူ – Elsa Revo ၊ စစ်ရေးအတွင်းရေးမှူးအဖွဲ့ဝင်၊ PDF-Zoland RAIN –  မိဘပြည်သူများ အားလုံးပဲ မင်္ဂလာပါရှင်။ The Kaladan Post ရဲ့ Youth and Women’s Affairs Program ကနေပြီးတော့ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့အင်တာဗျူး မှာတော့ PDF – Zoland ရဲ့ စစ်ရေးအတွင်းရေးမှူး ဆရာမ Elsa Revoကို ဖိတ်ခေါ်ထားတာပဲ ဖြစ်ပါတယ်ရှင်။ မင်္ဂလာပါ ဆရာမ။   Elsa Revo –  ဟုတ်ကဲ့ မင်္ဂလာပါရှင့်။   RAIN –  ဟုတ်ကဲ့ပါ အခုလိုမျိုး The Kaladan Post ကို အချိန်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဆရာမအနေနဲ့ပေါ့နော် ဒီတော်လှန်ရေးမှာ ဟို ဘယ်လိုတွေ ပါဝင်လာခဲ့လဲ အမျိုးသမီးတစ်ယောက်အနေနဲ့ လက်ရှိ ဒီ Zoland- PDF မှာ ဝင်ရောက်လာဖို့ ဆိုတာက ဒါ တော်ရုံသတ္တိနဲ့ဆိုလို့ရှိရင်တော့ ဒါ တော်တော်လေး မလွယ်တဲ့ကိစ္စ ဖြစ်တယ် ပေါ့နော်။ ဆိုတော့ ဒီလိုမျိုး စစ်ရေးလောကထဲ ဒီတော်လှန်ရေးလောကထဲကို ဝင်ရောက်လာဖို့ ရန်အတွက် ဘယ်လိုမျိုးဆုံးဖြတ်ချက်တွေ ဘယ်လိုခိုင်မာတဲ့ယုံကြည်ချက်တွေနဲ့ ရောက်ရှိလာ ခဲ့တယ်ဆိုတာ အရင်ဆုံးအနေနဲ့ မိဘပြည်သူများ ကို မိတ်ဆက်ပေးပါဦးရှင့်။   Elsa Revo –  ဟုတ်ကဲ့ အရင်ဦးဆုံး ကျွန်မနာမည်က အများဆုံး...

Read More

ဇန်နဝါရီလ (၁၇) ရက် သတင်းတိုပေါင်းချုပ်

ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆင်ချောင်းပျူစောထီးခေါင်းဆောင် လင်းထင်(ခ)ငလင်း အပါအဝင် ၁၀ ဦး သေဆုံး ဇန်န ၁၇ The Kaladan Post မကွေးတိုင်း ရေစကြိုမြို့နယ်၊ ရေစကြို-ပခုက္ကူ ကားလမ်းဘေးရှိ ဆင်ချောင်းကျေးရွာ (ပျူရွာ) တွင် တပ်စွဲနေသော ပျူစောထီးအဖွဲ့ကို ဒရုန်း Drop Bomb များဖြင့် ဇန်နဝါရီ ၁၅ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က တိုက်ခိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင် လင်းထင် (ခ) ငလင်း အပါအဝင် အဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်သည်။ သေဆုံးသွား သူ လင်းထင်မှာ ဝန်ကြီးဟောင်း ဦးစိုးမောင်၏ တူမဖြစ်သူ ညီအစ်ကို ဖြစ်ပြီး ၎င်း၏ အရှိန်အဝါကို အသုံးချကာ ဒေသခံပြည်သူများထံမှ ဆက်ကြေးကောက်ခံခြင်း၊ အမျိုးသမီးငယ်များကို ဖမ်းဆီးပြီး အချုပ်ခန်းအတွင်း မုဒိမ်းကျင့်ခြင်း အပါအဝင် ရာဇဝတ်မှုများစွာ ကျူးလွန်ခဲ့သူ ဖြစ်ကြောင်း ရေစကြို ပကဖ ထုတ်ပြန်တွင် ဖော်ပြထားသည်။ ထို့ပြင် မုဒိမ်းမှု လေးငါးမှုကျော်ရှိကြောင်း ထွက်ဆိုချက်များ ဖြင့် သက်သေအထောက်အထား ရရှိထားပြီး ဖြစ်ကြောင်း ဆိုသည်။ ရေစကြို ပကဖ အနေဖြင့် လင်းထင်အား အရှင်ဖမ်းဆီးရန် ဝေဟင်ကင်းထောက်ခြင်း၊ မြေပြင်စနိုက်ပါများဖြင့် တစ်လကျော်ကြာ စောင့်ကြည့်ထောက်လှမ်းခဲ့သော်လည်း အခွင့်အရေး သင့်လျော်ချိန်တွင် ခြင်းလုံးခတ်ကစားနေစဉ် ဒရုန်းဖြင့် တစ်ခါတည်း ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြထားသည်။...

Read More

အတုအယောင်ရွေးကောက်ပွဲအလွန် တော်လှန်ရေးအင်အားစုများ ဘာတွေပြုပြင်၊ ပြင်ဆင်ထားသင့်လဲ #EditorialTalk

စစ်ကောင်စီ ရွေးကောက်ပွဲအလွန် (Post-Election) ကာလမှာ သူတို့ မျှော်မှန်းထားတဲ့ စစ်ရေးနဲ့ နိုင်ငံရေး အခင်းအကျင်းက ဘာဖြစ်မလဲ။ တော်လှန်ရေး အရှိန်အဟုန် မြင့်တက်နေချိန်မှာ စစ်ကောင်စီရဲ့ နိုင်ငံရေး လှည့်ကွက်တွေကို ကြိုတင်သိမြင်နိုင်ပြီး စနစ်အပြောင်းအလဲ တကယ်ဖြစ်လာဖို့အတွက် လိုအပ်ချက်များ ဘယ်လိုပြင်ဆင်သင့်လဲဆိုတာတွေကို ဒီရုပ်သံဆွေးနွေးခန်းက နားဆင်နိုင်ပါတယ်။...

Read More

“ကရင်နီမှာ ဘာကြောင့် အခြားနေရာတွေထက် စုစည်းမှု ပိုကောင်းနေတာလဲ”

မေးမြန်းသူ – ဆလိုင်းဒိုခါရ် ဖြေဆိုသူ- Thu Rain၊ ကရင်နီပြည်လူငယ်များသမဂ္ဂ/ လူငယ်နှင့်နိုင်ငံရေးတာဝန်ခံ   ဆလိုင်းဒိုခါရ် – အားလုံးမင်္ဂလာပါ။ The Kaladan Post ကို အမြဲတမ်းကြည့်ရှုအားပေးတဲ့ မိဘပြည်သူများ။ အခုဒီတစ်ခါကတော့ ကျွန်တော်တို့ ကရင်နီဖက်က တော်လှန်ရေးရဲဘော် တစ်ဦးကို အင်တာဗျူးလုပ်ဖို့ ဖိတ်ခေါ်ထားပါတယ်။ သူကတော့ ကျွန်တော်တို့ ကိုသူရိန်လို့ခေါ် ပြီးတော့မှ အခုအချိန်မှာ ကရင်နီပြည် လူငယ်များသမဂ္ဂအဖွဲ့ရဲ့ လူငယ်နှင့်နိုင်ငံရေး တာဝန်ခံ တစ်ဦးဖြစ်ပါတယ်။ ဆိုတော့ ကိုသူရိန် အခုကျွန်တော်တို့ ကိုအချိန်ပေးတဲ့အတွက် ဦးစွာ ကျေးဇူးတင်ကြောင်း ပြောပြပါရစေခင်ဗျာ။ Thu Rain – ဟုတ်ကဲ့၊ ပါဝင်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာပါတယ်။   ဆလိုင်းဒိုခါရ် – ဟုတ်ကဲ့။ ပထမဦးစွာ ကိုသူရိန်အနေနဲ့ လက်ရှိတော်လှန်ရေးကဏ္ဍမှာ ပြည်သူ တွေနဲ့ အဖွဲ့များစွာ စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့ အင်အားစုတွေ ရှိနေကြသော်ငြားလည်း ကိုသူရိန်တို့အဖွဲ့အနေနဲ့သော်လည်းကောင်း၊ ကိုသူရိန်ကိုယ်တိုင်သော်လည်းကောင်း ပြည်သူတွေနဲ့အတူ ရပ်တည်ပြီးတော့မှ တော်လှန်ရေးမှာ ပါဝင်လာတဲ့ အကြောင်းအရင်းနဲ့ပေါ့ နော်။ အရင်ကရော ဘယ်လိုပုံစံမျိုး နောက်ခံသမိုင်းကြောင်း ရှိတဲ့သူလဲ ကိုယ့်ကိုယ်ကိုယ် မိဘပြည်သူများ မိတ်ဆက်ပေးပါခင်ဗျာ။ Thu Rain – ဟုတ်ကဲ့၊ ကျွန်တော်ကတော့ ဒီအာဏာမသိမ်းခင်မှာကတော့ ကရင်နီရဲ့ လူမျိုးစု လူငယ်တွေကြားမှာ အဓိကဒီလူမျိုးစုချင်းချင်းကြားမှာ ရင်းနှီးမှုတည်ဆောက်ရေးကိစ္စတွေ၊ ပြီးရင်တော့ ဒီဒေသဖွံ့ဖြိုးရေးကိစ္စတွေမှာ ဒီလူမျိုးစုအခြေမခံဘဲနဲ့ပေါ့နော် လူနည်းစု တိုင်းရင်းသားတွေ ချင်းချင်းကြားမှာ ယုံကြည်မှုတည်ဆောက်တယ်။ ပြီးရင်တော့ ဒီဒေသ ဖွံ့ဖြိုးရေးကိစ္စတွေမှာ ဒီထဲထဲဝင်ဝင်ပါဝင်ခဲ့တဲ့သူတစ်ဦးဖြစ်သလို...

Read More
en_USEnglish