ဇန်နဝါရီလ (၁) ရက် သတင်းတို ပေါင်းချုပ်
ရေဦးမြို့ ကြာဖူးအဝိုင်း ဂိတ်မှ စစ်ကောင်စီတပ်သား ကျော်မျိုးသူ သေနတ် ၂ လက်နှင့် အလင်းဝင် ဇန်န ၁ The Kaladan Post စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကြာဖူးအဝိုင်းစစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသော စစ် ကောင်စီတပ်သား ကျော်မျိုးသူသည် ဒီဇင်ဘာလ ၁၇ ရက် နံနက် ၇ နာရီဝန်းကျင်က သေနတ် ၂ လက်အပါအဝင် Wolf Guerrilla LDF Ye.U Air Force အဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။ အဆိုပါ အလင်းဝင်တပ်သား ကျော်မျိုးသူသည် စစ်မှုထမ်းသစ်မဟုတ်ဘဲ သန္ဓေတပ်သား တစ်ဦးဖြစ်ပြီး အထက်အရာရှိ၏ နှိပ်စက်မှုကို မခံနိုင်သဖြင့် ထွက်ပြေးအလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း Wolf Guerrilla LDF Ye.U Air Force သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုညိုက ပြောကြားခဲ့သည်။ အလင်းဝင်မှုအတွက် အဆိုပါအဖွဲ့က ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၁၀၀ ကို ဒီဇင်ဘာလ ၂၉ ရက်တွင် ချီးမြှင့်ခဲ့သည်။ “ကျန်တဲ့ စစ်ကောင်စီတပ်သားများလည်း စဉ်းစားချင့်ချိန်ပြီး လာရောက်ပေါင်း စေချင်ပါတယ်။ မိမိတို့အဖွဲ့အစည်းက နွေးထွေးစွာ ကြိုဆိုလျက်ရှိပါတယ်” ဟု ရဲဘော်ကိုညိုက ဆက်လက်ပြောကြားခဲ့သည်။ Wolf Guerrilla LDF Ye.U Air Force အဖွဲ့က အလင်းဝင်လိုသူ စစ်ကောင်စီ တပ်သားများကို နွေးထွေးစွာ ကြိုဆိုမည်ဖြစ်ပြီး လိုအပ်သော အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အလင်းဝင်လိုပါက ဖေ့စ်ဘုတ်စာမျက်နှာမှတစ်ဆင့် ဆက်သွယ်နိုင်ကြောင်း အသိပေး နှိုးဆော်ထားသည်။...
Read More