ဖေဖော်ဝါရီလ (၂၅) ရက် သတင်းတိုပေါင်းချုပ်
မွန်ပြည်နယ်တွင် စစ်တပ် ရဲစခန်းနှင့် စစ်ကြောင်း တိုက်တိုက်ခိုက်ခံရပြီး စစ်သား ၅ ဦး သေဆုံး ဖေဖော် ၂၅ The Kaladan Post မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အနင်းကျေးရွာ ရဲစခန်းကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ညီနောင်ဒရုန်း တပ်ပေါင်းစုမှ ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ဆောင်းဘောက် ဖွင့်ကခုန်နေချိန်တွင် အခွင့်အရေး ယူ၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၂ ရက်တွင် ရေးမြို့နယ် နှစ်ကရင်ရွာအတွင်း အင်အား ၁၅၀ ခန့်ဖြင့် ဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်း ကို ဒရုန်းဗုံးသီးဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့သည်။ ဤဒရုန်းတိုက်ခိုက်မှုများတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း (MSRF)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းတွင် ရေးမြို့နယ် အောင်သပြေကျေးရွာအနီး ရောက်ရှိ နေသော အင်အား ၁၅၀ ပါ စစ်ကောင်စီ စစ်ကြောင်းနှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန လက်အောက်ခံ တပ်များဖြစ်သော မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) နှင့် မဟာမိတ်တပ်ဖွဲ့များအကြား ပြင်းထန်သော တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နံနက် ၇ နာရီ ၁၇ မိနစ်မှ ၈ နာရီ ၀၅ မိနစ်အထိ မိနစ်...
Read More