Author: Salai

ရုရှားနှင့် ယူကရိန်း နှစ်ဖက်စလုံး အပေးအယူလုပ်ရန် လူကာရှင်ကို တိုက်တွန်း

ဇွန် ၁၆၊ ၂၀၂၆ The Kaladan Post   ရုရှားသမ္မတ ပူတင်ရဲ့ အရင်းနှီးဆုံး မဟာမိတ်တစ်ဦးဖြစ်တဲ့ ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှင်ကို (Alexander Lukashenko) က ၄ နှစ်ကျော် ကြာမြင့်လာပြီဖြစ်တဲ့ ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့အတွက် နှစ်ဖက်စလုံးက အပေးအယူလုပ် (Compromise) ကြဖို့ ဇွန်လ ၁၅ ရက်နေ့မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ သမ္မတ လူကာရှင်ကိုက Al Arabiya ရုပ်သံနဲ့ အင်တာဗျူးမှာ အခုလို ပြောကြားခဲ့တာဖြစ်ပြီး လက်ရှိစစ်မြေပြင် အခြေအနေအရ ရုရှားရော၊ ယူကရိန်းပါ အပြတ်အသတ် အနိုင်ရဖို့ဆိုတာ လက်တွေ့မကျတဲ့ အခြေအနေဖြစ်နေပြီလို့ ဆိုပါတယ်။ ဒါကြောင့် ရေရှည်ငြိမ်းချမ်းရေးအတွက် အပေးအယူလုပ်ပြီး ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ သဘောတူညီမှုရယူဖို့ အရေးတကြီး လိုအပ်နေပြီလို့လည်း သိရပါတယ်။ ၎င်းက “နှစ်ဖက်စလုံးက နောက်ထပ်ရှေ့ဆက်တိုးလို့ မရတော့ဘူးဆိုတာကို သဘောပေါက်လာမယ်ဆိုရင်၊ ဒါမှမဟုတ် ရှေ့ဆက်သွားရင် အခြေအနေတွေ ပိုဆိုးသွားမယ်ဆိုတာကို နားလည်လာမယ်ဆိုရင် အပေးအယူတစ်ခု ဖြစ်လာနိုင်ပါတယ်” လို့ အင်တာဗျူးမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သမ္မတ လူကာရှင်ကိုက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ တွေ့ဆုံဆွေးနွေးဖို့ကိုလည်း လမ်းဖွင့်ထားကြောင်း ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ ဆိုဗီယက်နိုင်ငံဟောင်းတစ်ခုဖြစ်တဲ့ ဘယ်လာရုစ်ဟာ ဝါရှင်တန်နဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ ယူကရိန်းနိုင်ငံအနေနဲ့ ဘယ်လာရုစ်ဘက်က ဘာကိုမှ စိုးရိမ်စရာ မလိုဘူးလို့လည်း သမ္မတ လူကာရှင်ကိုက ကတိပေးပြောဆိုထားပါတယ်။ လက်ရှိမှာတော့ ရုရှားတပ်တွေဟာ ရှေ့တိုးနေဆဲဖြစ်ပေမဲ့ စစ်ပွဲကို...

Read More

အိန္ဒိယပြီးနောက် တရုတ်သို့သွားသည့် နီပေါနိုင်ငံခြားရေးဝန်ကြီး – ပေကျင်းနှင့် နယူးဒေလီကြား အားပြိုင်မှုကို အသုံးချနိုင်မလား

ဇွန် ၁၆၊ ၂၀၂၆ The Kaladan Post   နီပေါနိုင်ငံခြားရေးဝန်ကြီး ရှီဆာခါနယ် (Shisir Khanal) ဟာ ပြီးခဲ့တဲ့ မတ်လရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက်ပိုင်း အင်အားကြီး အိမ်နီးချင်း တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် သံတမန်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီး တရုတ်ထိပ်တန်းသံတမန် ဝမ်ယိ (Wang Yi) နဲ့ ဇွန်လ ၁၅ ရက်နေ့က ပေကျင်းမြို့မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ထူးခြားချက်အနေနဲ့ ဝန်ကြီး ခါနယ်ဟာ တရုတ်နိုင်ငံကို မလာခင် ရက်ပိုင်းအလိုမှာပဲ ပေကျင်းရဲ့ ဒေသတွင်းပြိုင်ဘက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံကို အရင်ဆုံး သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ အရင်က တရုတ်နဲ့ ရင်းနှီးတဲ့ ကွန်မြူနစ်ညွန့်ပေါင်းအစိုးရ ပြုတ်ကျသွားပြီးနောက်မှာ ပေါ်ထွက်လာတဲ့ နီပေါအစိုးရသစ်ရဲ့ အခုလို ခြေလှမ်းတွေဟာ တရုတ်သံတမန်တွေအတွက်တော့ ခေါင်းခဲစရာ ဖြစ်နေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ တွေ့ဆုံပွဲအတွင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက “တရုတ်နိုင်ငံဟာ သူ့ရဲ့ ‘အိမ်နီးချင်း သံတမန်ရေးရာ’ မှာ နီပေါကို အမြဲတမ်း ရှေ့တန်းမှာ ထားရှိပါတယ်” လို့ ပြောကြားခဲ့သလို၊ နီပေါရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကိုလည်း အပြည့်အဝ ထောက်ခံသွားမယ်လို့ အတည်ပြုခဲ့ကြောင်း သိရပါတယ်။ နီပေါဟာ လူဦးရေ သန်း ၃၀ နီးပါးရှိတဲ့ နိုင်ငံငယ်လေး ဖြစ်ပေမဲ့ အိန္ဒိယနဲ့ရော တရုတ်နဲ့ပါ နယ်နိမိတ် ထိစပ်နေတဲ့အတွက် ဒီအင်အားကြီး နှစ်နိုင်ငံကြားမှာ သံတမန်ရေးအရ အသာစီးရအောင် (Leverage) အသုံးချနိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ပညာရှင်တွေက...

Read More

အမေရိကန်နှင့် အီရန် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုး၊ ကမ္ဘာ့ရေနံဈေးများ ချက်ချင်းထိုးကျသွား

ဇွန် ၁၆၊ ၂၀၂၆ The Kaladan Post   အမေရိကန်နဲ့ အီရန်နိုင်ငံတို့ကြား ပင်လယ်ကွေ့စစ်ပွဲကို အဆုံးသတ်ဖို့အတွက် ကနဦး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပြီလို့ သမ္မတ ဒေါ်နယ်ထရန့်က ဇွန်လ ၁၅ ရက်နေ့မှာ အတည်ပြုပြောကြားလိုက်ပါတယ်။ ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ G7 ထိပ်သီးအစည်းအဝေးအတွင်း ခုလို သတင်းစကား ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်အရ ပြီးခဲ့တဲ့ ဧပြီလက ရရှိထားတဲ့ အပစ်ရပ်စဲမှုကို နောက်ထပ် ရက်ပေါင်း ၆၀ ထပ်မံသက်တမ်းတိုးမှာဖြစ်သလို၊ အီရန်ဘက်က ပိတ်ဆို့ထားတဲ့ ဟောမုဇ်ရေလက်ကြား (Strait of Hormuz) ကိုလည်း ပြန်လည်ဖွင့်လှစ်ပေးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ စာချုပ်ပါ အသေးစိတ်အချက်အလက်တွေကိုတော့ အခုအချိန်အထိ လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ နှစ်နိုင်ငံစလုံးကလည်း ဒါဟာ ကနဦးအဆင့်သာ ဖြစ်တာကြောင့် အမြဲတမ်းစစ်ပြေငြိမ်းရေးအတွက်ကိုတော့ ဆက်လက်ညှိနှိုင်းသွားရဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အငြင်းပွားဖွယ်ဖြစ်နေတဲ့ အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကိုတော့ နောက်ပိုင်းဆွေးနွေးပွဲတွေမှာမှ သီးခြားဆွေးနွေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ “အခုလို ငြိမ်းချမ်းရေးအရိပ်အယောင်တွေ ထွက်ပေါ်လာတာကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းတွေဟာ ၃ လအတွင်း အနိမ့်ဆုံးအဆင့်အထိ ချက်ချင်းထိုးကျသွားခဲ့ပါတယ်” လို့ စီးပွားရေးလေ့လာသူတွေက ပြောပါတယ်။ တစ်ဖက်မှာလည်း အီရန်နိုင်ငံခြားရေးဝန်ကြီးက အစ္စရေးအနေနဲ့ လက်ဘနွန်အပေါ် တိုက်ခိုက်နေတာတွေကို ရပ်တန့်ရမယ်လို့ တောင်းဆိုထားပါတယ်။ လက်ရှိမှာတော့ အမေရိကန်နဲ့ အီရန်ကြားက ဒီအပစ်ရပ်စာချုပ်ဟာ ဒေသတွင်း တည်ငြိမ်ရေးအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်လို့ နိုင်ငံတကာက...

Read More

စစ်ကောင်စီကို တရားဝင်မှုပေးသကဲ့သို့ ဖြစ်နေသည့် အာဆီယံ၏ ခြေလှမ်းများအပေါ် ကျွမ်းကျင်သူများ သတိပေး

ဇွန် ၁၆၊ ၂၀၂၆ The Kaladan Post   မြေပြင်မှာ ထင်သာမြင်သာရှိတဲ့ တိုးတက်မှုတစ်စုံတစ်ရာ မပြသနိုင်ဘဲ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က မြန်မာစစ်ကောင်စီနဲ့ သီးခြားစီ သွားရောက်တွေ့ဆုံနေတာဟာ စစ်ကောင်စီကို တရားဝင်မှု ပေးလိုက်သလို ဖြစ်သွားနိုင်ပြီး အာဆီယံရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေနိုင်တယ်လို့ နိုင်ငံတကာရေးရာ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဆူဂျီယိုနို (Sugiono) ရဲ့ နေပြည်တော်ခရီးစဉ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အင်ဒိုနီးရှားဝန်ကြီးတစ်ဦးရဲ့ ပထမဆုံး ခရီးစဉ်ဖြစ်လာခဲ့ပါတယ်။ အဲဒီခရီးစဉ်အတွင်းမှာ ဝန်ကြီးဆူဂျီယိုနိုဟာ သမ္မတ ပရာဘိုဝို ဆူဘီယန်တိုရဲ့ သဝဏ်လွှာကို စစ်ကောင်စီဥက္ကဋ္ဌဆီ ပေးအပ်ခဲ့သလို၊ ဆွေးနွေးမှုတွေဟာလည်း “ရင်းနှီးပွင့်လင်းတဲ့ အခင်းအကျင်း” မှာ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ အလားတူ ပြီးခဲ့တဲ့ ဧပြီလမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ မေလမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးတို့ဟာလည်း နေပြည်တော်ကို အသီးသီး သွားရောက်ခဲ့ကြပါသေးတယ်။ ဒီလို သီးခြားစီ သွားရောက်တွေ့ဆုံမှုတွေဟာ မြန်မာစစ်ကောင်စီကို အထီးကျန်အောင် ပိတ်ဆို့ထားတဲ့ မူဝါဒကနေ “လက်တွေ့ကျကျ ပြန်လည်ညှိနှိုင်းတဲ့” ဗျူဟာဘက်ကို ပြောင်းလဲလာတာ ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ စင်ကာပူအခြေစိုက် ISEAS အာဆီယံလေ့လာရေးစင်တာမှ အကြီးတန်းအရာရှိ ဂျိုအန်းလင်း (Joanne Lin) က “ဒါကို လက်တွေ့ကျကျ ပြန်လည်ညှိနှိုင်းတာလို့ မြင်နိုင်ပါတယ်။ ပိတ်ဆို့အထီးကျန်ရုံနဲ့ ဘာတိုးတက်မှုမှ မရဘူးဆိုတာကို ဂျကာတာက သဘောပေါက်လာတာပါ” လို့ ဆိုပါတယ်။ ဒါပေမဲ့ မြေပြင်မှာ...

Read More

ရွေးတုသမ္မတဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ် သွားရောက်၊ ရှီကျင့်ဖျင်နှင့်တွေ့ဆုံကာ နိုင်ငံရေးတရားဝင်မှုရယူရန် ကြိုးပမ်း

ဇွန် ၁၆၊ ၂၀၂၆ The Kaladan Post   မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံဆီကို ၅ ရက်ကြာ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်နေပြီး၊ ဒါဟာ အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲတွေအပြီးမှာ သူ့ရဲ့အစိုးရအတွက် နိုင်ငံတကာ သံတမန်ရေးရာ တရားဝင်မှုရရှိဖို့ အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ အခုခရီးစဉ်အတွင်းမှာ ရွေးတုသမ္မတဦးမင်းအောင်လှိုင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့လကုန်ပိုင်းက အိန္ဒိယနိုင်ငံကို သွားရောက်ပြီး ဝန်ကြီးချုပ် မိုဒီနဲ့ တွေ့ဆုံခဲ့တဲ့ ခရီးစဉ်ရဲ့နောက်မှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ Crisis Group ရဲ့ မြန်မာ့အရေး အကြီးတန်းအကြံပေး Richard Horsey ကတော့ “တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် လက်ခံတွေ့ဆုံတဲ့ ဒီနိုင်ငံတော်အဆင့်ခရီးစဉ်ဟာ တရုတ်အနေနဲ့ မြန်မာအစိုးရသစ်ကို အပြည့်အဝ မိတ်ဖက်အဖြစ် ဆက်ဆံဖို့ ပြင်ဆင်ထားတယ်ဆိုတဲ့ သိသာထင်ရှားတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်” လို့ သုံးသပ်ပြောကြားထားပါတယ်။ အခုခရီးစဉ်မှာ ထူးခြားချက်အနေနဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က ဝန်ကြီးချုပ်တွေပါ လိုက်ပါသွားတာကြောင့် နယ်စပ်ကုန်သွယ်ရေးနဲ့ သယံဇာတကိစ္စတွေကို အဓိကထား ဆွေးနွေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ရပ်တန့်နေတဲ့ မြစ်ဆုံစီမံကိန်း၊ တရုတ်ရဲ့ အဓိက ရင်းနှီးမြှုပ်နှံမှုတွေဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေအပြင် မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းတွေကိုပါ ထည့်သွင်းဆွေးနွေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ကုန်သွယ်ဖက်နဲ့ ရင်းနှီးမြှုပ်နှံသူဖြစ်သလို၊ ၎င်းရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက်...

Read More

Recent Comments

No comments to show.
https://www.youtube.com/watch?v=L0PYZwAg8uQ&ab_channel=TheKaladanPost

Subscribe

en_USEnglish