ဇွန်လ (၁၅) ရက် သတင်းတိုပေါင်းချုပ်
ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့်မွေးနေ့အကြို ဆုတောင်းပွဲများ နိုင်ငံအသီးသီးတွင် ကျင်းပ ဇွန် ၁၅ The Kaladan Post ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများရှိ ပြည်ပရောက်မြန်မာ နိုင်ငံသားများက ဇွန်လ ၁၄ ရက်နေ့တွင် စုပေါင်းဆုတောင်းပွဲများနှင့် ဂုဏ်ပြုအစီအစဉ်များ ကျင်းပခဲ့ ကြသည်။ အဆိုပါလှုပ်ရှားမှုများတွင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ရေးနှင့် မြန်မာ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အဓိက ဆုတောင်းခဲ့ကြောင်း သိရသည်။ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့တွင် ပြည်ပရောက်မြန်မာများနှင့် တော်လှန်ရေးထောက်ခံသူများ စုပေါင်းကာ မွေးနေ့အကြိုဆုတောင်းပွဲ ပြုလုပ်ခဲ့ပြီး၊ တောင်ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့အနီး ဂယဲဆန်းတောင်ပေါ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့် ဆီမီးသပိတ် လှုပ်ရှားမှု ကျင်းပခဲ့သည်။ အဆိုပါအစီအစဉ်တွင် တော်လှန်ရေးအားပေးစကားများ ပြောကြားခြင်း၊ ကဗျာရွတ်ဆိုခြင်းနှင့် တော်လှန်ရေးသီချင်းများ သီဆိုခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် ဂျပန်နိုင်ငံ Shizuoka ခရိုင်၊ Gotemba မြို့ရှိ ငြိမ်းချမ်းရေးပန်းခြံတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲကို မြန်မာအင်အားစုများ စုပေါင်းကျင်းပခဲ့ကြောင်း သိရသည်။ #ဒေါ်အောင်ဆန်းစုကြည်#၈၁နှစ်ပြည့်မွေးနေ့#ပြည်ပရောက်မြန်မာများ#နိုင်ငံရေးအကျဉ်းသားများ #တော်လှန်ရေး#ဆုတောင်းပွဲ#မြန်မာသတင်း ပခုက္ကူတွင် စစ်ကောင်စီတပ်သား ၂ ဦး COBRA ONE Pakokku ထံ အလင်းဝင်ပူးပေါင်း ဇွန် ၁၅ The Kaladan Post...
Read More