မေးမြန်းသူ – RAIN

ဖြေဆိုသူ – Elsa Revo ၊ စစ်ရေးအတွင်းရေးမှူးအဖွဲ့ဝင်၊ PDF-Zoland

RAIN –  မိဘပြည်သူများ အားလုံးပဲ မင်္ဂလာပါရှင်။ The Kaladan Post ရဲ့ Youth and Women’s Affairs Program ကနေပြီးတော့ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့အင်တာဗျူး မှာတော့ PDF – Zoland ရဲ့ စစ်ရေးအတွင်းရေးမှူး ဆရာမ Elsa Revoကို ဖိတ်ခေါ်ထားတာပဲ ဖြစ်ပါတယ်ရှင်။ မင်္ဂလာပါ ဆရာမ။

 

Elsa Revo –  ဟုတ်ကဲ့ မင်္ဂလာပါရှင့်။

 

RAIN –  ဟုတ်ကဲ့ပါ အခုလိုမျိုး The Kaladan Post ကို အချိန်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဆရာမအနေနဲ့ပေါ့နော် ဒီတော်လှန်ရေးမှာ ဟို ဘယ်လိုတွေ ပါဝင်လာခဲ့လဲ အမျိုးသမီးတစ်ယောက်အနေနဲ့ လက်ရှိ ဒီ Zoland- PDF မှာ ဝင်ရောက်လာဖို့ ဆိုတာက ဒါ တော်ရုံသတ္တိနဲ့ဆိုလို့ရှိရင်တော့ ဒါ တော်တော်လေး မလွယ်တဲ့ကိစ္စ ဖြစ်တယ် ပေါ့နော်။ ဆိုတော့ ဒီလိုမျိုး စစ်ရေးလောကထဲ ဒီတော်လှန်ရေးလောကထဲကို ဝင်ရောက်လာဖို့ ရန်အတွက် ဘယ်လိုမျိုးဆုံးဖြတ်ချက်တွေ ဘယ်လိုခိုင်မာတဲ့ယုံကြည်ချက်တွေနဲ့ ရောက်ရှိလာ ခဲ့တယ်ဆိုတာ အရင်ဆုံးအနေနဲ့ မိဘပြည်သူများ ကို မိတ်ဆက်ပေးပါဦးရှင့်။

 

Elsa Revo –  ဟုတ်ကဲ့ အရင်ဦးဆုံး ကျွန်မနာမည်က အများဆုံး ဒီတော်လှန်ရေးမှာ ခေါ်ကြတာတော့ ဘာဘီလို့ခေါ်ကြတာပေါ့နော် ဆရာမ ဘာဘီပေါ့။ ဆိုတော့ ဘယ်လို ဆုံးဖြတ်ချက်ချခဲ့လဲဆိုတော့ အဲ့လိုပြောဖို့ဆို ကျွန်မရဲ့ ဒီတော်လှန်ရေးသမိုင်းကြောင်းအရ နည်းနည်းပါးပါး အတိုချုံးလေးပြောပြရမယ်ဆိုရင်တော့ ဒီ အာဏာသိမ်းပြီးတော့ အာဏာ သိမ်းပြီးတော့ အရင်ဆုံး ဆန္ဒပြတဲ့ ဟာတွေရှိတယ်။ အဲ့ဒီမှာလည်း တက်တက်ကြွကြွနဲ့ ပါဝင်ခဲ့ တယ်ပေါ့နော်။ နေ့တိုင်းလုံးဝမပျက်ဘူး။ အိမ်ကလုံးဝမလွှတ်လည်း ခိုးပြီးမှကို သွားကြ တာပေါ့နော်။ သွားပြီးတော့ ဒီတစ်လကျော်ကျော်လောက်မှာ ကလေးသပိတ်ကနေပြီးမှ အဖမ်းခံလိုက်ရတယ်။ အဲ့ဒါပြီးတော့ကို ဒီထောင်ထဲမှာ ဟို ၂၀၂၁ ခုနှစ် နှစ်ကုန် နီးပါး လောက်အထိကို ထောင်ထဲမှာ အချိန်ကုန်ခဲ့တယ်ပေါ့နော်။ အဲ့ဒီအချိန်တုန်းက ဟို ဘယ်လိုလဲ အခုလိုအချိန်မှာ ဖမ်းခံရတဲ့သူလောက် မနှိပ်စက်ခံရပေမယ့် အဲ့ဒီအချိန်တုန်းက ကိုယ့် စိတ်ထဲမှာ ခံယူထားတဲ့ ခံယူချက်နဲ့ အခုချိန်မှာဆို ခံယူချက်က ပြင်းပြနေပြီ။ ဒါပေမယ့် အဲ့ဒီတုန်းကကျတော့ ဟို ကိုယ်ခံယူထားတဲ့ ခံယူချက်နဲ့ဆို ဒီထောင်ထဲမှာ ခံစားရတဲ့အရာ တွေက ခံစားဖို့ ဟို ဘယ်လိုလဲ စိတ်ဓာတ်ခွန်အားတွေက ပြည့်ဝမနေဘူး။ ပြည့်ဝမနေတဲ့ အခါကျတော့ ဒီထောင်ထဲကနေထွက်လာတဲ့အချိန်မှာ နည်းနည်းထရော်မာတွေ ရခဲ့တယ် ပေါ့နော်။ ဆိုတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးပိုင်းတွေ ကို အချိန် နည်းနည်းယူပြီးတော့ ဒီ PDF – Zoland ရဲ့ စခန်းထဲကို ပြန်လာတာကကျတော့ ဒီ ၂၀၂၄ ပိုင်း လောက်မှာပဲ ပြန်ဝင်လာနိုင်တယ်ပေါ့ ဟုတ်။ အဲ့လိုဆိုတော့ ဆုံးဖြတ်ချက်အနေနဲ့ကတော့ နောက်ဆုံးကိုယ့်အဖမ်းခံရတယ် ပြန်လွတ်လာတယ်။ ဖမ်းခံရရင်တောင်မှ ငါ တော်လှန်ရေးကို မပြီးမချင်းတော့ မရပ်ဘူးဆိုတဲ့ ခံယူချက်တို့ရှိပြီးသားပေါ့နော်။ ဒါပေမယ့် ကိုယ်ရဲ့ ခန္ဓာကိုယ် အခြေအနေရရော စိတ်ပိုင်းဆိုင်ရာအခြေအနေရရော ဟို ဒီစခန်းဘက်မှာပဲဖြစ်ဖြစ် ဒီတော်လှန်ရေးလုပ်ငန်းစဉ်တွေမှာ ဝင်ပါဝင်ဖို့ ခွန်အားမရှိသေးလို့ ခဏနားတာပဲရှိတယ်။ ပြီးတော့ နည်းနည်းကိုယ်အဆင်ပြေပြီဆိုတာနဲ့ ဟို စခန်းထဲကို ပြန်လာတယ် တောထဲကို ဝင်လာတယ်ပေါ့။

 

RAIN –  ဟုတ်ကဲ့ပါ ဟုတ်ကဲ့ ဆိုတော့ ဆရာမတို့ရဲ့ ခံယူချက်နဲ့ ဆုံးဖြတ်ချက်တွေကို အင်မတန်မှ လေးစားရပါတယ်။ ဆိုတော့ နောက်တစ်ချက်အနေနဲ့ ဆရာမ လက်ရှိ အခြေအနေမှာ ဒီ PDF-ZOLANDရဲ့ စစ်ရေးအတွင်းရေးမှူး အဖွဲ့ဝင်တစ်ယောက်အနေနဲ့လည်း ထမ်းဆောင်တဲ့အပြင်မှာ ဒါ ရုံးပိုင်းဆိုင်ရာ တာဝန်တွေကိုလည်း တစ်ပြိုင်နက်တည်း ထမ်းဆောင်နေတယ်လို့ သိရတယ်ပေါ့နော်။ ဆိုတဲ့အခါကျတော့ ဒီလိုမျိုး တာဝန်နှစ်ခုကို ပေါင်းစပ်ပြီးတော့မှ ထမ်းဆောင်ရတဲ့အခါမှာ ဆရာမအနေနဲ့ ဘယ်လိုမျိုး စိန်ခေါ်မှုတွေ ဘယ်လိုအခက်အခဲတွေ ပြီးတော့ ဟို အမျိုးသမီးတစ်ဦးဖြစ်သည့်အားလျော်စွာပေါ့နော် စိတ်ပိုင်းဆိုင်ရာ ပြီးတော့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ အခက်အခဲတွေကို ရော ဘယ်လိုခွန်အား တွေနဲ့ ကျော်လွှားပြီးတော့မှ ရင်ဆိုင်နေလဲဆိုတာကိုလည်း ပြောပြပေးပါဦးရှင့်။

 

 

Elsa Revo –  စစ်ရေးအတွင်းရေးမှူးဆိုတာတော့ ဟို ကျွန်မတို့ ဒီ တပ်တော်က ဟိုလိုမျိုး တခြား ဟို လက်နက်ကိုင်အဖွဲ့တွေလိုမျိုးပဲဖြစ်ဖြစ်ပေါ့နော် တကယ့် အင်္ဂါရပ်စုံ ပြည့်ဝတဲ့ အဖွဲ့အစည်းတော့ မဟုတ်သေးဘူး။ ဆိုတော့ တာဝန်တော့ ထမ်းဆောင်နေတယ်။ ဒါပေမယ့် တရားဝင်ပေါ့နော် ဒီ ဟို ရာထူးခန့်အပ်ခြင်းမျိုး မရှိသေးဘူး။ ပြီးလို့ရှိရင် ကျွန်မတို့ ဒီ ဒီက ဒီ PDF-ZOLANDဟာဆိုရင် ဟို တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့အနေနဲ့ပေါ့နော် ရာထူး ဆိုတာမျိုးထက် တာဝန်တွေ ပိုများတာပေါ့နော်။ ဆိုတော့ လုပ်ရတာကတော့ အစုံပါပဲ။ အစုံပါပဲ။ နာမည်အရတော့ ရုံးပိုင်းဆိုင်ရာပေါ့။ ဒါပေမယ့် တစ်ခါတလေကျတော့လည်း မဟာမိတ်ဆက်ဆံရေးဖြစ်သွားလိုက်တယ်။ ဆိုတော့ အစုံလုပ်ရပါတယ်။ ဆိုတော့ ဒီ တာဝန်တွေထမ်းဆောင်ရတဲ့အချိန်မှာတော့ တချို့အရာတွေက ကိုယ်မနိုင်တဲ့ဝန်တွေ လည်း ရှိတယ်။ အဲ့ဒီအချိန်ကျရင်တော့ ကိုယ်နိုင်နိုင်သလောက် ထမ်းတယ်ဆိုတဲ့သဘောပါပဲ အဓိကကတော့။

 

RAIN –  ဟုတ်ကဲ့ပါ ဆိုတော့ အမရဲ့ ဒီတော်လှန်ရေး ကာလတစ်လျှောက်ပေါ့နော်။ ဟို ဆရာမအနေနဲ့ ကြုံတွေ့ရတဲ့အရာတွေ အခက်အခဲတွေ စိန်ခေါ်မှုတွေလည်း အများကြီးဖြစ် မယ်ပေါ့နော်။ အဲ့ဒီထဲမှာမှ ဒီတော်လှန်ရေးကာလတောက်လျှောက်မှာ အမှတ်တရအဖြစ်ဆုံးနဲ့ ဒါမှမဟုတ်ရင် ဟို စိတ်ထိခိုက်စရာအဖြစ်ဆုံးဆိုတဲ့ အဖြစ်အပျက်တွေ အတွေ့အကြုံတွေ ရှိခဲ့ရင်လည်း မျှဝေပေးပါဦးရှင့်။

 

Elsa Revo –  ဒီ တော်လှန်ရေးကိစ္စတွေက အပိုင်းပိုင်းလိုက်ရှိတယ်လေ ဥပမာ ဆန္ဒပြတဲ့ အပိုင်းတို့ ပြီးလို့ရှိရင် ထောင်ထဲမှာ ဖြတ်သန်းရတဲ့အပိုင်းတို့ ကိုယ့်စခန်းမှာ နေရတဲ့ အတွက်ကြောင့်မို့လို့ ရဲဘော်တွေနဲ့ ဆက်ဆံရတဲ့အခါမှာ အဲ့လိုမျိုးအပိုင်းတွေ အများကြီးရှိ တယ်ပေါ့နော်။ ဆိုတော့ မှတ်မှတ်ရရ ပြောရမယ်ဆိုရင်တော့ လွန်ခဲ့တဲ့နှစ်တုန်းကပေါ့ ၂၀၂၄ ကျွန်မတို့ ဒီ CB အနေနဲ့ပေါ့နော် ချင်း Brotherhood အနေနဲ့ ဒီ ဖလမ်းတိုက်ပွဲ စစ်ဆင်နွှဲ နေတဲ့အချိန်မှာ ကျွန်မတို့ကျတော့ တော်တော်များများက တစ်ဝက်ကျော်ကျော်နီးပါး လောက် က စစ်ကူသွားတယ်ပေါ့နော်။ စစ်ကူသွားတယ်။ ပြီးရင် နောက်ထပ်ကျန်တဲ့ တစ်ဝက်နီးပါး လောက်က သင်တန်းတက်နေတယ်။ ကျွန်မတို့ တပ်မြင့်သင်တန်းရှိတယ်။ ဆိုတော့ သင်တန်းတက်နေတဲ့အခါကျတော့ စခန်းမှာလူအများကြီးမရှိဘူး။ လူအများကြီးမရှိတော့ အဲ့ဒီနေ့က နိုဝင်ဘာလလောက်ဖြစ်မယ်ထင်တယ်။ ဟို ကျွန်မတို့ ရဲဘော်တစ်ဦးပေါ့နော် ဒီ ကနေဒီတိုက်ပွဲမှာ ကျသွားတဲ့ ရဲဘော်တစ်ဦးရဲ့ နှစ်ပတ်လည်။ အဲ့ဒါကို သူ့ရဲ့မိဘတွေက နှစ်ပတ်လည်အနေနဲ့ ဟို အမှတ်တရပေါ့နော်။ အဲ့လိုမျိုး အခမ်းအနားလုပ်ချင်တယ် ဆိုတဲ့အခါကျတော့ ကျွန်မတို့ တပ်ရင်းတိုင်းကို ဖိတ်တယ်။ အဲ့ဒါနဲ့ တပ်ရင်းကိုယ်စားအနေနဲ့ ကျွန်မနဲ့ ရဲဘော်တစ်ဦးသွားကြတယ်။ အာ သူ့ရဲ့အုတ်ဂူသွားတယ်။ အမှတ်တရ ဟို ဆုတောင်း ကြတယ်။ ပြီးတော့ မိသားစုတွေနဲ့ အချိန်ကုန်တယ်။ သူ့ရဲ့မိသားစုဝင်တွေကလည်း ကျွန်မတို့ နဲ့ အချိန်ကုန်ချင်တဲ့အခါကျတော့ ဟို ဘယ်လိုလဲ ရဲဘော်တွေ မနေနေအောင်ဆိုပြီးမှပေါ့နော် ခေါင်ရည်တွေတိုက်ကြတာက လုံးဝ မင်းတို့မအိပ်လို့မရဘူးဘာညာပေါ့နော်။ အဲ့ဒီမှာ ကျွန်မ အချိန်ကုန်နေတဲ့အချိန်မှာ ကျွန်မ miss call တွေတအားဝင်နေတယ်။ အဲ့ဒီမှာကျတော့ ဖုန်းလိုင်းမရဘူး ။ miss call က တအားများနေတယ်။ များနေတဲ့အခါကျတော့ စစ်ပွဲကာလလည်းဖြစ်တဲ့အခါကျတော့ နည်းနည်း စိတ်ကသိကအောက်ဖြစ်တဲ့အခါကျတော့ လိုင်းရှိတဲ့နေရာသွားပြီးတော့ ဖုန်းပြန်ခေါ်လိုက်တာပေါ့။ ဖုန်းပြန်ခေါ်လိုက်တဲ့အခါကျတော့ အဲ့ဒီနေ့မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲပေါ့နော်။ ရဲဘော်တစ်ဦးရဲ့ နှစ်ပတ်လည်သွားတဲ့နေရာမှာ အဲ့ဒီနေ့မှာ ကျွန်မတို့ အရမ်း ချစ်ခင်လေးစားရတဲ့ ရဲဘော်နှစ်ဦးပေါ့နော်။ အဲ့ဒီနေ့မှာ ကျသွား တယ်လို့ ပြောတယ်။ ကျသွားတဲ့အခါကျတော့ တကယ်တမ်းဆို အဲ့ဒီရဲဘော်တို့ အိမ်မှာ အိပ်ဖို့တော့ စဉ်းစားထားတာပေါ့နော်။ အဲ့ဒါနဲ့ အဆင်မပြေတော့ဘူးဆိုမှ တစ်ယောက်ချင်းစီ ပြန်ပြီးမှ သူတို့ကိုလည်း ဘယ်လိုလဲ မိသားစုတွေ အဝင်တွေကိုလည်း တစ်ခါတည်း အကြောင်းမကြားနိုင်သေးဘူးဆိုတော့ အဲ့ဒါနဲ့ ကျွန်မတို့ ဖြည်းဖြည်းချင်းစီ အဲ့ဒီရဲဘော်ရဲ့ အိမ်ကနေပြီးမှ ထွက်ခွာပြီးမှ အချင်းချင်းပြောကြတာပေါ့နော်။ အကုန်လုံး စွန့်အကြတယ်။ စကားလည်း မပြောနိုင်ကြဘူး ပြန်သာ ပြန်သွားကြတယ်။ ဆိုတော့ အကုန်လုံးက ဒီ ကျွန်မတို့ တပ်ရင်းလေးကဆို သူတို့ သုံးယောက်လေးယောက်လောက်ရှိတာ အဖွဲ့လိုက်ပေါ့နော်။ ကျွန်မတို့ကျ နှစ်ယောက်တည်း။ နှစ်ယောက်တည်းဆိုတော့ ပြန်သွားပြီးတော့ ည ဒီ မိုးမှောင်ပြီးမှ ပြန်ဖို့စိတ်ကူးမရှိတဲ့အခါကျတော့ ဆိုင်ကယ်ကလည်း အကောင်းမရှိဘူး။ ဆိုင်ကယ်က ပါမလာဘူး။ ဆိုင်ကယ်က ပါမလာတော့ အာ နိုဝင်ဘာလလောက်ဆို နည်းနည်းတော့ အေးနေပြီပေါ့နော်။ ကျွန်မတို့ စခန်းဘက်သွားတဲ့ဘက်ခြမ်းဆို တော်တော် လေးကို အေးနေပြီ။ အဲ့ဒါနဲ့ အနွေးထည်လည်း ကောင်းကောင်းပါမလာဘူး။ ကျွန်မတို့ကို ခေါ်သွားတဲ့ရဲဘော်ကလည်း အဲ့ဒီကျသွားတဲ့ ရဲဘော်ရဲ့ ဟို တဝမ်းကွဲပေါ့နော်။ အစ်ကို တစ်ယောက်ဖြစ်နေတာ။ ဖြစ်နေတဲ့အခါကျတော့ သူလည်း စကားမပြောနိုင်ဘူး။ ကျွန်မ လည်း စကားမပြောနိုင်ဘူး။ ဘာလဲ ဆိုင်ကယ်ကလည်း မီးမလင်းတဲ့အခါကျတော့ ဖုန်းနှစ် လုံးကို ဒီလိုမျိုး လက်နှစ်ဖက်ကိုင်ပြီးမှ နောက်ကနေ ကျွန်မ မီးထွန်းပေးတာ။ ကျွန်မတို့ စခန်းတွေ အနီးဆုံးရွာ အရင်တုန်းကဆို ဒီအနီးဆုံးရွာရောက်ပြီဆိုတာနဲ့ စခန်းရောက်ပြီ အိမ်ရောက်ပြီပေါ့။ အဲ့လိုမျိုးခံစားချက်ရှိတယ်။ အဲ့ဒီနေ့ကကျတော့ ဟို ဘယ်လိုလဲ စကား လည်း မပြောကြဘူး။ စိတ်မှာ ကိုယ့်အတွေးနဲ့ကိုယ်ရှိတဲ့အခါကျတော့လည်း အဲ့ဒီရွာနဲ့ ကျွန်မတို့စခန်းကိုသွားရတာလည်း ဟိုဟာလို တစ်ရက်လောက်ကြာသလိုမျိုးပေါ့နော်။ ချမ်းလည်းချမ်း မီးကလည်း မလင်းဆိုတော့ အကြာကြီးသွားရတဲ့အခါကျတော့ အရမ်းကြာ သွားတယ်ပေါ့နော်။ အဲ့ဒီနေ့နောက်ပိုင်းဆို အဲ့ဒီရွာနဲ့ စခန်းသွားလို့ရှိရင်လည်း အဲ့ဒီနေ့ကိုပဲ အမြဲတမ်း အမှတ်ရနေတာပေါ့။

 

RAIN –  ဟုတ်ကဲ့ပါ ဆိုတော့ ဒါ မြေပြင်မှာ အမှန်တကယ် ဒီ မြေပြင်မှာ ကိုယ်တိုင် ကိုယ်ကျပေါ့နော် တိုက်ခိုက်နေတဲ့သူတွေအတွက်ကတော့ အတော်လေး ဒါ ရင်နင့်စရာ အမှတ်တရတွေလို့ ပြောရမှာပေါ့နော်။ ရင်နင့်စရာတွေရော ဟို အများကြီးကြုံတွေ့ ရမယ်ပေါ့နော်။ ဆိုတော့ အမျိုးသမီးဖြစ်သည့်အားလျော်စွာ ပိုပြီးတော့လည်း စိတ်ခံစားချက် တွေလည်း ပိုပြီးတော့ ဒါ အမျိုးသားထက်စာလို့ရှိရင် ကျွန်မတို့အမျိုးသမီးတွေက ပိုပြီး စိတ်ခံစားချက်တွေ ပိုပြင်းပြ နိုင်ကြတာပေါ့လေ။ ဆိုတဲ့အခါကျတော့ ဒါ နောက်တစ်ချက် အနေနဲ့ ဒါ ဆရာမကိုယ်တိုင်ကလည်း အမျိုးသမီးရဲဘော်တစ်ဦးဖြစ်တယ်။ မြေပြင်မှာ ပေါ့လေ နော် ဒီတော်လှန်ရေးမှာဆိုလို့ရှိရင် အခုတော်လှန်ရေးမှာ ဆရာမလိုမျိုးပဲ အမျိုးသမီးရဲဘော် လေးတွေဟာ တတက်ကြွကြွကို အင်တိုက်အားတိုက်ပါဝင်နေတာကိုလည်း ဒါ အားတက်စရာ အနေနဲ့ တွေ့နေရတာဖြစ်တယ်။ ဆိုတဲ့အခါကျတော့ ဆရာမအနေနဲ့ရော ဒီအမျိုးသမီးတွေရဲ့ ပါဝင်လာခြင်းက ဒီတော်လှန်ရေးအတွက် ဘယ်လောက်ထိခွန်အားဖြစ်တယ်လို့ ဒါ ထင်မြင် ယူဆလဲပေါ့နော်။ ပြီးတော့ ဒီအမျိုးသမီးတွေအတွက် ပိုပြီးတော့မှ ဟို တိကျတဲ့ ဘယ်လို အခွင့်အရေးတွေ ကို ပိုပြီးတော့မှ ပေးသင့်တယ်လို့ ဆရာမအနေနဲ့ ဟို ပြောလိုပါလဲရှင့်။

Elsa Revo –  ဒီ တော်လှန်ရေးမှာပေါ့နော် အမျိုးသမီးတွေရဲ့ပါဝင်မှုကပေါ့ ဟို နိုင်ငံတစ်ဝှမ်း အနေနဲ့ကြည့်မယ်ဆိုရင်လည်း ဒါ အမျိုးသားနဲ့အမျိုးသမီးကြားမှာ ဒီ Gender Equality က အမြဲတမ်း တိုက်ပွဲရှိတယ်လို့ပြောရမှာပေါ့နော်။ စကားရည်လုတာက အစ နိုင်ငံတစ်ဝှမ်းမှာ ဒီ ကမ္ဘာတစ်ဝှမ်းမှာဖြစ် ဖြစ်ပျက်နေတာပေါ့နော်။ ဆိုတော့ ကျွန်မတို့ ဒီတော်လှန်ရေးဖြစ်တဲ့ အချိန်မှာ ဟို ကျွန်မတို့အတွက်အခွင့်အရေးတစ်ခုပေါ့နော်။ ဟို စနစ်တစ်ခုလည်း ဖြိုခွင်းတဲ့အချိန်မှာ အဲ့ဒီစနစ်ထဲမှာ ကျွန်မတို့ ရှေးရိုးစွဲနေတဲ့ တချို့အစွဲတွေရှိတယ်။ ဟို ယောက်ျားလေးတွေမှာ မဟုတ်ဘူး မိန်းကလေးတွေထဲမှာလည်းရှိတယ်။ ပြီးတော့ ကျွန်မတို့ မွေးဖွားလာခဲ့တဲ့ မိဘတွေကနေပြီးမှ ဟို အမွေပေးလိုက်တဲ့ ဟို ဘယ်လိုလဲ ဟို Mind Concept တစ်ခုလေ ဥပမာ အမျိုးသမီးတစ်ဦးဆိုရင် အိမ်မှာနေရမယ် ယောက်ျားလေးယူပြီးမှ အသက် အရွယ်ရလာပြီဆို ယောက်ျားယူမယ် ကလေးမွေးမယ်။ အဲ့ဒီလောက်ပဲစဉ်းစားရမယ့် ဟို Concept တစ်ခုထည့်ပေးတာရှိတယ်။ အထူးသဖြင့်ပေါ့နော် ကျွန်မတို့ ဒီ အာရှဒေသမှာ ကျွန်မတို့ ချင်းပြည်နယ်မှာဆို  ဟို ရိုးရာယဉ်ကျေးမှုတွေ ဓလေ့ထုံးတမ်းတွေ ပေါကြွယ်ဝတဲ့ ဒေသတွေမှာဆို ပိုဆိုးတယ်ပေါ့နော်။ ဆိုတော့ အဲ့လိုအချိန်မျိုးမှာ ကျွန်မတို့ ဒီတော်လှန်ရေး ကာလဖြစ်လာတဲ့အခါမှာ ဒီအချိန်က ကျွန်မတို့အတွက်အခွင့်အရေး တစ်ခုဖြစ်တယ်။ ဒီအာဏာရှင်စနစ်ကိုဖြိုခွင်းတဲ့အခါမှာ ဒီ ကျားဝါဒပေါ့နော်။ ကျားဝါဒကို ဒီကိုလည်း ဖြိုခွင်းဖို့အချိန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်မတို့အတွက်အခွင့်အရေးတစ်ခုလို့ ကျွန်မ ခံယူတယ်ပေါ့နော်။ ဒီအာဏာရှင်စနစ်ကိုဖြိုခွင်းတဲ့အခါမှာ ဒီ ကျားဝါဒပေါ့နော်။ ကျားဝါဒကို ဒီကိုလည်း ဖြိုခွင်းဖို့အချိန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်မတို့အတွက် အခွင့်အရေးတစ်ခုလို့ ကျွန်မ ခံယူတယ်ပေါ့နော်။ အဲ့လိုမျိုးရှိတဲ့ဟာတွေလည်းရှိတယ်။ ဒီအာဏာရှင်စနစ်ကို ဖြိုခွင်းတဲ့အခါမှာ ဒီ ကျားဝါဒပေါ့နော်။ ကျားဝါဒကို ဒီကိုလည်း ဖြိုခွင်းဖို့အချိန်ဖြစ်တဲ့ အတွက် ကြောင့်မို့လို့ ကျွန်မတို့အတွက်အခွင့်အရေးတစ်ခုလို့ ကျွန်မ ခံယူတယ်ပေါ့နော်။ ကျွန်မ ဒီမှာရှိနေတဲ့ ကျွန်မတို့ရဲဘော်ဆိုတာ အမြဲတမ်း သူတို့အတွက်အခွင့်အလမ်းရှာပေးတယ်။ အခွင့်အလမ်းရှာပေးတယ်ဆိုတာ ကျွန်မတို့က ဒီ Gender Equality လိုချင်တဲ့အချိန်မှာ ကျွန်မ တို့ အခုနေတဲ့နေရာက ကာကွယ်ရေးပေါ့နော်။ ဟို လက်နက်ကိုင်ပြီးမှ တော်လှန်ရတဲ့ အဖွဲ့အစည်းဖြစ်တယ်။ အဲ့ဒီနေရာမှာ ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေနဲ့ရှိရင် မိန်းကလေးတွေက စစ်မတိုက်နိုင်ဘူး တော်တော်များများပေါ့နော်။ တစ်ရာမှာ တစ်ရာလုံးဝ စစ်မတိုက်နိုင်တာမျိုးမဟုတ်ပေမယ့် တစ်ရာမှာ ဟို တစ်ဝက်နီးပါးလောက်ကတော့ လုံးဝ စစ်တိုက်ဖို့စိတ်ကူးမရှိဘူး။ ဟို ဒီကာကွယ်ရေးထဲမှာ လာနေပေမယ့် ဟို သူတို့ ဆက်စပ်လာခဲ့ တယ်။ သူတို့ရဲ့ ခံယူချက်က ငါ ဒီအဖွဲ့အစည်းမှာနေရင် သူတို့အတွက် အနည်းဆုံးပေါ့နော် စစ်မတိုက်နိုင်ရင်တောင်မှ သေနတ်ကိုင်ပြီး ဟို ရှေ့တန်းမသွားနိုင်ရင်တောင်မှ သူတို့အတွက် ဝေယျာဝစ္စလုပ်ပေးမယ်။ စခန်း ဒီနောက်တန်းမှာလိုနေတဲ့ ဟို ဘဏ္ဍာရှာဖွေရေးပဲဖြစ်ဖြစ် ဒါမှမဟုတ်လို့ရှိရင် စခန်းထဲမှာ ဒီ စည်းကမ်းထိန်းသိမ်းရေးပဲဖြစ်ဖြစ်ပေါ့နော်။ အဲ့လိုမျိုးမှာ ပါဝင်နိုင်ခဲ့သောသူတွေ များတယ်။ ဒီအကူအညီဖြစ်ခဲ့သောသူတွေ ဆိုပြီးမှလာတဲ့သူတွေက တော်တော်များတယ်။ ပိုများတယ်ပေါ့နော်။ ဟို တစ်ရာမှာ ၁၀ ရာခိုင်နှုန်းလောက် ဖြစ်ချင်မှ ဖြစ်မှာပေါ့နော် အဲ့ ဟို ယောက်ျားလေးနဲ့ ရင်‌ဘောင်တန်းပြီးမှ စစ်တိုက်မယ် မနိုင်ရင်လည်း မနိုင်ဆိုတာသာရှိတာ။ ဆိုတော့ အဲ့လိုမျိုးအချိန်မှာ ကျွန်မတို့က ကိုယ်ရေကိုယ်သွေး ရမယ်ပေါ့နော်။ စစ်တိုက်တဲ့ အသိုင်းအဝိုင်းမှာနေတဲ့အခါကျတော့ ကိုယ်က စစ်မတိုက်နိုင် သေးရင်တောင်မှ စစ်တိုက်တဲ့သူနီးပါးလောက်ကို ကိုယ်လုပ်နိုင်မယ့် အရည်အချင်း ကိုယ်မှာ ရှိနေဖို့လိုတယ်ပေါ့နော်။ မွေးဖွားလာခဲ့တဲ့လူတိုင်းက ဟို တတ်စွမ်းပြီးမှ မွေးဖွားလာတာ မျိုးထက် ကိုယ်နေတဲ့ပတ်ဝန်းကျင်ကနေပြီးမှ ဟို ကိုယ်ရေကိုယ်သွေးရတာ ပိုများတယ် ပေါ့နော်။ ဆိုတော့ ဟို ဒီအခုနောက်ပိုင်းဆို ကျွန်မ Project တချို့ဆွဲထားတာလည်းရှိတယ်။ တချို့ဟာတွေက အကောင်အထည်ဖော်နေပြီ။ တချို့ကတော့ အကောင်အထည်မဖော်ရ သေးတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်။ ဆိုတော့ ဒီဘက်ရှိနေတဲ့ ဟို စစ်မေတွေပေါ့။ စစ်မေတွေအတွက် ကိုယ်ရေကိုယ်သွေးနိုင်ဖို့ ဒီစခန်းမှာနေလို့ရှိရင် သန့်ရှင်းရေးလုပ်မယ် စားဖိုမှာနေမယ်။ အဲ့လိုမျိုးတစ်ခုတည်းမဟုတ်ဘဲနဲ့ သူတို့က ဒီထက်ပိုပြီးမှရှိ တစ်လှမ်း နှစ်လှမ်းတိုးနိုင်ဖို့ပေါ့နော်။ ကိုယ်က ဟို ယောက်ျားလေးနဲ့ ရင်ဘောင်တန်းပြီးမှ ဥပမာ ငါကျတော့ ဒီတာဝန်ပေးမခံရဘူး။ တချို့သူတွေရှိတယ်ပေါ့နော်။ သင်တန်းပေးတဲ့အခါ ကျတော့ ရင်ဘောင်တန်းပြီးပေးခဲ့ရတာပေါ့။ ကျွန်မတို့ဆိုလည်း သင်တန်းပေးတုန်းက ယောက်ျားလေး မိန်းကလေး မခွဲဘူး။ အရိုက်ခံရတယ်ဆိုရင်လည်း ဒဏ်ပေးခံရတယ် ဆိုရင်လည်း အဲ့လိုမျိုးပဲ ဟို ကျားမ အဲ့လိုမျိုးခွဲ မခွဲခြားဘူးပေါ့နော်။ အသက်က သွားအသက်ကြီးတယ် သွားအသက်ငယ်တယ် အဲ့လိုမျိုးမရှိဘူး။ ပြီးတော့ ကျွန်မတို့ဆို ဥပမာ ဒီ သင်တန်းကာလမှာ ကိုယ်က ခေါင်းကြီးပိုင်းဆိုရင် ကျွန်မတို့ဆို သင်တန်းကာလဆို ခေါ် ခေါ်နေကျခေါ်ခေါ်ရှိတယ်။ နွားကြီးရယ်ပေါ့နော်။ နွားကြီးတွေက ဒီ ရဲဘော်တွေက တစ်ခါ ရိုက်ခံရတယ်ဆိုရင် နွားကြီးတွေက ငါးခါလောက်ရိုက်ခံရတယ်။ ဆိုတော့ ဟို ကိုယ့်ရဲ ဘော်တွေက ရဲဘော်အဆင့်ထဲမှာ ယောက်ျားလေးအများကြီးရှိတယ်။ ဒါပေမယ့် ကိုယ်က ဒီ နွားကြီးထဲမှာပါရင်ဆိုရင် ရိုက်ခံရတာပဲ။ ဒီ နွားကြီးပိုင်းတွေက အကုန်လုံး ဟို တန်းတူပေါ့ နော်။ ဆိုတော့ သင်တန်းထဲမှာကျတော့ အဲ့လိုမျိုးတန်းတူပေးခံရပြီးမှ သင်တန်းပြီးတာနဲ့ တန်းတူကို ဆက်ဆံမခံရဘူး အဲ့လိုမျိုးတွေရှိတဲ့အခါကျတော့ တချို့ဟာတွေတော့ ရှိမှာပဲ။ ဒီကျွန်မတို့ဒီအဖွဲ့အစည်းမှမဟုတ်ပါဘူး။ ဒီအဖွဲ့အစည်းတိုင်း ပြီးလို့ရှိရင် ကမ္ဘာတစ်ဝှမ်းမှာက ဖြစ်ပျက်နေတာဆိုတော့ ဒါတော့ ကျွန်မတို့ လက်ခံနေတယ်ဆိုတာမျိုးထက် ပြောချင်တာ ကတော့ ကျွန်မတို့ ဒီ Gender Equality ပိုင်းကို စဉ်းစားတဲ့အခါမှာ ဒီခေါင်းဆောင်ပိုင်းတွေ ကအစပေါ့နော် သူတို့ဘက်ကလည်း စဉ်းစားပေးရမှာဖြစ်သလို ကျွန်မတို့ဘက်ကနေလည်း သူတို့ပေးရမယ့် စဉ်းစားပေးရမယ့် အခြေအနေရှိနိုင်ဖို့ ကိုယ်ရေကိုယ်သွေးဖို့လိုပါတယ်လို့။

 

RAIN –  ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် ဆိုတော့ နောက်တစ်ချက်အနေနဲ့ ဒါ ကျွန်မတို့ အာ မြန်မာ့နွေဦးတော်လှန်ရေးကာလမှာဆိုလို့ရှိရင် မြန်မာအိမ်နီးချင်းတွေရဲ့ ရပ်တည်ချက် တွေ က ဒီတော်လှန်ရေးအတွက်လည်း အင်မတန်မှ အရေးကြီးတယ်ပေါ့နော်။ ဆိုတော့ အဓိကအနေနဲ့တော့ အာ ဒါ အိမ်နီးချင်းတွေများစွာရှိတဲ့အထဲမှာ ကျွန်မတို့ ဟို ချင်းပြည်နယ် ဆိုလို့ရှိရင် အိန္ဒိယနိုင်ငံက ပိုပြီးတော့မှ ဟို နီးကပ်စွာဆက်ဆံရတာဖြစ်တယ်။ ဆိုတော့ ဆရာမအနေနဲ့ရော ဒီနွေဦးတော်လှန်ရေးကို အိန္ဒိယနိုင်ငံအနေနဲ့ပေါ့နော် ဘယ်လိုနည်းလမ်း အနေနဲ့ ထိထိရောက်ရောက်နဲ့အားဖြည့် ကူညီသင့်တယ်လို့ ဟို အကြံပြုတောင်း ဆိုလိုတာမျိုးရှိလဲ။ ဒီ အထူးသဖြင့်ပေါ့လေ အာ လွတ်မြောက်နယ်မြေတွေရဲ့ ရေရှည် တည်တံ့ခိုင်မြဲရေးနဲ့ ပြည်သူလူထုရဲ့ လုံခြုံရေးတွေ ဟို လူမှုဘဝတွေအတွက် ဘယ်လို အကူအညီတွေ အရေးကြီးတယ်လို့မြင်လဲရှင့်။

 

Elsa Revo –  ဒီ တော်လှန်ရေးမှာပေါ့နော် အိန္ဒိယမှမဟုတ်ပါဘူး ဒီလိုနိုင်ငံကြီးတွေက သူတို့အနေနဲ့ကြည့်မယ်ဆိုရင်လည်း ဒါ ဒီတော်လှန်ရေးအဖွဲ့အစည်းတွေကို သူတို့ကူညီ မယ်ဆို သူတို့အတွက် အကျိုးမြတ်ဘယ်လောက်ရမလဲပေါ့နော်။ နောက်ဆုံး ဒီ ဟိုဟာပေါ့ ကျွန်မတို့ရဲ့စစ်ပြေးရှောင်တွေ သူတို့ကို ကူညီတဲ့အတွက်ကြောင့်မို့လို့ သူတို့ဘက်ကနေ ဖက်ဘက်အနေနဲ့ ဘာရမလဲဆိုတာ သူတို့အမြဲတမ်းတွက်ချက်နေမှာပဲ။ တွက်ချက်နေမှာပဲ ဆိုတော့ သူ့အနေနဲ့ တကယ်ညှိနှိုင်းပြီးမှ စီးပွားရေးအရရော ကျွန်မတို့ဆို နယ်စပ်အခု နယ်စပ် တစ်ခုရှိတယ်ပေါ့နော်။ ချင်းပြည်နယ်ဘက်မှာ။ ဒီနယ်စပ် နယ်စပ်အဓိက ကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ ဒီ Rihkhawdar ဘက်မှာဆိုရင် အခုနောက်ပိုင်းဆို ပိတ်ပင်တာတွေ တအားများရှိတယ်ပေါ့နော်။ ဆိုတော့ အဲ့လိုမျိုးပိတ်ပင်တဲ့အခါကျတော့ ကျွန်မတို့ ဒီအဖွဲ့ အစည်းအနေနဲ့ ပြည်မဘက်ကနေပြီးမှ ဒီစားသောက်ကုန်တွေ ရိက္ခာတွေ သယ်ယူလို့ အဆင် မပြေတော့တဲ့အချိန်မှာ ဒီနယ်စပ်ဘက်မှာ သယ်ယူလို့ရှိရင် အဆင်ပြေတယ်။ အခုနောက်ပိုင်း ကျတော့ သူပိတ်ပင်တာတွေ အများကြီးရှိတဲ့အခါကျတော့ ဒီလိုမျိုးအခက်အခဲတွေ အများကြီးရှိတယ်ပေါ့နော်။ ဆိုတော့ ကူညီချင်တယ်ဆိုရင်တော့ သူ့မှာလမ်းစတွေအများ ကြီးရှိမှာပါ။ ဥပမာ နယ်စပ်ကို လွတ်လပ်စွာသွားလာနိုင်ရမယ်။ ဟို ဥပမာပေါ့နော် လုံခြုံရေး အရ စစ်ဆေးတာမျိုးတော့ရှိပေမယ့် ဟို ပိတ်ပင်တာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်။ ပြီးတော့ ဒီနယ်စပ်တစ်ဝိုက်မှာရှိနေတဲ့ ဒုက္ခသည်တွေ အဲ့လိုမျိုး စစ်ပြေးရှောင်တွေအတွက်လည်း နေရာ ထိုင်ခင်းကအစ စီစဉ်ပေးချင်ရင် သူ့မှာ ဘယ်လိုလဲ လမ်းစတွေအများကြီးရှိတယ်ပေါ့နော်။ ဆိုတော့ ဟို ဒါပေမယ့် အိန္ဒိယအနေနဲ့ ကျွန်မတို့အများကြီးမျှော်လင့်လို့မရတာက သူက ဒီအိန္ဒိယအစိုးရက စစ်ခေါင်းဆောင်နဲ့ပေါ့နော်။ ဟို တရားဝင်ဒီ ပေါ်ပေါ်ထင်ထင်ကို လုံးဝ ဟို ဆက်ဆံတဲ့အခြေအနေမှာရှိတယ်။ ဆက်ဆံတဲ့အခြေအနေမှာရှိတယ်ဆိုတော့ ကျွန်မတို့ ဘက်ကနေတော့ အများကြီးတော့ မမျှော်လင့်ရဲဘူးပေါ့နော်။ အဲ့လိုတစ်ခုတော့ရှိတယ်။ ပြီးတော့ ဒီအဖွဲ့အစည်းတွေအနေနဲ့ ကြည့်မယ်ဆိုရင်လည်း ဒီနိုင်ငံကြီးအနေနဲ့လည်း စဉ်းစား မယ်ဆိုရင်လည်း ဖြစ်ရင်လည်း ဖြစ်ချင်စရာပေါ့နော်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ ဒီတော်လှန်ရေးအဖွဲ့အစည်းမှာ အဖွဲ့အစည်းတအားများတယ်။ အဖွဲ့အစည်းကြီးကြီး လည်းများ သလို သေးသေးလေးတွေလည်း အရမ်းများနေတယ်။ ဥပမာ NUG ကြီးဆိုရင် တစ်ပြည်လုံးမှာရှိတဲ့ ဒီတော်လှန်ရေးအဖွဲ့အစည်းအကုန်လုံးကို ကိုယ်စားမပြုနိုင်ဘူးပေါ့နော်။ ပြီးလို့ရှိရင် EROs ထဲမှာလည်း အကြီးကြီးတွေထဲမှာပြောမယ်ဆို ဒီ ကချင်အဖွဲ့ အစည်း ပေါ့နော်။ ကချင်တော်လှန်ရေးအဖွဲ့အစည်းဆိုလည်း အိန္ဒိယပဲဖြစ်ဖြစ် တရုတ်ပဲဖြစ်ဖြစ်ပေါ့ နော်။ အဲ့လိုနိုင်ငံကြီးတွေက မြန်မာနိုင်ငံနဲ့ စီးပွားရေးလုပ်ချင်တဲ့အချိန်မှာ သူတို့ ဒီ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ညှိနှိုင်းတော့မယ်ဆိုရင် အဖွဲ့အစည်းတစ်ခုတည်းနဲ့မပြီးဘူး။ မပြီးဘဲနဲ့ ဟို အနည်းဆုံး သုံးလေးအဖွဲ့အစည်းနဲ့ ဥပမာ NUG နဲ့လည်း ညှိနှိုင်းမယ် ကချင်နဲ့လည်း ညှိနှိုင်းမယ် ရခိုင်နဲ့လည်း ညှိနှိုင်းမယ်။ အဲ့လိုမျိုးအဖွဲ့အစည်းကြီးကြီးတွေနဲ့ ညှိနှိုင်းပြီးမှပဲ သူက စကားပြောလို့ရတာ။ ဒါပေမယ့် သူ့ဘက်ကနေ စစ်ခေါင်းဆောင်တစ်ဖွဲ့ တည်းကိုပဲ သူညှိနှိုင်းလိုက်မယ်ဆို တစ်ဖွဲ့တည်းနဲ့ပြီးသွားတယ်။ မြန်မာတစ်နိုင်ငံလုံး ပြီးသွား တယ်။ အကုန်လုံးအဆင်ပြေပြေ မပြေပြေပေါ့နော်။ ဆိုတော့ စစ်ခေါင်းဆောင်က ဟို သူတို့ညှိနှိုင်းတော့မယ်ဆိုရင် တစ်ဖွဲ့တည်းနဲ့ပဲ တစ်ယောက်တည်းနဲ့ပဲ ဒီညှိနှိုင်းပြီးမှကို လုံးဝ သူတို့အတွက် ပြေလည်တယ်။ ပြေလည်တဲ့အခါကျတော့ သူ့ဘက်ကနေ စဉ်းစားရင်လည်း ပိုလွယ်ကူတာပေါ့နော်။ အကျိုးအမြတ်လည်း ပိုမြန်မယ်။ ဟို စကားပြောတာက စ ညှိနှိုင်း ရတာက စ ပိုလွယ်ကူမယ်ဆိုတော့ ကျွန်မတို့မှာ လုပ်စရာတော့ ပိုများလာတာပေါ့။ အဓိက စည်းလုံးရမယ်။ ဒီတော်လှန်ရေးမှာပေါ့နော်။ ဒီတစ်နိုင်ငံလုံးကို ကိုယ်စားပြုနိုင်တဲ့ အဖွဲ့အစည်း မဟုတ်နိုင်ရင်တောင်မှ ဒီ အကုန်လုံး ညှိညှိနှိုင်းနှိုင်းနဲ့ပေါ့နော် လုပ်ဆောင်နိုင်တဲ့ အရာတွေ ပိုရှိရင်တော့ ဟို တခြားနိုင်ငံတွေရဲ့ အတွေးပဲဖြစ်ဖြစ် ကျွန်မတို့ရဲ့ ဆက်ဆံပုံ ပေါ့နော်။ ဆက်ဆံပုံ ဆက်ဆံရေးက စ အကုန်လုံးပြောင်းလဲသွားမယ်လို့ထင်တယ်။ ဥပမာ ကျွန်မတို့ဆို ဒီချင်းပြည်နယ်က မြို့သိမ်းဖို့ဆိုရင် မြို့ကြီးဆိုရင် သုံးမြို့ကျန်သေးတယ်ပေါ့နော်။ ဒီ တီးတိန်ရယ်၊ ထန်တလန်ရယ်၊ ဟားခါးရယ် ကျန်သေးတယ်။ တကယ်လို့ ကျွန်မတို့ ချင်းပြည်တစ်ခုလုံးသိမ်းပြီးသွားရင် စစ်ကောင်စီရဲ့ ထိန်းချုပ်နယ်မြေလုံးဝမရှိတော့ဘူး။ ဒီကချင် ကချင်မှာ ကချင်မှာဆိုလည်း ဒီအပေါ်ပိုင်းတွေပေါ့နော် အကုန်လုံးပြီးသွားတယ်ဆိုရင် အိန္ဒိယအနေနဲ့ သူ့နဲ့ထိစပ်နေတဲ့ နယ်နိမိတ်တွေအကုန်လုံးမှာ စစ်ကောင်စီက ဟို ထိန်းချုပ်မှု မရှိတော့ဘူး လုံးဝမရှိတော့ဘူးဆိုရင် သူ့အနေနဲ့ ကျွန်မတို့နဲ့ စကားပြောရတော့မှာ။ အဲ့လိုမျိုး အခြေအနေတွေတော့ ရှိလာမှာပါ။ ဟုတ်။

 

RAIN –  ဟုတ်ကဲ့ပါ ဆိုတော့ လက်ရှိ ဒါ စစ်ကောင်စီအနေနဲ့လည်း ဒါ တရား မဝင် ရွေးကောက်ပွဲကျင်းပဖို့ကို ကြိုးစားနေတဲ့အပေါ်မှာရော ဆရာမအနေနဲ့ ဘယ်လိုများပြောချင် ပါလဲပေါ့နော်။ ဒီရွေးကောက်ပွဲမျိုးကို တော်လှန်ရေးအင်အားစုတွေအနေနဲ့ရော ဘယ်လိုတွေ တုံ့ပြန်ဆောင်ရွက် ဟို သွားဖို့ ဟို အစီအစဉ်ရှိလဲ ဘယ်လိုမျိုးတော့ ဆောင်ရွက် သွားသင့် တယ်လို့ ဆရာမအနေနဲ့ မြင်လဲပေါ့နော်။ နောက်ထပ်အနေနဲ့လည်း ဒီလိုမျိုးရွေးကောက်ပွဲ ဟာ တော်လှန်ရေးအတွက် ဟို ဘယ်လိုမျိုးအကျိုးဆက်တွေ ဖြစ်ပေါ်စေမယ်လို့ ဆရာမအနေနဲ့ ထင်မြင်ယူဆထားပါလဲရှင့်။

Elsa Revo –  စစ်ခေါင်းဆောင်အနေနဲ့က သူက ရွေးကောက်ပွဲလုပ်တယ်ဆိုတာ သူတရားဝင် အစိုးရဖြစ်ချင်တာပေါ့နော်။ ကိုယ့်ဟာနဲ့ကိုယ်သာ ရာထူးတွေ အာဏာတွေ ပါဝါတွေပေး နေတာ။ ဒါပေမယ့် သူ သူလည်းခံစားနေရတာပေါ့နော်။ သူ့ဟာနဲ့သူ ဥပမာ ကျွန်မတို့ အိမ်ထဲမှာရှိနေတဲ့ပစ္စည်းတစ်ခုကို ကိုယ်ပိုင်တာမျိုးမဟုတ်ဘူး။ အများပိုင်တဲ့ပစ္စည်းကို သူကိုယ်တိုင်ယူပြီးမှ ဒါ ငါ့ကို အကုန်လုံးက ဟို တရားဝင်ပေးထားတဲ့အရာပါဆိုမှ တရား ဝင်ဖြစ်ချင်တာ။ ဆိုတော့ သူကတော့ မရရအောင်လုပ်မှာပဲ။ ကျွန်မတို့အနေနဲ့ကတော့ ဒါ လက်မခံဘူးဆိုတာ ဟိုးအရင်ကတည်းက အာဏာသိမ်းခဲ့တာ လက်မခံခဲ့တာဆိုတော့ အခု ရွေးကောက်ပွဲတွေ ဘာ ဘာပဲလုပ်လုပ် သူ့ဟာနဲ့သူ ဘာရာထူးပဲပေးပေး သမ္မတရာထူးပဲ ပေးပေး ဝန်ကြီး ဝန်ကြီးချုပ်ရာထူးပဲပေးပေး ဒီတော်လှန်ရေးအဖွဲ့အစည်းအနေနဲ့တော့ လုံးဝလက်မခံဘူး။ အသိအမှတ်လည်းမပြုဘူး။ ပြီးတော့ စစ်ကောင်စီရဲ့ ထိန်းချုပ် နယ်မြေအတွင်းမှာ လုပ်လို့ရရင်ရလိမ့်မယ်။ ဒါပေမယ့် ဒီစစ်ကောင်စီရဲ့ထိန်းချုပ် နယ်မြေမှာ ရှိနေပေမယ့် ပြည်သူအများစုပေါ့။ စစ်တပ်ကို ထောက်ခံနေတဲ့အဖွဲ့အစည်းရှိရင်ရှိ ရှိကောင်းရှိ လိမ့်မယ်။ ဒါပေမယ့် အများစုကတော့ သူ့ရဲ့ထိန်းချုပ်နယ်မြေမှာရှိနေလို့သာ မလုပ်ရဲတာပေါ့ နော်။ မလုပ်ရဲတာဆိုတော့ ဟို ပြည်သူတွေအနေနဲ့လည်း ထောက်ခံမှာမဟုတ်ဘူး။ ဟို ကျွန်မတို့ ဒီ လက်နက်ကိုင်တော်လှန်ရေးအနေနဲ့လည်း အသိအမှတ်မပြုသလို တကယ်လို့ နောက်ဆုံးသူ ရွေးကောက်ပွဲပြီးမြောက်သွားပါပြီ ဘာညာ သာဓက ကြေညာရင်တောင်မှ ဒါတရားဝင်မဟုတ်ဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ ပြည်သူရဲ့ထောက်ခံချက်မရသလို ဘယ်အဖွဲ့အစည်းရဲ့ ဟို ဘယ်လိုလဲ ပြည်သူကိုယ်စားပြုတဲ့ နိုင်ငံတော်ကိုယ်စားပြုတဲ့ ဟို အသိအမှတ်ပြုခြင်းမျိုးမဟုတ်ဘူးပေါ့နော်။ အဲ့လိုဆိုတော့ လက်ခံနိုင်စရာကတော့ မရှိဘူး။

 

RAIN –  ဟုတ်ကဲ့ပါ ဆိုတော့ အာ ဒါ တော်လှန်ရေးကာလမှာတော့ တော်လှန်ရေး အင်အားစုတွေကြားမှာလည်း ဒါ သဘောထားကွဲလွဲမှုတွေများစွာတွေ့ရှိနေရတယ်ပေါ့နော်။ ဆိုတော့ ဒီကအနေနဲ့ လက်ရှိမှာ ဒီ ချင်းတော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြားက သဘောထားကွဲလွဲမှုတွေအပေါ်မှာ ချင်းပြည်သူတွေအနေနဲ့ အင်မတန်မှစိုးရိမ်မှုမြင့်မားနေ တာကို တွေ့ရှိနေရတယ်။ ဆိုတဲ့အခါကျတော့ လက်တွေ့မြေပြင်မှာရော ဒါ တကယ်ပဲ Online ပေါ်မှာပျံ့နေသလိုမျိုး အခြေအနေတွေ ဆိုးရွားမှု ရှိနေလား။ တော်လှန်ရေးအင်အားစုတွေ အကြားမှာ ညီညွတ်မှုရရှိဖို့အတွက်ကော အဓိက ဟို ဘယ်အရာက ဟို အရေးကြီးဆုံး ဖြစ်မယ်လို့ ဆရာမအနေနဲ့ ယုံကြည်ပါလဲရှင့်။

 

Elsa Revo –  Online မှာ ဘယ်လိုလဲ အဖွဲ့အစည်းတစ်ခုနဲ့တစ်ခုကြားမှာတော့ ကတောက်က စလေးတွေတော့ရှိတာပေါ့နော်။ လူလူချင်းဆိုတာ ကိုယ် ကိုယ့်စိတ်နဲ့ကိုယ်တောင်မှ တစ်ခါတလေမှမနိုင်ဘူးလေ။ ဥပမာ ဟို သွားချင်တဲ့စိတ်ကရှိတယ်။ ဒါပေမယ့် သူက မသွားချင်ဘူးဖြစ်နေတာ။ အဲ့လိုမျိုးပုံစံလည်းရှိနေတယ်။ ဆိုတော့ အခုက လူအများကြီးနဲ့ နေရတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် ခံယူချက်ချင်းလည်း ကွဲရင်ကွဲနိုင်တယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ ဟို ဦးတည်ချက်က တူနေတာပေါ့နော်။ ဦးတည်ချက်က တူနေတာဖြစ်တဲ့အတွက် ဦးတည်ချက်တူမှခံယူချက်တူနေသရွေ့တော့ ကျွန်မတို့ ဒီတော်လှန်ရေးမှာက ဟို ကတောက်ကစတွေက ထည်ရှိနိုင်တယ်။ ဟို လမ်းကြောင်း အခုအချိန်မှာမဖြေရှင်းနိုင်ခဲ့ရင် တောင်မှပေါ့နော်။ ဟို တစ်နေရာရာမှာဆုံမှတ်တော့ရှိမှာပါ။ လို့။ ဒီ တော်လှန်ရေးအဖွဲ့အစည်း ထဲမှာက ကျွန်မတို့ ဘယ်လိုလဲ ခုနကပြောသလိုပေါ့နော်။ ဆုံမှတ်တစ်ခုခုတော့ရှိမှာပါ။ ပြီးတော့ အော် ဒီမြေပြင်မှာက ဟို တချို့ပြဿနာလေးတွေရှိပေမယ့် Online မှာပြောနေ သလောက်တော့ ဟို ဟိုလိုမျိုးကြီးကြီးမားမားလည်းမဟုတ်သလိုပေါ့နော်။ ဟို တချို့အရာ တွေက ကျွန်မတို့ ဟို တချို့ Supporter တွေပေါ့နော်။ သူတို့ကတော့ ချစ်တဲ့စိတ် မြတ်နိုးတဲ့ စိတ် အားပေးချင်တဲ့စိတ်နဲ့ ဟို ပြောနေကြတဲ့စကားတွေရှိမယ်။ တစ်ခါတလေကျတော့ အဲ့ဒီစကားတွေက ကျွန်မတို့အတွက် ရန်တိုက်ပေးနေတာမျိုးလည်းရှိတယ်ပေါ့နော်။ ဘာလို့လဲ ဆိုတော့ မြေပြင်မှာတကယ်ဖြစ်ပျက်တာမျိုးမဟုတ်ဘဲနဲ့ ဟို မြှောက်ပြီးပြောလိုက်တာ ကတော့ အဲ့လိုမျိုး ကိုယ်ပြောလိုက်တဲ့စကားက ကိုယ့်အတွက်ကောင်းရင်ကောင်း နိုင်လိမ့် မယ်။ ဒါပေမယ့် တခြားအဖွဲ့အစည်းအတွက် ဟို မခံချင်စရာပေါ့နော်။ အဲ့လိုမျိုးဖြစ်ပျက် တွေလည်း ဟို ဘယ်လိုလဲ စကားလုံးတွေလည်းပါရင် ပါနိုင်တယ်။ ဆိုတော့ ဒီ Online မှာ ဟို Supporter တွေအနေနဲ့ဆိုရင်လည်း ဒီစကားပြောကအစပေါ့နော် အကုန်လုံး ဆင်ခြင်နိုင် မယ်။ ပြီးလို့ရှိရင် တကယ်မဟုတ်တဲ့သတင်းပဲဖြစ်ဖြစ် နောက်ဆုံး အဟုတ်သတင်းဖြစ်နေရင် တောင်မှ တချို့အရာတွေက ပျံ့နှံ့သွားပြီးမှ ပြဿနာကြီးပွားသွားတာမျိုးမဟုတ်ဘဲနဲ့ ဖြစ်ပျက် တဲ့နေရာမှာ ဖြေရှင်းတာမျိုးက ပိုပြီးမှ လက်တွေ့ကျတယ်လို့မြင်တယ်ပေါ့နော်။ ဥပမာ အာ ဒီ ဒီနေရာတစ်ဝိုက်မှာပြဿနာဖြစ်နေတယ်။ ဒီအဖွဲ့အစည်းနဲ့ ဒီလူမျိုးစုကြားထဲမှာ ပြဿနာ ဖြစ်နေတယ်ဆိုရင် အဲ့ဒီ ဟို ကျွန်မတို့ ဟို ခန္ဓာကိုယ်တစ်ခုမှာတောင်မှ အနာတစ်ခုခု ဖြစ်နေ တယ်ဆို အဲ့ဒီအနာဖြစ်နေတဲ့နေရာကို မကုဘဲနဲ့ ဟို တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကုသတာမျိုးထက်ပေါ့နော်။ ဟို ဖြစ်ပျက်နေတဲ့နေရာ အနာရှိတဲ့နေရာမှာ ကုသတာမျိုးက ပိုပြီးမှ ဟို ဖြေရှင်းချက်က ပိုပြီးမှမှန်ကန်မယ်လို့မြင်တယ်ပေါ့နော်။ ဆိုတော့ ဟို ဒီအဖွဲ့ အစည်းတွေ အများကြီးကြားထဲက မတူညီနိုင်တဲ့အရာတွေကို ကျွန်မတို့ ဘေးဖယ်ထား ပြီးတော့ အာ ကျွန်မတို့ရဲ့ ပန်းတိုင်ဖြစ်တဲ့ စကစကို အမြန်ဆုံးတွင်းလှန်ပြီးတော့ ဟို ကျွန်မတို့ ရဲ့ ဒီချင်းပြည်လွတ်မြောက်ရေးကို ဦးစားပေးမယ်ဆိုရင်တော့ ကျွန်မတို့အတွက်က ဆုံမှတ် ဖြစ်မှာပါ ဟုတ်။

 

RAIN –  ဟုတ်ကဲ့ပါ ကျေးဇူးအများကြီးတင်ပါတယ်။ ဆိုတော့ ဒါ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေကြားထဲကနေပြီးတော့မှ ဆရာမအနေနဲ့ ဆရာမရဲ့ ရင်ထဲမှာပေါ့နော် အနာဂတ် ဒါ ချင်းပြည်နယ်နဲ့အတူ မြန်မာနိုင်ငံအတွက်ရော ဘယ်လိုမျှော်လင့်ချက်တွေ ပြီးတော့မှ နောက်အနာဂတ်မှာ ဘယ်လိုမျိုးလှပတဲ့ ရည်မှန်းချက်တွေကို ထားရှိထားပါလဲရှင့်။

 

Elsa Revo –  ရည်မှန်းချက်ဆိုတာမျိုးထက်ပေါ့နော်။ ကျွန်မတို့ဖြစ်ချင်တာကတော့ ဒီတော်လှန်ရေးအမြန်ဆုံးပြီးချင်တယ်။ တိုတိုတုတ်တုတ်နဲ့ပြောရမယ်ဆို အဲ့ဒါပေါ့နော်။ အာဏာမသိမ်းခင်တုန်းကဆိုရင် အာ ဒီ ဒီတစ်နှစ်တော့ ကျွန်မ ဒါတွေ ဒါတွေလုပ်မယ်။ ဥပမာ အဲ့လိုလုပ်ငန်းတစ်ခုခုလုပ်တယ်ဆိုရင် လစာဒီလောက်စုနိုင်ရမယ်။ ဒီခရီးသွားနိုင်ရမယ်။ အဲ့လိုမျိုး ဟို ပြီးတော့ နောက်ငါးနှစ်စာအတွက်ဆိုရင် သူတို့ ဒါတွေဒါတွေလုပ်ပြီးနိုင်ရမယ်။ ဘယ်နိုင်ငံတွေရောက်နေရမယ်ဆိုတဲ့ လုံးဝ ဟို Future Plan အများကြီးရှိတယ်ပေါ့နော်။ ဒါပေမယ့် အာဏာသိမ်းပြီးတော့ တော်တော်များများ ဒီ ဟိုဟာပေါ့ ဟို တော်လှန်ရေး အဖွဲ့ထဲ ဝင်ပြီးတော့လည်း အဲ့လိုအများကြီးစဉ်းစားထားတာမျိုး မရှိဘူးပေါ့နော်။ အဲ့ဒါရှိဘူးဆိုတာ ဥပမာ နောက်ဆုံး အရှည်ဆုံးစဉ်းစားရင်တောင်မှ မနက်ဖြန်ငါ ဘာလုပ်စရာရှိလဲ။ မနက်ဖြန်တော့ ငါတို့ အသားဟင်းစားနိုင်ပါ့မလား။ အဲ့လိုမျိုးပေါ့နော်။ ဆိုတော့ ကြီးကြီး မားမားရယ်လို့ ဟို ဟိုလိုမျိုးရည်မှန်းချက်ထားတာမျိုး ဟို ဘယ်လိုလဲ Future Plan တွေအဲ့လိုမျိုး ထားထားတာမျိုးတော့ မရှိတော့ဘူး။ အဓိကတော့ တော်လှန်ရေး အမြန်ဆုံး ပြီးချင်တယ်။ ပြီးနိုင်ဖို့အတွက်လည်း ကိုယ်တတ်နိုင်တဲ့ဘက်ကနေပေါ့နော် ဒီ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ကိုယ်ပါဝင်နိုင်သလောက် သူများအတွက် မပြောပါ့လောက်ရင်တောင်မှ ကိုယ့်ရဲ့ တည်ရှိနေမှု ဒါမှမဟုတ်လို့ရှိရင် ကိုယ်ရှိနေခြင်းက တစ်နေရာရာစာအတွက် ကူညီဖြစ်ခဲ့သညာဆိုမှ အမြဲတမ်း ဒီမှာ လောင်စာတစ်ခုအနေနဲ့ ဟို ပါဝင်နိုင်ခဲ့ရင်ဆိုမှ အမြဲတမ်းအားစိုက်ပြီးမှ ကြိုးစားနေပါတယ်လို့ ဟုတ်။

 

RAIN –  ဟုတ်ကဲ့ပါ ဆိုတော့ နောက်ဆုံးအနေနဲ့ ဒီအင်တာဗျူးလေးကို ကြည့်ရှုနေကြတဲ့ မိဘပြည်သူများ ကိုပေါ့နော် ဆရာမအနေနဲ့ ဟို ဘာများဖြည့်စွက်ပြီးမှ ခွန်အားပေးစကား ပြောကြားလိုပါလဲရှင့်။

 

Elsa Revo –  ကျွန်မတို့ ဒီ ဟိုဟာပေါ့ အခုဆို မြို့သိမ်းဖို့အတွက် ဟို တစ်ခွန်းတစ်စ ကျွန်မတို့ ပြောနေတာလည်း အရမ်းကြာနေပြီပေါ့နော်။ ဟို ကျွန်မတို့ တီးတိန်မြို့ဆိုတာ စစ်ကောင်စီရဲ့ ထိန်းချုပ်နယ်မြေထဲမှာ တစ်ခုတည်းကျန်တော့တယ်။ တီးတိန်မြို့သိမ်းမယ်ဘာညာသာရကာ ပြီးလို့ရှိရင် ချင်းပြည်လုံးဝလွတ်မြောက်ရမယ်။ အဲ့လိုမျိုးပြောထားတဲ့စကားတွေက အဲ့ အက်ကြောင်းတွေတောင် ထပ်နေပြီပေါ့နော်။ ထပ်နေတဲ့အခါကျတော့ ပြည်သူတွေအနေနဲ့ လည်း သူစိတ်မရှည်တော့ဘူး။ အာ မင်းတို့ဘယ်တော့မြို့သိမ်းမှာလဲ ဘယ်တော့ပြီးမှာလဲ မင်းတို့တော်လှန်ရေးက ပြီးမှာလား။ မင်းတို့ ဘယ်တော့မြို့သိမ်းမှာလဲ ချင်းပြည်က ဘယ်တော့လွတ်မြောက်မှာလဲ။ မြို့မသိမ်းတော့ဘူးလား အဲ့လိုမျိုးတအားပြောကြတယ်လေ။ ပြောကြတဲ့အခါကျတော့ ကျွန်မတို့ ဒီ တော်လှန်ရေးအဖွဲ့အစည်းရယ် ပြီးရင် ဒီ ဟိုဟာပေါ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းမှာပေါ့နနော်။ လိုအပ်နေတဲ့အရာတွေ အများကြီးရှိ တယ်။ ကျွန်မတို့လည်း ပြည့်စုံနေလို့ ဟိုပေါ့နော် ဒီအဖွဲ့အစည်းက ပြည်သူတွေကိုယ်စားပြုပြီး အလုပ်လုပ်နေတာဆိုတာမျိုးထက် ဟို ကျွန်မတို့ လုပ်မှဖြစ်မှာဆိုတဲ့ ခံယူချက်နဲ့ အလုပ်လုပ် နေကြတာဖြစ်တယ်။ ခေါင်းဆောင်တွေကအစပေါ့နော်။ သူတို့အရင်တုန်းကလုပ်ဖူးတဲ့အရာ ဖြစ်ချင်မှဖြစ်မယ်။ ဥပမာ ကျွန်မတို့ စစ်ချုပ်ဆို ဟိုးအရင်တုန်းက တော်လှန်ရေး မတိုက် ချင်တုန်းကဆို သူလုံးဝလက်နက်ကိုင်တဲ့ ပတ်ဝန်းကျင်ကလာတာမဟုတ်ဘူး။ အဲ့လိုမျိုး ပေါ့နော်။ ဆိုတော့ တော်လှန်ရေးအဖွဲ့အစည်းထဲမှာဆိုရင် ရှိနေတဲ့လူတွေက အာ ဒီပတ်ဝန်း ကျင်ကနေ ပြည့်ပြည့်စုံနေလို့ ဟို ရှေ့ထွက်နေတာမျိုးမဟုတ်ဘဲနဲ့ ကိုယ်ပါဝင်မှဖြစ်မယ်။ ကိုယ်ပါဝင်နိုင်တဲ့ကဏ္ဍကနေ ပါဝင်လို့ရှိရင် ပိုပြီးမှ တွန်းအားဖြစ်လာမယ်ဆိုတဲ့ခံယူချက်နဲ့ပဲ လုပ်နေကြတာဖြစ်တယ်။ ဆိုတဲ့အတွက်ကြောင့်မို့လို့ ပြည်သူတွေအနေနဲ့လည်း ကျွန်မတို့ စကားနဲ့ဆို ဟွမ်ထောပေါ့နော်။ ပြည့်စုံနိုင်ဖို့လို့ ထင်တဲ့အခြေအနေလည်း ရှိရှိနိုင်တယ်။ ဆိုတော့ ဒီတော်လှန်ရေးအမြန်ဆုံးပြီးချင်တယ်။ ကျွန်မတို့မြို့သိမ်းတာပဲဖြစ်ဖြစ်ပေါ့နော်။ ဒီစစ်ဆင်ရေးတွေမှာ အမြန်ဆုံးပြီးချင်တယ်ဆိုရင်လို့ ဟို အန်တီတို့ နော် ဦးလေးတို့ရဲ့ ဟို တော်တတ်လှပါရဲ့ဆိုတဲ့ သားတွေ သမီးတွေပေါ့နော်။ တချို့အန်တီတွေရှိတယ်။ ကျွန်မ သားက အရမ်းတော်တာ နိုင်ငံခြားမှာပညာတော်သင်နေတာ။ အဲ့လိုမျိုးလာသေးတာ။ ဆို တော့ အန်တီတို့ ဦးလေးတို့ရဲ့ ဟို တော်တတ်လှပါရဲ့ဆိုတဲ့ သားတွေသမီးတွေကိုလို့ ကျွန်မ တို့ဒီ တော်လှန်ရေးအဖွဲ့အစည်းအတွက် လှူဒါန်းပေးကြပါလို့ အဲ့လိုမျိုးဆို နောက်တော် လှန်ရေးက အမြန်ဆုံးပြီးမှာပါလို့ စကားမှာချင်ပါတယ်။ ဟုတ်။

 

RAIN –  ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် ဆရာမ။

 

Elsa Revo –  ဟုတ်ကဲ့ပါရှင့်။