စက်တင် ၃၊ ၂၀၂၆

The Kaladan Post

ဂါဇာဒေသမှ ပါလက်စတိုင်း ပြည်သူများကို ဖယ်ရှား ရွှေ့ပြောင်းရေးအတွက် အစ္စရေးနိုင်ငံက ဆက်လက် ကြိုးပမ်းလျက်ရှိကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကတ်ဇ် (Israel Katz) က စက်တင်ဘာလ ၂ ရက်နေ့တွင် ဝန်ခံ ပြောဆိုလိုက်ပါတယ်။

Ynet သတင်းဌာနက ကြီးမှူးကျင်းပသည့် အစည်းအဝေးတစ်ခုတွင် ဝန်ကြီး ကတ်ဇ် က “နောက်ဆုံးမှာတော့ ဒီလို ပြောင်းရွှေ့တာမပါဘဲ ဂါဇာအတွက် စစ်မှန်တဲ့ ဖြေရှင်းနည်း ဆိုတာ မရှိပါဘူး” ဟု ပြောကြားခဲ့ပါတယ်။ အဆိုပါ ပါလက်စတိုင်းများအား ဖယ်ရှားမည့် အစီအစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပယ်ဖျက်ခဲ့ခြင်း မဟုတ်ဘဲ ခေတ္တ ဆိုင်းငံ့ထားခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုပါတယ်။

အမေရိကန် အထက်လွှတ်တော်အမတ် ခရစ် ဗန် ဟိုလန် (Chris Van Hollen) ကမူ “အခုတော့ အစ္စရေး ကာကွယ်ရေးဝန်ကြီး ကိုယ်တိုင် ဒါဟာ သူတို့ရဲ့ ရည်မှန်းချက်ဖြစ်တယ်ဆိုတာ အတည်ပြုလိုက်ပါပြီ၊ ကျွန်တော်တို့ ပါဝင်ပတ်သက်နေမှုကို အဆုံးသတ်ရပါမယ်” ဟု ဝေဖန်ခဲ့ပါတယ်။ အမေရိကန်သည် လွန်ခဲ့သည့် ၃ နှစ်အတွင်း အစ္စရေးသို့ စစ်ရေးအကူအညီ ဒေါ်လာ ၂၅ ဘီလီယံခန့် ထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်။

Source – Al Jazeera