ဩဂုတ် ၂၄၊ ၂၀၂၆

The Kaladan Post

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် နှင့် တွေ့ဆုံရန် ကြိုးပမ်းသည့်အနေဖြင့် တောင်ကိုရီးယားနှင့် စစ်ရေးလေ့ကျင့်မှုများကို သမ္မတ ဒေါ်နယ်ထရမ့်က လျှော့ချခဲ့ခြင်းကြောင့် အမေရိကန်၏ လုံခြုံရေး အာမခံချက်အပေါ် အာရှ မဟာမိတ်နိုင်ငံများအကြား စိုးရိမ်မှုနှင့် သံသယများ ပိုမို မြင့်တက်လာကြောင်း တနင်္လာနေ့ (ဩဂုတ်လ ၂၄ ရက်) တွင် သိရပါတယ်။

ယူရေးရှား အဖွဲ့မှ အကြီးတန်း လေ့လာသူ ဂျရဲမီ ချန်း (Jeremy Chan) က “ဒီဆုံးဖြတ်ချက်ဟာ အမေရိကန်ရဲ့ လုံခြုံရေး ကတိကဝတ်တွေနဲ့ ပတ်သက်ပြီး ဒေသတွင်းမှာ သံသယတွေကို ပိုပြီး ကြီးထွားစေမှာ သေချာပါတယ်” ဟု ပြောကြားခဲ့ပါတယ်။ ဂျပန် ကာကွယ်ရေးဝန်ကြီးဟောင်း အိဆူနိုရီ အိုနိုဒဲရာ (Itsunori Onodera) ကလည်း ယခု ဖြစ်စဉ်သည် တိုကျိုအတွက် “အလွန် စိုးရိမ်ဖွယ်ရာ ဖြစ်သည်” ဟု သုံးသပ်ထားပါတယ်။

ထိုင်ဝမ်အနေဖြင့် တရုတ်နှင့် အဆင်ပြေစေရန် အမေရိကန်က ဒေါ်လာ ၁၄ ဘီလီယံ တန်ဖိုးရှိ လက်နက် ရောင်းချမှုကို ကြန့်ကြာစေခဲ့မှုအပေါ် စိုးရိမ်နေကြသလို အိန္ဒိယနိုင်ငံကလည်း ထရမ့်၏ စီးပွားရေးဆိုင်ရာ အခွန်များကြောင့် ဝါရှင်တန်နှင့် လုံခြုံရေး သဘောတူညီချက်များ ပြုလုပ်ရန် သတိထား ဆောင်ရွက်နေကြပါတယ်။

လက်နက်ကိုင် ပဋိပက္ခ စောင့်ကြည့်ရေးအဖွဲ့ (ACLED) မှ အကြီးတန်း လေ့လာသူ ပုခ်လ် ပန်ဒယာ (Pearl Pandya) က “နောက်ဆုံး ဆုံးဖြတ်ချက်ဟာ နိုင်ငံခြားရေး ကိစ္စတွေမှာ သမ္မတ ထရမ့်ရဲ့ အပြန်အလှန် အကျိုးအမြတ်ကြည့်တဲ့ အမြင်ကို ပိုမို ခိုင်မာစေပါတယ်” ဟု ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

Source – Reuters