ဩဂုတ် ၂၇၊ ၂၀၂၆
The Kaladan Post
အမေရိကန် တရားရေးဝန်ကြီးဌာန၊ NASA၊ ဗဟိုဘဏ်နှင့် အထက်လွှတ်တော် အပါအဝင် အရေးပါသော အစိုးရဌာနများကို ထောက်လှမ်း တိုက်ခိုက်ခဲ့သည့် တရုတ် ဟက်ကာအဖွဲ့၏ စစ်ဆင်ရေးကို ဖြိုခွဲနိုင်ခဲ့ကြောင်း အမေရိကန်အစိုးရက ဗုဒ္ဓဟူးနေ့ (ဩဂုတ်လ ၂၆ ရက်) တွင် ထုတ်ပြန်လိုက်ပါတယ်။
တရုတ် ဟက်ကာများ အသုံးပြုခဲ့သည့် “QScan” နှင့် “QTRouter” ဟုခေါ်သော ဟက်ကင်းပလက်ဖောင်း ဒိုမိန်းများကို သိမ်းဆည်းခဲ့ကြောင်း တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အဆိုပါ ပလက်ဖောင်းများကို တရုတ်နိုင်ငံအခြေစိုက် နန်ကျင်း ဆင်းဂျူဝေး ကွန်ရက်နည်းပညာ ကုမ္ပဏီ (Nanjing Xinjiuwei) က လုပ်ကိုင်နေခြင်းဖြစ်ပြီး တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် စိစစ်ရေးဌာနတို့က အသုံးပြုခဲ့ကြခြင်း ဖြစ်ပါတယ်။
အဆိုပါ အဖွဲ့သည် ၂၀၁၈ ခုနှစ်မှစ၍ အမေရိကန်နှင့် ကမ္ဘာတစ်ဝန်းရှိ အရေးကြီး အခြေခံအဆောက်အအုံ ကွန်ရက်များကို ထောက်လှမ်း ဝင်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ SentinelOne ဆိုင်ဘာလုံခြုံရေး ကုမ္ပဏီမှ တရုတ်ရေးရာ လေ့လာသူ ဒါကိုတာ ကာရီ (Dakota Cary) က “လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း တိုက်ခိုက်ရေး ဝန်ဆောင်မှု ပေးတဲ့ ကုမ္ပဏီ အရေအတွက်ဟာ အများအပြား မြင့်တက်လာခဲ့ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။
Source – Reuters