Author: Salai

ဖေဖော်ဝါရီလ (၂၂) ရက် သတင်းတိုပေါင်းချုပ်

‌NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ ကျန်းမာရေးအကြောင်းပြ ရာထူးမှ နုတ်ထွက် ဖေဖော် ၂၂ The Kaladan Post အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ သည် ကျန်းမာရေး မကောင်းမွန်မှုကြောင့် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် မိမိဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။ ဒေါ်ကြည်ပြာနှင့် ခင်ပွန်း ဦးညီညီမင်း တို့အား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် ဝန်ထမ်းဟောင်း ၁၉ ဦး (တွဲဖက်အတွင်းဝန် ၂ ဦး၊ ညွှန်ကြားရေးမှူး နှင့် အဖွဲ့ဝင်များ) က အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှု၊ ဝန်ထမ်းများအပေါ် ဖိနှိပ်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှု စသည့် စွပ်စွဲချက်များဖြင့် တိုင်ကြားခဲ့ပြီး နိုဝင်ဘာ ၂၂ ရက်မှစ၍ ယာယီတာဝန်ရပ်ဆိုင်း ခံခဲ့ရသည်။ ၃ လကြာ စုံစမ်းစစ်ဆေးမှုပြီးနောက် ဖေဖော်ဝါရီ ၂၂ ရက်တွင် စုံစမ်းစစ်ရေးအဖွဲ့က တင်ပြချက်ထုတ်ပြန် ခဲ့ပြီး NUG ဘက်က အဂတိလိုက်စားမှု၊ အလွဲသုံးစားမှု စသည့် စွပ်စွဲချက်များအတွက် လုံလောက်သော သက်သေ မတွေ့ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။ သို့သော် ဆက်ဆံရေး အားနည်းချက်များနှင့် မိသားစုဝင် များကို ခန့်အပ်မှု ပြဿနာများအပေါ် ပြင်းထန်စွာ သတိပေးခဲ့ပြီး ဦးညီညီမင်း၏ တာဝန်ကိုလည်း ရပ်ဆိုင်းခဲ့သည်။ ဒေါ်ကြည်ပြာက စုံစမ်းစစ်ဆေးမှုအတွင်း ပူးပေါင်းပါဝင်ခဲ့ကြောင်း၊ စွပ်စွဲချက်အများ စု မမှန်ကန်ကြောင်း ရှင်းလင်းပြီးဖြစ်ကြောင်း နုတ်ထွက်စာတွင် ဖော်ပြထားသည်။...

Read More

ဖေဖော်ဝါရီလ (၂၁) ရက် သတင်းတိုပေါင်းချုပ်

စစ်တပ်၏ လိင်အကြမ်းဖက်မှုကြောင့် မြန်မာအမျိုးသမီးများ ထွက်ပြေးစရာ လုံခြုံရာမရှိဟု သံအမတ်ကြီး ပြောဆို ဖေဖော် ၂၁ The Kaladan Post မြန်မာနိုင်ငံတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် လုံခြုံရာ ထွက်ပြေးစရာမြေ မရှိတော့ကြောင်း ကုလသမဂ္ဂတွင် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားခဲ့သည်။ ကုလသမဂ္ဂ အမျိုးသမီးရေးရာ အမှုဆောင်ဘုတ်အဖွဲ့ (CSW) ၏ ၂၀၂၆ ခုနှစ် ပထမအကြိမ် ပုံမှန်အစည်းအဝေး (နယူးယောက်မြို့၊ ဖေဖော်ဝါရီ ၁၈ ရက်) တွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့ရာ စစ်တပ်၏ လိင်အခြေပြု အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ စနစ်တကျ ကျူးလွန်နေသော ရက်စက်မှုများကြောင့် အမျိုးသမီးများနှင့် မိန်းကလေး ငယ်များ အထူးထိခိုက်လွယ်နေကြောင်း မီးမောင်းထိုးပြခဲ့သည်။ ၎င်းက ဆက်လက်ရှင်းပြရာ စစ်အာဏာသိမ်းမှု ၅ နှစ်ကျော်ကြာ လာချိန်တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ နေရပ်စွန့်ခွာစေမှု၊ ကျန်းမာရေးနှင့် တရားမျှတမှု ပိတ်ဆို့ခံရမှု စသည်တို့ နေ့စဉ်ရင်ဆိုင်နေရသော အမှန်တရားများဖြစ်လာ ကြောင်း၊ စစ်တပ်၏ အဓမ္မ စစ်သားစုဆောင်းမှုကြောင့် မိန်းကလေးငယ်များနှင့် မိဘများပါ ကြောက်ရွံ့မှုအောက်တွင် နေထိုင်နေရကြောင်း ထောက်ပြခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံတွင် လူ ၇,၈၀၀ ကျော် စစ်တပ်က သတ်ဖြတ်ခံခဲ့ရပြီး၊ ဒုက္ခသည် ၃.၆ သန်းကျော်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်သူ ၂၂ သန်းခန့်ရှိကာ ထိုအထဲတွင် အမျိုးသမီးနှင့် မိန်းကလေးငယ် ၁၀.၄ သန်းကျော် ပါဝင်နေကြောင်း ဖော်ပြခဲ့သည်။ သံအမတ်ကြီးက...

Read More

ဂျပန်ကို အားကောင်း၊ ခိုင်မာပြီး ကြွယ်ဝတဲ့ နိုင်ငံအဖြစ် ဦးဆောင်မည်ဟု ဝန်ကြီးချုပ် စနအဲ တကအိချိ ကတိပြု

ဖေဖေါ် ၂၁ The Kaladan Post ဂျပန်နိုင်ငံကို အားကောင်း၊ ခိုင်မာပြီး ကြွယ်ဝချမ်းသာသည့် နိုင်ငံတစ်ခုအဖြစ် တည်ဆောက်သွားမည်ဟု ဝန်ကြီးချုပ် Sanae Takaichi က ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် လွှတ်တော်မိန့်ခွန်းအတွင်း ကတိပြု ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၈ ရက်နေ့ ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ Liberal Democratic Party (LDP) က ပြတ်သားသည့် အနိုင်ရလဒ် ရရှိခဲ့ပြီး လွှတ်တော်အမတ်နေရာ သုံးပုံနှစ်ပုံနီးပါးကို ထိန်းချုပ်နိုင်ခဲ့သဖြင့် တကအိချိ ဦးဆောင်သည့် အစိုးရအဖွဲ့အနေဖြင့် လုပ်ပိုင်ခွင့် အားကောင်းလာခဲ့ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ထားသည်။ လွှတ်တော်မိန့်ခွန်းတွင် ဝန်ကြီးချုပ်က ဒေသတွင်း လုံခြုံရေး အခြေအနေများအပေါ် စိုးရိမ်ချက်များကိုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။ တရုတ်အစိုးရသည် South China Sea နှင့် East China Sea တို့ရှိ နိုင်ငံတကာ အသိအမှတ်ပြု နယ်နိမိတ်များကို တစ်ဖက်သတ် ပြောင်းလဲရန် ကြိုးပမ်းနေကြောင်း၊ ထိုဒေသများအနီး စစ်ရေးလှုပ်ရှားမှုများကိုလည်း အရှိန်မြှင့် လုပ်ဆောင်နေကြောင်း စွပ်စွဲခဲ့သည်။ ထို့အပြင် ယခင် ဝန်ကြီးချုပ်ဟောင်း Shigeru Ishiba ၏ အမြင်ကို ကိုးကားကာ ဂျပန်သည် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အရေးအကြီးဆုံးနှင့် အရှုပ်ထွေးဆုံး လုံခြုံရေး စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်းလည်း ထောက်ပြခဲ့သည်။ လက်ရှိအခြေအနေများအရ ကာကွယ်ရေးကဏ္ဍတွင် ပိုမို အားစိုက်ရမည်ဖြစ်ကြောင်း၊ စစ်ရေးဆိုင်ရာ နည်းလမ်းသစ်များ ရှာဖွေကာ ရေရှည်ပဋိပက္ခများအတွက် ကြိုတင်ပြင်ဆင်မှုများ...

Read More

ဒုံးကျည်လောင်ချာစနစ် ၅၀ လွှဲပြောင်းပေးအပ်ပွဲကို ကင်မ်ဂျုံအွန်း ဦးဆောင်တက်ရောက်

ဖေဖေါ် ၂၁ The Kaladan Post   မြောက်ကိုရီးယား စစ်တပ်အတွက် ဒုံးကျည်လောင်ချာစနစ် ၅၀ ကို လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို နိုင်ငံခေါင်းဆောင် Kim Jong Un ကိုယ်တိုင် တက်ရောက် ဦးဆောင်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာန Korean Central News Agency (KCNA) က ဖော်ပြခဲ့သည်။ အဆိုပါ အခမ်းအနားကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြုံယမ်းမြို့တော်၌ ကျင်းပခဲ့ပြီး ကင်မ်ဂျုံအွန်းသည် လောင်ချာစနစ် တပ်ဆင်ထားသည့် စစ်ထရပ်ကားတစ်စီး၏ ယာဉ်မောင်းနေရာတွင် ကိုယ်တိုင် တက်ထိုင်ကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။ KCNA ၏ ဖော်ပြချက်အရ ယခု လွှဲပြောင်းပေးအပ်ခဲ့သည့် ဒုံးကျည်လောင်ချာစနစ်များသည် နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်သည့် ဒုံးကျည်များကို ပစ်လွှတ်နိုင်ပြီး အထူးတိုက်ခိုက်ရေး စွမ်းရည်မြင့်မားသည့် လက်နက်စနစ်များဖြစ်ကြောင်း ဆိုသည်။ ထို့ပြင် ပြည်တွင်းထုတ် တာဝေးပစ် ဒုံးကျည်များတွင် ဉာဏ်ရည်တု (AI) နည်းပညာ ပေါင်းစပ်အသုံးပြုထားကာ ခေတ်မီ ပစ်မှတ်ရှာဖွေ ပဲ့ထိန်းစနစ်များ တပ်ဆင်ထားကြောင်းလည်း ဖော်ပြခဲ့သည်။ အဆိုပါ လက်နက်အင်အား သရုပ်ပြမှုကို အာဏာရ Workers’ Party of Korea ၏ ပြည်လုံးကျွတ် ညီလာခံ မတိုင်မီ တစ်ရက်အလိုတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ညီလာခံကို ဖေဖော်ဝါရီ ၁၉ ရက်တွင် စတင်ခဲ့သည်။ ကင်မ်ဂျုံအွန်းက ညီလာခံအတွင်း နိုင်ငံ၏ နျူကလီးယား တိုက်ခိုက်ရေး စွမ်းရည်များ မြှင့်တင်ရေးကို ဆွေးနွေးသွားမည်ဟုလည်း ပြောကြားခဲ့သည်။...

Read More

အီရန်အပေါ် အကန့်အသတ်နဲ့ စစ်ရေးဆောင်ရွက်နိုင်ကြောင်း ထရမ့် ပြောကြား

ဖေဖေါ် ၂၁ The Kaladan Post အမေရိကန် သမ္မတ Donald Trump က အီရန်ကို စစ်ရေးအရ “အကန့်အသတ်နဲ့” တိုက်ခိုက်ခြင်းမျိုး ဖြစ်ပေါ်လာနိုင်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ အီရန်နှင့် အမေရိကန်ကြား မကြာသေးမီရက်ပိုင်းအတွင်း စစ်ရေးတင်းမာမှုများ မြင့်တက်နေစဉ် ထရမ့်၏ ယခုမှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်က အီရန်အား နျူကလီးယားနည်းပညာ စီမံကိန်းများကို စွန့်လွှတ်ရန် ဖိအားပေးလျက်ရှိသော်လည်း သဘောတူညီချက် တစ်ရပ်တိတိကျကျ မရရှိသေးသည့် အခြေအနေတွင် ထရမ့်က ယခုကဲ့သို့ သတိပေးစကား ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခင်ကလည်း ထရမ့်က နျူကလီးယားအရေး ဆွေးနွေးမှုများအတွက် ၁၀ ရက်မှ ၁၅ ရက်အတွင်း သဘောတူညီချက်တစ်ရပ် ရရှိမရရှိကို ကမ္ဘာကြီး မြင်တွေ့ရမည်ဟု ပြောကြားထားခဲ့သည်။ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် သတင်းထောက်များက အမေရိကန်အနေဖြင့် အီရန်ကို အလုံးအရင်းနဲ့ မဟုတ်သော်လည်း အကန့်အသတ်နဲ့ တိုက်ခိုက်နိုင်ခြေ ရှိမရှိ မေးမြန်းရာတွင် ထရမ့်က “စဉ်းစားနေသည်” ဟုသာ တုံ့ပြန်ခဲ့သည်။ လက်ရှိတွင် အမေရိကန်သည် အရှေ့အလယ်ပိုင်းဒေသ၌ စစ်အင်အားများ တိုးမြှင့် ဖြန့်ကျက်နေပြီး ကမ္ဘာပေါ်ရှိ အကြီးဆုံး လေယာဉ်တင်သင်္ဘောအဖြစ် သတ်မှတ်ခံထားရသည့် USS Gerald R. Ford ဦးဆောင်သည့် တိုက်ရေယာဉ်အုပ်သည် မြေထဲပင်လယ်ရေပြင်သို့ ဖေဖော်ဝါရီ ၂၀ ရက်တွင် စတင် ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ထို့အပြင် USS Abraham Lincoln ဦးဆောင်သည့် လေယာဉ်တင်သင်္ဘောအုပ်တစ်စုသည်လည်း...

Read More
en_USEnglish