Author: Salai

စစ်ရှောင်ပြည်သူတွေကို PDO/PDA အဖွဲ့က အခြေခံကျန်းမားရေးစောင့်ရှောက်မှုများ အခမဲ့ကူညီပေး

  ဇွန် ၂၆ The Kaladan Post ပြည်သူ့ဒီမိုကရက်တစ်တပ်တော်အနေဖြင့် အခြေခံကျန်းမာရေးစောင့် ရှောက်မှုအဖွဲ့များ ဖွဲ့စည်းကာ ၂၀၂၅ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျေးရွာပြည်သူလူထုနှင့် စစ်ရှောင်ပြည်သူများအား အခြေခံကျန်းမာ ရေး စောင့်ရှောက်မှုများကို အခမဲ့ပြုလုပ်ပေးလျက်ရှိကြောင်း People’s Democratic Army ၏ ထုတ် ပြန်ချက်အရ သိရပါသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး People’s Democratic Army ၏ တာဝန်ရှိသူ ရဲဘော်အုပ်စိုးက “ဦးစားပေးအနေနဲ့ ကူညီပေးကတေ့ ကျွန်တော်တို့ လှုပ်ရှားဒေသဖြစ်တဲ့ ညောင်ဦးနယ်ထဲမှာ အဓိကလုပ်ဖြစ်နေတာပါဖြစ်ပါတယ် ပြီးတော့ အဓိကအားဖြင့်အခြေခံကျန်းမားရေး ဖြစ်တဲ့  ဖျားတာ၊ နာတာ၊  ဆီချို၊ သွေးတိုး၊ ခါးနား၊ ဒူးနာ၊ ဒါတွေအပြင် မိုးရာသီဖြစ်တော့ ယားနာတွေ ရောပါတာပေါ့”ဟု The Kaladan Post သို့ပြောတို့သည်။ ဒါ့အပြင် ကျွန်တော်တို့ထပ်တိုးလုပ်ဆောင်နိုင် ဖို့ ယခင်ကရန်သူ့အနားနေရလို့ မထွက်လာနိုင်သေးတဲ့ဆေးဘက်ဆိုင်ရာ ပညာရှင်များကို ဖိတ်ခေါ် ပြီး ဒီထက်မက ပြည်သူတွေကို ကူညီနိုင်အောင်ကြိုးစားသွားမှာဖြစ်ပါတယ်။လက်ရှိကျွန်တော်တို့ ထိန်းချုပ် နေမြေမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေ နေရေးထိုင်ရေးနှင့် စားဝတ်နေရေးတွေကို ​ပြည်သူနဲ့ အတူ​ပူ ပေါင်းဖြေရှင်းပေးမှာဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။  စစ်ဘေးရှောင်ပြည်သူ ထပ်တိုးလာ နိုင်သောကြောင့်  စားဝတ်နေရေး ဖြေရှင်းနိုင်ရေး PDO/PDAအနေနဲ့ အခြေခံ စားသောက်ကုန်ဖြစ်သော ဆန်၊ဆီ စတာတွေကို ကြိုတင်ပြီးစုထားရတဲ့အခြေနေရှိကြောင်း သိရှိရပါသည်။ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို ဆက်လုပ်ဖို့ PDO/PDA စိုးမိုးထားတဲ့ဒေသတွင်းက ပြည်သူတွေ ဒီထက်ပိုစည်းလုံး ညီညွတ်ဖို့လိုအပ်ပြီးပါကြောင်းနှင့် ပြည်တွင်း၊ ပြည်ပရှိတိုင်ရင်းသား ညီအစ်ကိုများ အနေနဲ့လည်း စစ်ရှောင်ပြည်သူတွေရဲ့ ဆေးဝါးပစ္စည်းလိုအပ်ချက်များဖြစ်ဖြစ်၊ အလှူငွေဖြစ်ဖြစ် ဝိုင်းဝန်းကူညီ ပေးရန် လိုအပ်လျက်ရှိပြီး ကူညီပေးလိုပါက   PDO/PDA facebook page မှ လာရောက်ဆက်သွယ်ပြီး ကူပေး နိုင်ပါကြောင်း People’s Democratic Army ၏ တာဝန်ရှိသူ ရဲဘော် အုပ်စိုးက...

Read More

ဆလိုင်းတင်မောင်ဦး ပြသသွားသည့် တော်လှန်ရေး၏ စံတိုင်များ

ခေတ်အဆက်ဆက် မြန်မာ့လူထုလှုပ်ရှားမှုများတွင် မိမိတို့၏ အသက်ကိုပင် ပဓာနမထားဘဲ ပေးဆပ်ခဲ့ကြသော ခေါင်းဆောင်များအား သူတို့၏ အထူးတလည်နေ့ရက်များတွင် လေးစားဦးညွှတ် အောက်မေ့ဖွယ်များ ကျင်းပခြင်းသည် ကျွန်ုပ်တို့၏ အစဉ်အလာတစ်ခု ဖြစ်ပါသည်။ ယနေ့သည် ထိုသို့သော အာဇာနည်သူရဲကောင်းတစ်ဦးဖြစ်သူ ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း (၄၉) နှစ်မြောက် အောက်မေ့ဖွယ်နေ့ ဖြစ်ပါသည်။   သို့သော် အောက်မေ့ဖွယ်အခမ်းအနားများ ကျင်းပရုံမျှဖြင့် ကျွန်ုပ်တို့၏ တာဝန်ကျေပြီလော။ ယနေ့ မပြီးဆုံးသေးသော နွေဦးတော်လှန်ရေးကို ဆင်နွှဲနေကြသည့် တော်လှန်ရေး ခေါင်းဆောင်များနှင့် တော်လှန်ပြည်သူများအနေဖြင့် အသက်ပေးသွားသူတို့၏ စံပြုထိုက် သော ရပ်တည်ချက်နှင့် လုပ်ရပ်များကို အမှန်တကယ် လက်တွေ့ကျင့်သုံးနေပါရဲ့လားဟု မိမိကိုယ်ကို ပြန်လည်မေးခွန်းထုတ်ရမည့် အချိန်အခါလည်း ဖြစ်ပါသည်။ ထို့ကြောင့် ဆလိုင်းတင်မောင်ဦး လက်တွေ့ပြသသွားခဲ့သော အတုယူဖွယ် စံတိုင်များကို ပြန်လည် အမှတ်ရရင်း ဤနွေဦးတော်လှန်ရေးကို ကောင်းမွန်သောရလဒ်ဖြင့် အဆုံးသတ်နိုင်ရန် ကျွန်ုပ်တို့အားလုံး ကြိုးပမ်းကြရမည်ဖြစ်ပါသည်။   ဆလိုင်းတင်မောင်ဦးထံမှ ကျွန်ုပ်တို့ လက်တွေ့အတုယူရမည့် စံတိုင်များမှာ –   ၁။ ယိမ်းယိုင်ခြင်းမရှိသော ခိုင်မာသည့် ရပ်တည်ချက်   ဆလိုင်းတင်မောင်ဦး၏ ခိုင်မာသော ရပ်တည်ချက်ကို သူ၏ နောက်ဆုံးအချိန်များတွင် အထင်ရှားဆုံး တွေ့မြင်နိုင်ပါသည်။ သေဒဏ်ချမှတ်ခံရပြီးနောက် သက်ညှာခွင့်ပေးမည်ဟု အာဏာရှင်တို့က အခွင့်အလမ်းပေးခဲ့သော်လည်း သူသည် မတရားမှုကို တော်လှန်သည့် သူ၏ယုံကြည်ချက်ကို အလျှော့မပေးဘဲ ကြိုးစင်ကို ရဲရဲဝံ့ဝံ့ ရွေးချယ်ခဲ့သည်။ ဤသည်မှာ ဖိအားများအောက်တွင် အမှန်တရားကို မယိမ်းမယိုင် ကိုင်စွဲနိုင်ခဲ့သည့် သမိုင်းဝင် သက်သေပင် ဖြစ်သည်။...

Read More

စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၂)ဦး လက်နက်ချ အညံ့ခံ

  —————————————————————————– —– ဇွန် ၂၆ The Kaladan Post   ၂၀၂၅ခုနှစ်၊ ဇွန်လ ၂၆ရက်နေ့တွင် စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအဖြစ် ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များကို အမှတ်(၂) စစ်ဒေသခွဲ(JOC)၏ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို့ပူးပေါင်း၍ တိုက်ထုတ်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲ၏ ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲ၏ သတင်းနှင့်ပြန် ကြားရေးတာဝန်ခံ က “ ယခု ကျွန်တော်တို့ဖမ်းဆီးထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲမှာ ဒဏ်ရာရှိ သူတွေလည်းပါတယ် ဒါပေမယ့် စိုးရိမ်ရလောက်တဲ့သူတွေတော့မပါဘူး အခုလက်ရှိမှာ ဒဏ်ရာရ သူတွေကိုလည်းသေချာစောင့်ရှောက် ပေးထားပါတယ် ပြီးတော့ ဒီစစ်ဆင်ရေးဟာဆိုရင် စစ်တောင်း မြစ်ဝှမ်းစစ်ဆင်ရေးအဖြစ် နာမည်ပေးထားတာဖြစ်ပြီး  ကျွန်တော်တို့မျှော်မှန်းထားသလောက်လည်း အောင်မြင်ပါတယ်”ဟု The Kaladan Post သို့ပြော ဆိုသည်။ အဆိုပါစစ်ဆင်ရေးကို PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၅) နှင့် KNLA တပ်ရင်း(၈)၊ တပ်ရင်း(၉) တို့ ပါဝင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်း သေဆုံးပြီး အထိအခိုက်များစွာဖြင့် ဆုတ်ခွာထွက်ပြေးခဲ့ကြောင်းသိရသည်။ ထို့အပြင် တိုက်ပွဲအ တွင်း  စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိပြီး လက်နက် ၂၈ လက်နှင့် စစ်သုံးပစ္စည်းများစွာ သိမ်းဆည်းရရှိကာ ဖမ်းဆီးရမိသူများကို ဂျနီဗာကွန်ဗန်းရှင်းနှင့်အညီ တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ထိန်းသိမ်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။...

Read More

ဇွန် (၂၆) သတင်းတိုကဏ္ဍ

၁။ တောင်ငူမြို့နယ်တွင် စစ်ဆေးရေးဂိတ်များမှ မတရားငွေကြေးကောက်ခံ ———————————————————————————– ဇွန် ၂၆ The Kaladan Post ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ ခပေါင်းဂိတ်၊ စစ်တောင်းတံတားဂိတ်နှင့် ၄ မိုင်စစ်ဆေးရေးဂိတ်တို့တွင် ဗိုလ်ကြီးဖြိုးဝေဝင်း၊ ဗိုလ်ကြီးဇော်မင်းထိုက်နှင့် စစ်အရာရှိများက ပြည်သူများထံမှ မတရားငွေကြေးတောင်းခံနေကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီက လုံခြုံရေးအတွက် စစ်ဆေးရေးဂိတ်များ ချထားသော်လည်း ယခင်က လုံခြုံရေးစစ်ဆေးမှုသာ ပြုလုပ်ခဲ့သည်။ သို့သော် ညောင်လေးပင်၊ ကျောက်ကြီးနှင့် ကျောက်တံခါးတို့တွင် တိုက်ပွဲများဖြစ်ပြီးနောက် ရိက္ခာနှင့် ဆေးဝါးသယ်ယူမှုကို ကန့်သတ်ခဲ့သည်။ ငွေပေးပါက ဖြတ်သန်းခွင့်ပြုသဖြင့် ဂိတ်များသည် စီးပွားဖြစ်နေရာများ ဖြစ်လာသည်။ လက်ရှိ အိမ်စီးကား တစ်စီးလျှင် ၅၀၀၀ ကျပ်၊ ကုန်ကားများအတွက် ကုန်ပစ္စည်းပေါ်မူတည်၍ သောင်းဂဏန်းမှ သိန်းအထိ ကောက်ခံနေသည်။ ဆန်အိတ်အနည်းငယ်ပါ ကားတစ်စီးလျှင် ၁၀၀၀၀ ကျပ်၊ ဆန်အိတ်များလျှင် ၇၀၀၀၀ မှ ၁ သိန်းအထိ ပေးရသည်။ ဒူးရင်းသီးသယ်ယူမှုတွင် သောင်းချီပေးရသည့်အပြင် ဗိုလ်ကြီးများက ဒူးရင်းသီးကိုပါ ခြိမ်းခြောက်တောင်းယူသည်။ ဒေသခံများက စစ်ကောင်စီထံ တိုင်ကြားသော်လည်း အရေးယူမှုမရှိကြောင်း သိရသည်။   ၂။ မင်းလှမြို့နယ်တွင် စစ်တပ်က ရွာသားတစ်ဦးကို သတ်ဖြတ်ပြီး ကျေးရွာများ မီးရှို့ ———————————————————————————– ဇွန် ၂၆ The Kaladan Post ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ငလှစမ်းရွာသား ကိုသန်းဇော်ဝင်းကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းကို ဗုံးခိုကျင်းထဲ စွန့်ပစ်ခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။...

Read More

Youth and Women’s Affairs Program/ Episode-004/ The Kaladan Post

တကယ့် ပြည်ထောင်စု မြန်မာနိုင်ငံလို့ ပြန်ခေါ်မယ်ဆိုရင်လည်းပဲ ဒီပြည်ထောင်စု အတွင်းမှာ ရှိတဲ့သူတွေ အားလုံး ဘယ်စနစ်ဆိုတာထက် ပေါ့နော် ။ လူသား တစ်ယောက်ချင်းစီဖြစ်တဲ့ အတွက်ကြောင့် ဒီလူ့ အခွင့်အရေး အပြည့်အဝတဲ့စနစ် တစ်ခုပေါ့နော် ။

Read More
en_USEnglish