Author: Salai

စစ်ဘေးရှောင်ပြည်သူများကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)မှ ကူညီထောက်ပံ့

—————————————————————————– စက်တင် ၅ The Kaladan Post စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား ပြည်သူ့လွတ် မြောက်ရေးတပ်မတော် (PLA)၊ အနောက်မြောက်စစ်ဒေသ၊ ဆေးတပ်ဖွဲ့မှ စက်တင်ဘာလ ၄ ရက်နေ့မှစတင်ကာ ဆေးကုသမှုနှင့် စားနပ်ရိက္ခာထောက်ပံ့မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း အမှတ် ၈၁၅တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသ၏ ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသ၏ တာဝန်ရှိ သူတစ်ဦးက “စစ်ရှောင်ပြည်သူတွေကို လက်ရှိမှာ လူနာနှစ်ရာဝန်းကျင်ကို ကျွန်တော်တို့က ဆေးကုသမှုတွေ ကူညီပေးခဲ့နိုင်ပါတယ် ပြီးတော့ အိမ်ထောင်စု ၅၀ ဝန်းကျင်ကို တစ်အိမ်ထောင်လျှင် ဆန်တတင်း နှုန်းဖြင့်ထောက်ပဲ့ပေးခဲ့ပါတယ် ကျန်အိမ်ထောင်စု ၂၀ ကျော်ကို တစ်အိမ်ထောင်လျှင် ငွေသား တစ်သိန်း(၁၀၀,၀၀၀) ကျပ်စီဖြင့် ထောက်ပံ့ပေးခဲ့ပါတယ်ဟု “ The Kaladan Post သို့ပြောဆိုသည်။ ယခုလိုစစ်ရှောင်ပြည်သူတွေကို ထောက်ပံ့ပေးသော ငွေကြေးအပါအဝင် ဆန်နှင့်ဆေးဝါးကုသပေး မှုများသည် အလှူရှင်များထံမှ ကြားခံဖြင့်ဆောင်ရွက်ပေးခြင်းအဟုတ်ဘဲ တပ်ဖွဲ့ရဲ့ရန်ပုံငွေကို အသုံးပြုကာထောက်ပံ့ပေးခြင်းဖြစ်ကြောင်း တပ်ဖွဲ့ရဲ့တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။ ဩဂုတ်လ ၁၆ ရက်နေ့မှစ၍ ပုလဲ-မင်းတိုင်ပင်-ဂန့်ဂေါ လမ်းတလျောက် ဖက်ဆစ်စစ်တပ်၏ စစ်ကြောင်းထိုးခြင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများကြောင့် ကျေးရွာပေါင်း ၃၀ ခန့်မှ ပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးနေရသည်။ယခုအခါ စစ်ဘေးရှောင်ကာလ နှစ်ပတ်ကျော် ကြာမြင့်လာပြီဖြစ်ပြီး PLA ဆေးတပ်ဖွဲ့မှ စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ကူညီမှု များပေးနေသည့်အပြင် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ ခြေလှမ်းတိုင်းသည် အဖိနှိပ်ခံ ပြည်သူများ၏ အကျိုးစီးပွားအတွက်သာ ရည်ရွယ်ထားကြောင်း ၎င်းထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။ ဤသို့ စေတနာဖြည့် ကူညီထောက်ပံ့မှုများသည် စစ်‌ရှောင်ပြည်သူများအတွက် ယာယီသက်သာရာရရှိရုံသာမက ဒုက္ခသည်များအား ခိုင်မာသော အနာဂတ်တစ်ခုဆီသို့ ဦးတည် စေနိုင်သည့်အပြင် လူသားချင်းစာနာမှုထောက်ထားမှုဖြင့် ကူညီပေးခြင်းသည် လောကကြီးကို ပိုမို ကောင်းမွန်သော ရေရှည်တည်တံ့သော ဘဝတည်ဆောက်မှုကို...

Read More

“အရှိန်ပြန်ရလာတဲ့ စစ်ကောင်စီကို အနိုင်ယူဖို့ရန် တော်လှန်ရေးအင်အားစုတွေ ဘာတွေကိုသတိထားဖို့လိုသလဲ” The Kaladan Post/ Episode-014

“အရှိန်ပြန်ရလာတဲ့ စစ်ကောင်စီကို အနိုင်ယူဖို့ရန် တော်လှန်ရေးအင်အားစုတွေ ဘာတွေကိုသတိထားဖို့လိုသလဲ” The Kaladan Post/ Episode-014

Read More

စက်တင် (၅) သတင်းတိုပေါင်းချုပ်

ကျောက်မဲနှင့် ပုလဲမြို့နယ်များတွင် စစ်တပ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံး စက်တင် ၅ The Kaladan Post ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တို့တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ ကျောက်မဲမြို့နယ်၊ မက်မန်းကုန်းကျေးရွာတွင် ယနေ့ စက်တင်ဘာ ၅ ရက် နံနက်အစောပိုင်းက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် လင်မယား ၂ ဦးသေဆုံးခဲ့သည်။ လမ်းအဝင်အထွက်များ ယာယီပိတ်ထားသဖြင့် အလောင်း များကို သယ်ယူပို့ဆောင်နိုင်ခြင်း မရှိသေးပေ။ ဒေသခံတစ်ဦးက “စစ်တပ်က ဆက်တိုက် ပစ်ခတ်နေပြီး အလောင်းသယ်ထုတ်လို့ မရသေးပါ” ဟု ပြောသည်။ အလားတူ ပုလဲမြို့နယ်၊ တနယ်ကျေးရွာတွင် စက်တင်ဘာ ၄ ရက်က စစ်တပ်၏ လေယာဉ်ဗုံးကြဲမှုကြောင့် လင်မယား ၂ ဦး သေဆုံးခဲ့သည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံး ၂ ကြိမ်ကြဲချခဲ့ရာ အမျိုးသမီးတစ်ဦးမှာ အပိုင်းပိုင်းပြတ်သေဆုံးပြီး ခင်ပွန်းဖြစ်သူမှာ ဒဏ်ရာဖြင့် ဆေးကုသရင်း ကွယ်လွန်ခဲ့သည်။ နောက်ထပ်ပြည်သူ ၁ ဦး ဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူနေသည်။ တနယ်ရွာမှ ဒေသခံများမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်း ရှောင်နေရသည်။ ဒေါ်အောင်ဆန်းစုကြည် နှလုံးရောဂါဆိုးရွားလျက် စစ်တပ်က ဆေးကုခွင့်ငြင်းပယ် စက်တင် ၅ The Kaladan Post မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နှလုံးရောဂါ ဆိုးရွားစွာ ခံစားနေရပြီး အထူးကုဆရာဝန်ဖြင့် ပြသရန် တောင်းဆိုသော်လည်း စစ်တပ်က...

Read More

ညောင်လေးပင် မဒေါက်လမ်းပိုင်းရှိ စစ်တပ်ဂိတ်ကို Fire Dragon PDF ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၂ ဦးသေဆုံး

—————————————————————————– စက်တင် ၅ The Kaladan Post ပဲခူးတိုင်း၊ ညောင်လေးပင်-မဒေါက်-ရွှေကျင်လမ်းပိုင်းရှိ အကြမ်းဖက်စစ်တပ်ဂိတ်တစ်ခုကို ယနေ့ စက်တင်ဘာ ၅ ရက် နံနက် ၆ နာရီဝန်းကျင်တွင် Fire Dragon ကွန်မန်ဒို PDF တပ်ဖွဲ့ဝင်များက ပြောက်ကျားဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး နေရာတွင်သေဆုံးခဲ့ကြောင်း ဒေသတင်းဖော်ပြ ချက်များအရသိရသည်။ အဆိုပါသတင်းဖော်ပြချက်များနှင့် ပတ်သက်ပြီး Fire Dragon တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီဂိတ်တွင် အင်အား ၂၀နီးပါးဖြင့် မအိပ်ဘဲ အစောကြီးထိုင်တဲ့ဂိတ်ဖြစ်ပါတယ်ခင်ဗျ အဆိုပါဂိတ်စာဆိုရင် စစ်ကောင်စီအထိုင်ချစခန်း ၆ခုနှင့် နီးတဲ့ဂိတ်ပေါ့ဗျ အဲ့ဒီထဲမှာ စစ်ကောင်စီစခန်းတစ်ခုဆိုရင် ကျွန်တော်တို့ တိုက်ခိုက်ခဲ့တဲ့ ဂိတ်နှင့် ဖာလုံဝက်ခန့်သာကွာဝေးတဲ့ဂိတ်ကို တိုက်ခိုက်တာဖြစ်ပါတယ်ဟု “ The Kaladan Post သို့ပြောဆိုသည်။ အဆိုပါဂိတ်သည် ခရီးသွားကားများထံမှ ဆက်ကြေးကောက်ခံခြင်း၊ လိုင်စင်ဖမ်း ခြင်း၊ ငွေညှစ်ခြင်းနှင့် တပ်သားသစ်စုဆောင်းခြင်းများ လုပ်ဆောင်နေသည့် ယာယီဂိတ်ဖြစ်ပြီး အထိုင်ချစခန်းမဟုတ်ကြောင်း Fire Dragon PDF တာဝန်ရှိသူက ပြောသည်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်နေရာတွင်သေဆုံးသွားသည့်အပြင် MA1 သေနတ် ၁ လက်၊ MA2 သေနတ် ၁လက်၊ ကျည်ဘောက် ၅ခု၊ အီနာဂါ ၂လုံးနှင့် ကျည် ၁၈၀ခန့်ကို PDF တပ်ဖွဲ့က သိမ်းဆည်း ရရှိခဲ့သည်။ တိုက်ခိုက်မှုအပြီး PDF တပ်ဖွဲ့ဝင်များ ဆုတ်ခွာစဉ် ညောင်လေးပင် အခြေစိုက် ခမရ ၂၀ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် ၄ ချက်ပစ်ခတ်ခဲ့သော်လည်း ပြည်သူများ ထိခိုက်မှုမရှိခဲ့ပေ။ Fire Dragon PDF တပ်ဖွဲ့သည် ယခင် ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၂၃ ရက်ကလည်း အဆိုပါလမ်းပိုင်းရှိ တာပြတ်ဂိတ်အနီး ကင်းပတ်နေသည့် စစ်သားတစ်ဦးကို စနိုက်ဘာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးခဲ့ကြောင်းသိရသည်။ Fire Dragon PDF တာဝန်ရှိသူက ပြည်သူများကို ငွေညှစ်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် သွားလာမှုနှောင့်ယှက်ခြင်းများ ဆက်လုပ်ပါက ဆက်လက်တုံ့ပြန်သွားမည်ဟု ပြောသည်။ ညောင်လေးပင်-မဒေါက်လမ်းပိုင်းအနီးရှိ ပုဇွန်မြောင်းရွာတွင် စစ်တပ်က နေရာ ၄ ခုခွဲ၍ တပ်စွဲထားပြီး မုက္ခမူ၊ တာပြတ်နှင့် ရေကြည်ချောင်းဂိတ်စခန်းများတွင် ခမရ ၂၀၊ ၂၆၄ မှ စစ်သားများ၊ ပျူစောထီးနှင့် ရဲများ ပူးပေါင်းတပ်စွဲထားကြောင်း...

Read More

စက်တင် (၄) သတင်းတိုပေါင်းချုပ်

ပဲခူးတိုင်းဝန်ကြီးချုပ်က အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးခေါင်းဆောင်များကို မြေကွက်ချပေး စက်တင် ၄ The Kaladan Post ပဲခူးတိုင်းဝန်ကြီးချုပ် မျိုးဆွေဝင်းက ပဲခူးမြို့ရှိ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးခေါင်းဆောင်များအား တစ်ဦးလျှင် မြေကွက်တစ်ကွက်စီ ချပေးခဲ့ကြောင်း သတင်းရရှိသည်။ စက်တင်ဘာလ ၂ ရက်တွင် ၎င်းကိုယ်တိုင် ၎င်းတို့နှင့်တွေ့ဆုံခဲ့ပြီး လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် ၎င်းတို့၏ပါဝင်မှုကို ကျေးဇူးတင်သည့်အနေဖြင့် ပဲခူးတက္ကသိုလ်အနီးရှိ တိုင်းအစိုးရပိုင် မြေကွက် ၁၀၆ ကွက်ကို ပေ ၄၀ နှင့် ပေ ၆၀ အရွယ်ဖြင့် ချထားပေးခဲ့သည်။ ထို့ပြင် စားနပ်ရိက္ခာနှင့် ကြက်ဥများလည်း ထောက်ပံ့ပေးခဲ့သည်။ မျိုးဆွေဝင်းက လာမည့်ရွေးကောက်ပွဲကာလတွင်လည်း နိုင်ငံတော်အတွက် တာဝန်ကျေပွန် စွာ ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ မျိုးဆွေဝင်းသည် စစ်တပ်အရာရှိဟောင်းဖြစ်ပြီး ရဲတပ်ဖွဲ့တွင် ဒုရဲချုပ်အဆင့်ထိ တာဝန်ထမ်း ဆောင်ခဲ့သူဖြစ်သည်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်က ၎င်းအား ပဲခူးတိုင်းဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ဤမြေကွက်ချပေးမှုသည် အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးခေါင်းဆောင်များအား စစ်အစိုးရ၏လုပ်ငန်းများတွင် ဆက်လက်ပူးပေါင်းရန် မက်လုံးပေးသည့်သဘောဟု ယူဆရသည်။ ပဲခူးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သတင်းရင်းမြစ်များက ဤအချက်များကို အတည်ပြုပြောကြားခဲ့သည်။ ရန်ကုန်နှင့် စလင်းတွင် စစ်တပ်က ပြည်သူ ၁၆ ဦးကို ပေါ်တာဆွဲဖမ်းဆီး စက်တင် ၄ The Kaladan Post ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်တွင် စိတ်ကျန်းမာရေးမကောင်းသူ ကိုကောင်းဇေအပါအဝင် ပြည်သူတစ်ဦးကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း မိသားစုဝင်များက ပြောဆိုသည်။ ၂၀၂၅ ခုနှစ် မတ်လ ၃...

Read More

Recent Comments

No comments to show.

Subscribe

en_USEnglish