ဩဂုတ် (၉) သတင်းတိုပေါင်းချုပ်
၁။ စစ်ကြောင်းထိုးနေသော စစ်တပ်ကို PDF တပ်ဖွဲ့များ ပိတ်ဆို့တိုက်ခိုက် ဩဂုတ် ၉ The Kaladan Post နေပြည်တော်၊ မကွေးနှင့် ပဲခူးတိုင်းထိစပ်နယ်မြေများသို့ စစ်ကြောင်းထိုးဝင်ရောက်နေသော စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက တစ်လနီးပါး လိုက်လံပိတ်ဆို့တိုက်ခိုက်လျက်ရှိသည်။ ဇူလိုင် ၁၈ ရက်မှစတင်ကာ စစ်တပ်သည် အင်အား ၆၀၀ ဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲ၍ နေပြည်တော်၊ ပဲခူးနှင့် မကွေးတို့မှ ထိုးစစ်ဆင်လာခဲ့သည်။ တိုက်ပွဲများအတွင်း စစ်သား ၇၅ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး တိုက်ပွဲများ ယခုချိန်ထိ ပြင်းထန်နေဆဲဖြစ်သည်။ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး စခန်းအချို့ လက်လွှတ်ခဲ့ရသည်။ ဤတိုက်ခိုက်မှုကို နေပြည်တော်တိုင်းစစ်ဌာနချုပ် အမှတ် ၈၀၄၊ ၉၀၂ တပ်ရင်းများနှင့် သရက်ခရိုင်တပ်ရင်း ၁ နှင့် အောင်လံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့သည်။ စစ်တပ်သည် နင်းမိုင်းနှင့် ဆွဲမိုင်းများကြောင့် အထိနာခဲ့ပြီး ပြည်သူများမှာ စစ်ရှောင်ထွက်ပြေးခဲ့ရသဖြင့် ဘေးကင်းနေကြသည်။ တိုက်ပွဲများသည် သရက်ခရိုင်အတွင်း အဓိကဖြစ်ပွားနေပြီး နေပြည်တော်ရှိ ချောင်းတိမ်၊ ချောင်းမကြီး၊ အောင်ချမ်းသာရွာများမှ စစ်တပ်က အခြေစိုက်ထိုးစစ်ဆင်နေသည်။ ၂။ စလင်းနှင့် မုံရွာတွင် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး ဩဂုတ် ၉ The Kaladan Post မကွေးတိုင်း၊ စလင်းမြို့နယ်၊ နွယ်တမယ်ရွာတွင် ဩဂုတ်လ ၆ ရက်နေ့ ညနေ ၆ နာရီခန့်က စစ်ကြောင်းထိုးလာသော စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ အင်အား ၅၀ ခန့်ရှိသော စစ်တပ်စစ်ကြောင်းနှင့် ဒေါင်းစစ်အောင် (Local PDF) ဦးဆောင်သည့် တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲသည် ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။ ဤတိုက်ခိုက်မှုကို ဒေါင်းစစ်အောင်၊ ဗမာ့တပ်တော်၊ ပေါက်တောင်ပိုင်းကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့နှင့် စလင်းမြို့နယ် ပကဖ တို့က ပူးပေါင်းဆောင်ရွက်ခဲ့သည်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတွင် ဩဂုတ်လ ၃ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က စစ်သင်္ဘောအုပ်စုကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့သည်။ စစ်သင်္ဘော ၁ စီးနှင့် တွဲသင်္ဘော ၁၀ စီးကို ရှေ့ထွက်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်။ Chindwin Fighter Group နှင့် Brave Heart Army တို့က ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။ ပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဆက်လက်ပူးပေါင်းပါဝင်ရန် Chindwin Fighter Group က တိုက်တွန်းထားသည်။ ၃။ တနင်္သာရီမြို့နယ်တွင် စစ်တပ်စစ်ကြောင်းနှင့် စခန်းများကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး ဩဂုတ် ၉ The Kaladan Post တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်တပ်၏ စစ်ကြောင်း၊ စစ်ဆေးရေးဂိတ်နှင့် ရိက္ခာပို့ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့သည်။ ဇူလိုင် ၂၈ ရက်နေ့ နံနက်တွင် သစ်ပင်ခြောက်ရွာရှိ စစ်ကြောင်းနှင့် တနင်္သာရီမြို့မှ စစ်ကူလာသည့် စစ်ကြောင်းကို ဒရုန်းဗုံးကြဲပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ တိုက်ပွဲအတွင်း စစ်သား ၂၀ ကျော် ဒဏ်ရာရရှိခဲ့သော်လည်း သေဆုံးမှု အတိအကျ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ဩဂုတ်လ ၄...
Read More