အလင်းဝင်လာသူတပ်သား မောင်တင်ဝင်းသည် စစ်ကောင်စီကို ပြန်တော်လှန်သွားမည်ဟုဆို
—————————————————————————– ဩဂုတ် ၆ The Kaladan Post ၂၀၂၅ခုနှစ်၊ဇူလိုင်လ ၃၀ရက်နေ့တွင် တနင်္သာရီမြို့နယ်၊အောက်ကင်းရွာအခြေစိုက် ခမရ (၅၅၇) တပ်ရင်းမှ တပ်သား(၁) ဦး လက်နက်နှင့်အတူ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ထံ အလင်း ဝင်ရောက်ခဲ့ကြောင်း တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တပ်ဖွဲ့ရဲ တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့ထံ အလင်းဝင်လာသူသည် ၂၀၂၅ခုနှစ်၊ ညဖက် လမ်းထွက်နေချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ တွေက ခဏလိုက်ခဲ့ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားခံရတယ် ဖမ်းဆီးခံရသူဟာဆိုရင် စစ်ကောင်စီတပ်ထဲမှာ တာဝန်ထမ်းဆောင်ခဲ့တာ ၃ လနီးပါးပဲ ရှိသေးတယ်”ဟု The Kaladan Post သို့ပြောဆို သည်။ ဒါ့အပြင် အလင်းဝင်လာသူကို ကနဦးအနေနဲ့ ကျွန်တော်တို့တပ်ဖွဲ့မှ ကျပ် ၁၀သိန်း ချီးမြှင့် ထားပါတယ်၊ MOD ကိုတင်ထားတဲ့ဟာကျလာတာနဲ့ ထပ်ပြီးတော့ထောက်ပံ့ ပေးသွားမှာဖြစ်ပြီး လက်ရှိမှာ သူ့ကိုတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတစ်ခုတွင် ထားထားကြောင်း တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ထပ်လောင်းပြောဆိုသည်။ အလင်းဝင်ရောက်လာသူမှာ တပ်သား အမည်လွဲ မောင်တင်ဝင်း၊ ကိုယ်ပိုင်အမှတ် ပစ/၁၄၄၂၁၆ ဖြစ်ပြီး ၎င်းနှင့်အတူ MA-2 (၁) လက်၊ ကျည်ဘောက် (၁)ခု၊ ကျည် (၁၈)တောင့်၊ တို့ ပါဝင်ခဲ့ပြီး တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ကြောင်းသိရသည်။ အကြမ်းဖက်မင်းအောင်လှိုင်၏ တပ်သား များအနေဖြင့် ပြည်သူ လူထုဖက်မှရပ်တည်လိုပါက တနင်္သာရီတိုင်းစစ်ဌာန၏ တပ်ရင်းတပ်ဖွဲ့များ၊ နီးစပ်ရာတော်လှန်ရေး တပ်များထံ အမြန်ဆုံးပူးပေါင်းကြရန်တိုက်တွန်းလိုပြီး တနင်္သာရီတိုင်းစစ်ဌာန၏ တပ်ရင်းတပ်ဖွဲ့များထံ လက်နက်နှင့်အတူ အလင်းဝင်ရောက်လာပါက ထိုက်တန်စွာဂုဏ်ပြု ချီးမြှင့်သွားမည် ဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ အလင်းဝင်ရောက်လာသူ တပ်သား အမည်လွဲ မောင်တင်ဝင်းသည် အကြမ်းဖက် စစ်ကောင်စီကို ပြန်တော်လှန်ရန်...
Read More