ဩဂုတ် (၄) သတင်းတိုပေါင်းချုပ်
၁။ ကျောက်မဲမြို့ ဆေးခန်းအနီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ဩဂုတ် ၄ The Kaladan Post ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ ဇေယျဖြိုး ဆေးခန်းအနီးကို အကြမ်းဖက်စစ်တပ်က ယနေ့ ဩဂုတ်လ ၄ ရက် နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၁ လုံး ကြဲချ တိုက်ခိုက်ခဲ့သည်။ ဒေသခံများထံမှ သိရှိရသည်မှာ ဗုံးကြဲမှုကြောင့် အဆောက်အဦးများ အနည်းငယ် ပျက်စီးခဲ့ပြီး လူထိခိုက်မှု အနည်းငယ်သာ ရှိကာ သေဆုံးသူ မရှိဟု ကနဦးသိရသည်။ တိုက်ခိုက်မှုသည် ဘူတာရုံနှင့် နီးကပ်သော ဆေးခန်းအနီးတွင် ဖြစ်ပွားခဲ့သည်။ ဇူလိုင်လအတွင်း ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော် ၁ ပါး ပျံလွန်တော်မူခဲ့ပြီး အမျိုးသား ၃ ဦး သေဆုံးကာ လူ ၂၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် နေအိမ် ၄၅ လုံး၊ စာသင်ကျောင်း ၂ ကျောင်းနှင့် ဘုန်းကြီးကျောင်း ၂ ကျောင်း ပျက်စီးခဲ့သည်။ ယခုတိုက်ခိုက်မှုသည် ဒေသခံပြည်သူများအပေါ် စစ်တပ်၏ ဆက်လက်အနိုင်ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ၂။ ရာအိမ်မှူး၏သားအပါအဝင် လူငယ် ၃ ဦးကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီး ဩဂုတ် ၄ The Kaladan Post မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကောင်းပင်စည်ကျေးရွာမှ...
Read More