Author: Salai

ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ စစ်ဘေးရှောင်ပြည်သူများအား  ကူညီထောက်ပံ့

  ဩဂုတ် ၂ The Kaladan Post စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် ရေဘေးသင့် ရေရှည်စစ်ဘေးရှောင် ပြည်သူများ အား ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ shwebo Crocodile ၊ ရွှေဘိုမြို့နယ် လူ့အခွင့်အရေး တာဝန်ခံတို့မှ ပြည်တွင်း ပြည်ပ အလှူရှင်များမှရရှိသော အလှူငွေဖြင့် ဒုက္ခရောက်နေသော စစ်ဘေး ရှောင်များကို နိင်စွမ်းသည့်အားဖြင့် ပြည်သူ မှ ပြည်သူသို့ ပြန်လည်ထောက်ပံ့ လှူဒါန်းခွင့်ရသည်ကို ဝမ်းသာပီတိ ဖြစ်ရကြောင်း တာဝန်ရှိသူက The Kaladan Post သို့ သတင်း ပေးပို့ပါသည်။ ကျွန်တော် တို့သည်” ပြည်သူ့အမှုထမ်းရင်း ဘုံရန်သူကို ဖြိုဖျက်တိုက်ခိုက်နေတဲ့  အရံ စစ်သည်များ အဖြစ် တိုက်ပွဲများတွင်လည်း ပါဝင်ဆောင်ရွက်လျက်ရှိပါတယ် ပြီးတော့ ပြည်တွင်း ပြည်ပ အလှူရှင်များ ထံမှ ရရှိသော တပ်ဖွဲ့ပိုင်ရံပုံငွေများကို အသုံးပြုပြီးတော့ စစ်ဘေးရှောင်ပြည်သူများကို  လူသား စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခဲ့တာဖြစ်ပါတယ်”ဟု တာဝန်ရှိသူကဆိုသည်။ ယခုအခါ ရွှေဘိုမြို့နယ်အတွင်း ရေကြီးမှုဒဏ်ခံစားနေရသော စစ်ဘေးရှောင်အိမ်ထောင်စု (၁၀၀) စာအတွက် ဆန်သုံးပြည်နှင့် စားသုံးဆီတစ်ဗူးစီ ထောက်ပံ့ကူညီပေးခဲ့ကြောင်းသိရပါသည်။ ဤ လှူဒါန်းမှုသည် ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ ဒုတိယမြောက် ကူညီထောက်ပံ့မှု ဖြစ်ပါ သည်။ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့သည် ပြည်သူများထံမှ ရရှိသော အလှူငွေများကို စစ်ဘေးရှောင်ပြည်သူများအတွက် တိုက်ရိုက်ထောက်ပံ့ရန် အသုံးပြုထားခြင်းဖြစ်ပါသည်။ ရွှေဘို မြို့နယ်အတွင်း လူသားစာနာထောက်ထားမှုဆိုင်ရာ တာဝန်ခံတစ်ဦးရှိပြီး၊ ၎င်းသည် မြို့နယ်တစ်ခု လုံးအတွက် ဆောင်ရွက်လျက်ရှိသော်လည်း၊ ဤထောက်ပံ့မှုသည် တပ်ဖွဲ့၏ သီးသန့်ကူညီမှု ဖြစ်ပါသည်။  ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ယုံကြည်အားကိုးထိုက်သော အင်အားစု တစ်ခု အဖြစ် ရပ်တည်နိုင်မည်ဟု ယုံကြည်ထားကြောင်း တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။ ဤ လှူဒါန်းမှုသည် ဖြစ်ချင်ရာဖြစ်ရုံမဟုတ်ဘဲ၊ ဖြစ်သင့်ဖြစ်ထိုက်သည့် လူထုကူညီထောက်ပံ့မှု တစ်ရပ် ဖြစ်ပြီး၊ တပ်ဖွဲ့၏ နိုင်စွမ်းသည့်အားဖြင့် ဆက်လက်အားဖြည့်ကူညီသွားမည်ဖြစ်ကြောင်းသိရသည်။ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့သည် ပြည်သူတွေရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ယူထားတဲ့ တပ်ဖွဲ့တစ်ခုဖြစ်ပြီး၊ ပြည်သူများအပေါ် အကြမ်းဖက်မှုများကို နှိမ်နင်းတိုက်ခိုက် ရေးတပ်ဖွဲ့အဖြစ်လည်း Shwebo Crocodile Page မှတစ်ဆင့် ဖွဲ့စည်းထားပါတယ်”ဟု တာဝန်ရှိ သူက...

Read More

ဩဂုတ်(၂) သတင်းတိုပေါင်းချုပ်

၁။ မိုးကုတ်မြို့အနောက်ပိုင်း လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူများ ထိခိုက်သေဆုံး ဩဂုတ် ၂ The Kaladan Post မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းကို ဩဂုတ်လ ၂ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် မိုးသည်းထန်စွာ ရွာသွန်းနေချိန် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။ ဗုံးကြဲမှုသည် ဂေါင်းဦးဘာထိပ် ရွှေမောင်းအရက်ဆိုင်အနီးရှိ အထည်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ ပြည်သူတချို့ ထိခိုက်သေဆုံးမှုရှိခဲ့သည်။ ဒေသခံ တစ်ဦးက “ဗုံးကြဲတာ လူသေဆုံးမှုရှိတယ်။ ၃ ဦးသေတယ်လို့ ပြောနေတယ်။ ဒဏ်ရာရသူတွေ လည်းရှိတယ်” ဟု ပြောသည်။ မိုးသံကြောင့် လေယာဉ်သံ မကြားလိုက်ရဘဲ နေရာအတိအကျ ဗုံးကြဲခံရသဖြင့် သတင်းပေးရှိသည်ဟု ယူဆရကြောင်း ၎င်းက ဆိုသည်။ စစ်ကောင်စီသည် TNLA သိမ်းပိုက်ထားသော မိုးကုတ်မြို့ကို မေ၊ ဇွန်၊ ဇူလိုင်လများအတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ရာ ပြည်သူများ ထိခိုက်သေဆုံးမှု များပြားခဲ့သည်။ ဇူလိုင်လ ၂၉ ရက်တွင် ဗုံး ၇ လုံးအပါအဝင် အကြိမ်ပေါင်းများစွာ ဗုံးကြဲခဲ့ပြီး ဇူလိုင်လ ၁၃ ရက်က ပေါင် ၅၀၀ ဗုံးကြဲမှုကြောင့် ပြည်သူ ၆ ဦး ဒဏ်ရာရရှိကာ နေအိမ် ၇ လုံး ပျက်စီးခဲ့သည်။ ဇူလိုင်လ ၉ ရက်ကလည်း ပေါင် ၃၀၀ ဗုံးကြဲမှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၂...

Read More

ချင်းပြည်တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းကြားတိုက်ပွဲဖြစ်ပွား

  ————————————————————- ဩဂုတ် ၂ The Kaladan Post ချင်းပြည်တော်လှန်ရေးတပ်ဖွဲ့ဖြစ်သော Chinland Defense Force – Mara  နှင့် Mara Land Defence Force -MDF တို့သည် ယမန်နေ့ ဩဂုတ်လ ၁ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားတယ်လို့ ဒေသတွင်း မီဒီယာတွေ ဖော်ပြချက်အရသိရပါသည်။ အဆိုပါဖော်ပြချက်များတွင် နှစ်ဘက်တော် လှန်ရေးရဲ‌ဘော်များ၏ ထိခိုက် ဒဏ်ရာရရှိမှုကို အမျိုးမျိုးဖော်ပြကြားသည်။ ဒီဖော်ပြချက်များနှင့် ပတ်သက်ပြီး မာရာဒေသရှိ ငါးဖိုင်သဲကျေးရွာတွင် နေထိုင်သူပြည်သူတစ်ဦးကို The Kaladan Post မှ ဆက်သွယ်မေးမြန်းရာတွင် “ ဒီတိုက်ပွဲက ဇူလိုင်လကတည်း စဖြစ်ခဲ့ပါတယ် ဒီဇူလိုင်လအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာက နှစ်ဘက်ထိခိုက်မှုမရှိခဲပါဘူး ဒါပေမယ့် ယမန်နေ့ ဩဂုတ်လ ၁ရက်နေ့  နေ့လယ်နှစ်နာရီဝန်းကျင်က ပြန်လည်ဖြစ်ပွားတဲ့အချိန်မှာတော့ CDF – Mara ဘက်က ရဲဘော် တစ်ဦးဟာ မြေမြှပ်မိုင်းနင်းမိသဖြင့် ခြေထောက်ဒဏ်ရာရရှိခဲ့ပါတယ် MDF ဘက်ကဒဏ်ရာရရှိမှု အခြေအနေကိုတော့ မသိပါဘူး ’’ပြောဆိုသည်။ လက်ရှိမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိုက်ပွဲကို ခဏရပ်ထားတာဖြစ်ပြီး စစ်ရေးတင်းမာနေဆဲဖြစ်ကာ မိုးနည်းလာပါက တိုက်ပွဲပြန်လည် ဖြစ်ပွားနိုင်ကြောင်း သိရပါသည်။ ၎င်းတိုက်ပွဲရပ်တန့်နိုင်ရန်အတွက် နှစ်ဖက်ကြားညှိနှိုင်းပေးတဲ့အဖွဲ့ မရှိသောကြောင့် ပြည်သူများသည် အခက်အခဲများစွာ ရင်ဆိုင်နေရသည့်အပြင် မလိုအပ်ဘဲ ရဲဘော် များရဲ့ အသက်များစွာကို ဆုံးရှုံးနိုင်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။ ဤတိုက်ပွဲသည် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၁၄ရက်နေ့တွင် MTC/MDF +AA တပ်ဖွဲ့များက IMC/CDF-Mara ဌါနချုပ် ဝင်စီးရန် အင်အား အလုံးရင်းဖြင့် ထိုးစစ်ဆင်လာသဖြင့် ဖန်ထလန်ကျေးရွာ ၊ဆော်မှိန် တိုက်နယ် (၃) နေရာတွင်  ထိတွေ့ ပစ်ခတ်မှု ​ဖြစ်ပွါးခဲ့ပြီဖြစ်ကြောင်း CDF Mara ၏ ၁၃/၂၅ ထုတ်ပြန်ချက် အရသိ ရပါသည်။ MTC/MDF +AA တပ်ဖွဲ့များသည် IMC/CDF-Mara ဌာနချုပ်အနီးရှိ ကျေးရွာများကို ဝိုင်းပိတ်ဆို့ထားပြီး နှစ်ဖက်စစ်ရေးတင်းမာနေသောကြောင့် ကျေးရွာများမှ ထောင်ချီပြည်သူများ၊ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် နို့ဆို့ကလေးများသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေသောကြောင့် အရေးပေါ်အကူအညီလိုအပ်နေကြောင်း ၎င်းထုတ်ပြန် ချက်တွင် ဖော်ပြထားပါသည်။ ဒီတိုက်ပွဲနှင့် ပတ်သက်ပြီး နှစ်ဘက်တာဝန်ရှိသူတွေကို The Kaladan Post မှ ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါသဖြင့် သိခြားအတည်ပြုနိုင်ခြင်း...

Read More

ဩဂုတ် (၁) သတင်းတိုပေါင်းချုပ်

၁။ နေပြည်တော်တွင် လူငယ်အလုပ်သမားများကို စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီး ဩဂုတ် ၁ The Kaladan Post နေပြည်တော်၊ ပုဗ္ဗသီရိညစျေးရှိ နှစ်ထပ်ပွဲရုံဆိုင်တန်းတွင် ဧည့်စာရင်းဖြင့် နေထိုင်သော လူငယ်အလုပ်သမားများကို စစ်တပ်က စစ်မှုထမ်းရန် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဆိုင်ပိုင်ရှင်များက ပြောကြားသည်။ ဇူလိုင်လ ၃၀ ရက် နံနက် ၄ နာရီမှ ၅ ခွဲအထိ စစ်တပ်နှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့များက ဆိုင်တန်းတစ်ခုလုံးကို ပိတ်ဆို့ကာ ဧည့်စာရင်းပါ လူငယ်များကို စစ်ကားဖြင့် ခေါ်ဆောင်သွားခဲ့သည်။ ဧည့်စာရင်းအရ နာမည်နှင့် အသက်ကိုက်ညီသူများကို စစ်မှုထမ်းရန် ရွေးချယ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဤလုပ်ဆောင်မှုကြောင့် လူငယ်များအကြား ထိတ်လန့်မှုများ ဖြစ်ပေါ်နေသည်။ ဤဖမ်းဆီးမှုကြောင့် အခြားလူငယ်အလုပ်သမားများ အလုပ်လာရောက်မလုပ်ကိုင်တော့ဘဲ အလုပ်ထွက်ကြသည်ဟု ဆိုင်ပိုင်ရှင်များက ဆိုသည်။ စစ်မှုထမ်းဥပဒေ၏ ပေါ်တာဆွဲဖမ်းဆီး မှုကြောင့် လူငယ်များ လုံခြုံမှုမရှိတော့ဘဲ ည ၇ နာရီဆိုလျှင် လမ်းများပေါ်တွင် လူသူကင်းမဲ့နေသည်။ လူငယ်အများအပြား ဖမ်းဆီးခံရမည်ကို စိုးရိမ်ပြီး ထိုင်းနှင့် မလေးရှားသို့ ထွက်ပြေးနေကြသည်။ နေပြည်တော်တွင်ပင် စစ်ဆေးရေးဂိတ်များနှင့် ရပ်ကွက်များအတွင်း စစ်တပ်က ဖမ်းဆီးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောကြားသည်။   ၂။ အတုအယောင်ရွေးကောက်ပွဲပါဝင်သူများကို စစ်ရေးအရ အရေးယူမည်ဟု သတိပေး ဩဂုတ် ၁ The Kaladan Post မန္တလေးတိုင်း၊ စေတုတ္တရာနှင့် နွားထိုးကြီးမြို့နယ်များတွင် အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲတွင် ပါဝင်သူများကို စစ်ရေးအရ ထိရောက်စွာ အရေးယူမည်ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောကြားသည်။ ဇူလိုင်...

Read More

စာရွက်ပေါ်ကနေ စစ်အုပ်ချုပ်‌ရေးကြေညာတာ ဘာမှထူးခြားမှာမဟုတ်ဟု ဗိုလ်မှူးကြီးကောင်းသူဝင်း ဆို

——————————————————————— ဩဂုတ် ၁ The Kaladan Post အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော မြို့နယ် ၆၃ ခုတွင် လက်နက်ကိုင်အကြမ်းဖက်မှုများ ချုပ်ငြိမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ယမန်နေ့ ဩဂုတ်လ ၃၁ရက်နေ့ညပိုင်းက အရေးပေါ်အခြေအနေနှင့် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ သည်။ အဆိုပါ စစ်အုပ်ချုပ်‌ရေးကြေညာထားသော (၆၃) မြို့နယ်နှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီး ကောင်းသူဝင်းက “ အာဏာသိမ်းကာလအတွင်းမှာ တစ်မြို့ပြီးတစ်မြို့ပေါ့နော် အထူးသဖြင့်တိုက်ပွဲတွေ ပြင်းထန်တဲ့နေရာ သူတို့ထိန်းချုပ်လို့မရတဲ့နေရာတွေကို အရင်ကတည်းက ဒီစစ်အုပ်ချုပ်ရေးကို ကြေညာ ပြီးသားဖြစ်တယ်ပေါ့ ဒါပေမဲ့ သူတို့ရဲ့ အစိုးရအပိုင်း နာမည်အခေါ်အဝေါ်လည်း အပြောင်းအလဲ လုပ်ပြီးတဲ့ အချိန်မှာ တဆင့်ပြီး ဒီအုပ်ချုပ်ရေးကို ပြန်ပြီးထုတ်ပြန်လိုက်တဲ့သဘောမျိုးပါဘဲ ထူးခြားမှုမရှိပါဘူး”ဟု The Kaladan Post သို့ပြောဆိုသည်။ ဒီ စစ်အုပ်ချုပ်ရေးဆိုတာ သူတို့သတ်မှတ်တဲ့စည်းကမ်းတော့ရှိတာပေါ့ ဥပမာ ညမထွက်ရ ဘာညာပေါ့ကွာ ဒါတွေကလည်း သူတို့နယ်မြေထိန်းချုပ်ပြီး စိုးမိုးနိုင်မှသာ သူတို့လုပ်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီလိုမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံမှာရှိတဲ့ မြို့တွေကို စာရွက်ပေါ်ကနေ စစ်အုပ်ချုပ်‌ရေးကြေညာတာက ဘာမှထူးခြားမှာ မဟုတ်ပါဘူး ပြီးတော့ သူတို့ ထိန်းချုပ်တဲ့နေရာတွေကို ဒီအုပ်ချုပ်ရေးကြေညာရင်တောင် သိပ်ပြီးကြောက်စရာ မရှိပါဘူး သူတို့က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်း တစ်မြို့ပြီးတစ်မြိူ့ ဒီစစ်အုပ်ချုပ်ရေးကို ကြေညာ ပြီးသားဘဲ ဖြစ်ပါတယ်။ ဒီ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း သူတို့ ဆုံးရှုံးထားတဲ့မြို့တွေကို ပြန်လည်ထိုးစစ်ဆင်ပြီး ပြန်လည် ထိန်းချုပ်ဖို့ဆိုတာ ကလည်းမလွယ်ဘူး သူတို့ဘက်က စစ်ရေးအရ၊ စီးပွားရေးအရ၊ နိုင်ငံရေးအရ အရေးပါ တဲ့မြို့တွေကို ရွေးပြီးတော့ ပြန်လည်ထိုးစစ်ဆင်တာမျိုးကိုတော့ လုပ်နိုင်ပါတယ် ဥပမာ အမြင်သာဆုံးဆိုရင် မိုးကုတ် လိုမျိုးဖြစ်ဖြစ်ပေါ့နော် ပြီးတော့ သူတို့နဲ့အနီဆုံးမှာ ရှိတဲ့မြို့တွေပေါ့ ဒါတွေကိုသူတို့ဘက်က စစ်ဆင်ရေး ပြန်လည်လုပ်ဖို့ ဆိုရင်တောင် (Resource) ဖြစ်တဲ့ ထုပ်ပို့လမ်းကြောင်း ဥပမာ ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်းစတာတွေကို အသုံးပြုလာမှာဖြစ်ပါတယ် ဒါပေမဲ့ တော်လှန် ရေးတပ်ဖွဲ့တွေက ပြန်လည်ခုခံမှာ ဆိုတော့ ဒီမြို့တွေအားလုံးပြန်ရဖို့ဆိုတာမလွယ်ဘူး နောင်ချိုမြို့ကို သူတို့က အချိန်အများကြီးယူပြီးတော့ ပြန်လည်ထိုးစစ်ဆင်ခဲ့တာ လပေါင်းများစွာကြာခဲ့တယ် ဒါတောင်တစ်မြို့တည်း ဖြစ်တယ် တစ်ရွာပြီးတစ်ရွာ ထိုးစစ်ဆင်ဖို့ဆိုတာ သူတို့အတွက် မလွယ်ကူဘူးဟု ဆက်လက်ပြောဆိုသည်။ စစ်အုပ်ချုပ်ရေး ကြေညာထားသော မြို့နယ်များမှာ – ၁။ ကချင်ပြည်နယ်၌ KIA ထိန်းချုပ်ထားသည့် ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်၊ ချီဖွေ (၅ မြို့နယ်)။ ၂။ကရင်နီပြည်၌ KNDF နှင့် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ရှားတော၊ ဖားဆောင်း၊ မယ်စဲ့ (၃ မြို့နယ်)။ ၃။ ကရင်ပြည်နယ်၌ KNU နှင့် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး (၂ မြို့နယ်)။ ၄။ ချင်းပြည်နယ်၌ CNF၊ CNDF၊ AA နှင့် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မင်းတပ်၊ မတူပီ၊ ဖလမ်း (၇ မြို့နယ်)။ ၅။ စစ်ကိုင်းတိုင်း၌ PDF ထိန်းချုပ်ထားသည့် ထီးချိုင့်၊ ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲ၊ အင်းတော် (၉ မြို့နယ်)။ ၆။မကွေးတိုင်း၌ PDF ထိန်းချုပ်ထားသည့် ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်း၊ ရေစကြို (၅ မြို့နယ်)။ ၆။ မန္တလေးတိုင်း၌ PDF နှင့် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်၊ စဉ့်ကူး၊ ငါန်းဇွန် (၃...

Read More

Recent Comments

No comments to show.

Subscribe

en_USEnglish