Author: Salai

အနင်းကျေးရွာရဲစခန်းမှ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရပြီး (၄)ယောက်သေဆုံး

  ဇူလိုင် ၃၁ The Kaladan Post မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာရဲစခန်းမှ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့အား MSRF၊ YPDF နှင့် KNLA တပ်ရင်း (၂၇) တပ်ခွဲ (၁) တို့ မှ ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၇:၁၀ တွင် ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Mon State Revolution Force ၏ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး Mon State Revolution Force ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိတလညဏ်က “ ပထမ တိုက်ပွဲ‌ပေါ့နော် ဒီအနင်းရဲစခန်းကနေထွက်လာတဲ့ စစ်ကောင်စီတွေဟာဆိုလို့ရှိရင် သူတို့အနေနဲ့ကတော့ အဲ့ဒီနယ်မြေတွေမှာ လှည့်လည်ပြီးတော့ တော်လှန်ရေးတပ်ဖွဲ့တွေရှိရင် တိုက်တဲ့ကင်း တိုက်ကင်းဖြစ်ပါတယ် ဒုတိယ တိုက်ပွဲကတော့ ကျွန်မတို့ဘက်ကနေပြီး သွားရောက်ပြီးတော့ ဝင်ရောက်ပစ်ခတ်တဲ့ ပြောက်ကြားစစ်ဆင်ရေးဖြစ်တယ် ပထမ တိုက်ပွဲကချုံခိုတိုက်ခိုက်တာဖြစ်ပြီးတော့ ဒုတိယ တိုက်ပွဲကတော့ဝင်ရောက်ပစ်ခတ်တာဖြစ်တဲ့ ပြောက်ကြားစစ်ဆင်ရေးဖြစ်တဲ့ အတွက်ကြောင့် ကျွန်မတို့ အနေနဲ့ လျင်လျင်မြန်မြန်ဘဲဝင်တိုက်တယ်ပြီးတော့ ကျွန်မတို့အနေနဲ့ အောင်မြင်စွာနဲ့ဘဲ ခွါစစ်ဆင်နိုင်ခဲ့တာပါဟု ‘The Kaladan Post သို့ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ နိုင်ငံ‌ရေးတွက်ပေါက်ရဖို့အတွက်ကို ရွေးကောက်ပွဲမဖြစ်ဖြစ်အောင် လုပ်မှာဖြစ်ပါတယ် ဒီမဖြစ်ဖြစ်အောင်လုပ်နည်းမှာလည်းဘဲ မတရားတဲ့ ဥပဒေတင်းကျပ်မှာဖြစ်ပြီး အပြင်းအထန်လုပ်ပြီးတော့ ဆက်လက်လုပ်ဆောင်နေမှာဖြစ်ပါတယ် ဒီလုပ်ဆောင်မှုပေါ်မှာ ကျွန်မတို့အနေနဲ့ကလည်း စစ်အာဏာရှင်ကို အမြစ်ဖြတ်မှာဖြစ်တဲ့အတွက်ကြောင့် စစ်ရေးအရအရှိန်မြှင့်မှာ ဖြစ်တဲ့ဲ့တွက်ကြောင့် ပြည်သူလူထုအနေနဲ့ စစ်အာဏာရှင်ကို သက်စိုးရှည်စေမည့် ရွေးကောက်ပွဲမှာပါဝင်ခြင်း မပြုဖို့ ကျွန်မအနေနဲ့ တိုက်တွန်းလိုပါတယ်ဟု ဆက်လက်ပြော ဆိုသည်။  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၁၁:၃၀ တွင် ရေးမြို့နယ်၊ ကွမ်ကျိုက်ကျေးရွာ အနီးရှိ စစ်ကောင်စီ၏ ကင်းစခန်းကို အဆိုပါတော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်များမှ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့သည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ၃၀ ကြိမ်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ သော်လည်း တော်လှန်ရေးတပ်များသည် အောင်မြင်စွာ စစ်ဆင်ရေးများ ဆောင်ရွက်နိုင်ခဲ့သည်။ ဤစစ်ဆင်ရေးများတွင် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) လက်အောက်ရှိ မွန်ပြည်တော်လှန် ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) နှင့် KNLA တပ်ရင်း (၂၇) တပ်ခွဲ (၁) တို့...

Read More

ဇူလိုင် (၃၁) သတင်းတိုပေါင်းချုပ်

၁။ မင်းအောင်လှိုင် အာဏာပြန်အပ်နှံ၊ စစ်ကောင်စီဖျက်သိမ်းပြီး ကော်မရှင်အသစ်ဖွဲ့စည်း ဇူလိုင် ၃၁ The Kaladan Post စစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်အာဏာကို ယာယီသမ္မတ (တာဝန်) အဖြစ် ၎င်းထံသို့ ပြန်လည်အပ်နှံလိုက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ) ကို ဖျက်သိမ်းကြောင်း စစ်တပ်က တရားဝင်ထုတ်ပြန်သည်။ ၎င်းအစား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းလိုက်ပြီး မင်းအောင်လှိုင် ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူထားသည်။ ထို့ပြင် ၎င်းသည် ယာယီသမ္မတ (တာဝန်) နှင့် စစ်တပ်ဦးစီးချုပ်ရာထူးများကိုလည်း ဆက်လက်ထိန်းသိမ်းထားသည်။ အစိုးရ အဖွဲ့သစ်တစ်ခုကို ဖွဲ့စည်းလိုက်ပြီး ညိုစောကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်သည်။ ဤပြောင်းလဲမှုသည် နိုင်ငံရေးအခင်းအကျင်းတွင် အရေးပါသော အလှည့်အပြောင်းတစ်ခု ဖြစ်ပြီး မင်းအောင်လှိုင်၏ အာဏာထိန်းသိမ်းမှုပုံစံသစ်ကို ညွှန်ပြနေသည်။ စစ်ကောင်စီကို ဖျက်သိမ်းလိုက်ခြင်းဖြင့် အာဏာရယူမှုကို အဆုံးသတ်လိုက်သော်လည်း ၎င်း၏ ဩဇာချဲ့ထွင်မှုမှာ ကော်မရှင်အသစ်နှင့် ယာယီသမ္မတရာထူးများမှတစ်ဆင့် ဆက်လက်တည်ရှိနေသည်။ ညိုစော၏ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရမှုသည် အစိုးရဖွဲ့စည်းပုံတွင် ပြောင်းလဲမှုများကို ထင်ဟပ်စေသော်လည်း နိုင်ငံရေးတည်ငြိမ်မှုအပေါ် သက်ရောက်မှုများကို ဆက်လက်စောင့်ကြည့်ရန် လိုအပ်နေဆဲဖြစ်သည်။     ၂။ ပေါက်မြို့နယ်ကျေးရွာများကို စစ်လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက် ဇူလိုင် ၃၁ The Kaladan Post မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က Y-12 လေယာဉ်ဖြင့် ၂ ရက်ဆက်လက် ဗုံးသီးအလုံးရေ ၆၀ ကျော်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း...

Read More

အာဏာရှင်ချေမှုန်း‌ရေးနှင့် တော်လှန်ရေးအင်အားစုများ၏ မတရားမှုများ ဖယ်ရှားရေးအတွက် လူထုလှုပ်ရှားမှု မဖြစ်မနေ ဆက်ရှိရန်လိုအပ်/ Exclusive Interview/ Episode-009

အာဏာရှင်ချေမှုန်း‌ရေးနှင့် တော်လှန်ရေးအင်အားစုများ၏ မတရားမှုများ ဖယ်ရှားရေးအတွက် လူထုလှုပ်ရှားမှု မဖြစ်မနေ ဆက်ရှိရန်လိုအပ်/ Exclusive Interview/ Episode-009

Read More

ပြင်းထန်သော ခံစားချက်များနှင့် ဖိအားများကြားတွင် သတင်းထောက်တစ်ဦးအနေဖြင့် သတင်းကျင့်ဝတ်များကို မည်သို့ ဟန်ချက်ညီအောင် ထိန်းသိမ်းရမလဲ?/Youth and Women’s Affairs Program/ The Kaladan Post/ Episode-007

ပြင်းထန်သော ခံစားချက်များနှင့် ဖိအားများကြားတွင် သတင်းထောက်တစ်ဦးအနေဖြင့် သတင်းကျင့်ဝတ်များကို မည်သို့ ဟန်ချက်ညီအောင် ထိန်းသိမ်းရမလဲ?/Youth and Women’s Affairs Program/ The Kaladan Post/ Episode-007

Read More

ဇူလိုင် (၃၀) သတင်းတိုပေါင်းချုပ်

၁။ ဥသျှစ်ပင်မြို့ စစ်ဆေးရေးဂိတ်တာဝန်ခံ မူးယစ်ဆေးဝါးသယ်ယူမှုဖြင့် ဖမ်းဆီးခံရ ဇူလိုင် ၃၀ The Kaladan Post ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ စစ်ဆေးရေးဂိတ်တာဝန်ခံ ဗိုလ်ကြီး စိုးမင်းထွန်းအား မူးယစ်ဆေးဝါးသယ်ယူမှုဖြင့် စစ်တပ်က ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။ ၎င်းထံမှ ငွေကျပ်သိန်း ၉ သောင်းကျော်၊ ရွှေ၊ စိန်နှင့် ဇိမ်ခံကားများ၊ ခြံကွက်များ သိမ်းဆည်းရရှိခဲ့ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။ ဇူလိုင် ၂၃ ရက်က မကွေးတိုင်း၊ ကံမမြို့နယ်တွင် ၎င်း၏ Alphard ကားဖြင့် မူးယစ်ဆေးဝါးများ သယ်ဆောင်လာ သည်ကို ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးခံရသူများတွင် ဗိုလ်ကြီး စိုးမင်းထွန်း၏ လက်အောက်ခံ စစ်သားနှင့် အရပ်သားတပည့်များ ပါဝင်သည်။ ဗိုလ်ကြီး စိုးမင်းထွန်းသည် အမှတ် ၉ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံမှ ဖြစ်ပြီး ၂၀၂၃ နှစ်ကုန်ပိုင်းမှစ၍ မူးယစ်ဆေးဝါးသယ်ယူမှုကို လုပ်ကိုင်ခဲ့ကြောင်း စစ်ဆေးမှုအရ သိရသည်။ ၎င်း၏ တပ်တွင်းပြိုင်ဆိုင်မှုနှင့် တိုင်ကြားမှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကြောရေးလုပ်နေသည်။ တပ်တွင်း သဘောထားကွဲလွဲမှုများကြောင့် အရာရှိအချို့က ၎င်း၏ မရိုးသားသော ချမ်းသာမှုကို အမြင်မကြည်ဖြစ်နေကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။       ၂။ ရှမ်းမြောက်တွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၆ ဦးသေဆုံး ဇူလိုင် ၃၀ The Kaladan Post ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ...

Read More

Recent Comments

No comments to show.

Subscribe

en_USEnglish