Author: Salai

မုံရွာမြို့အနီး ထောက်ပို့တပ်ရင်း(၉၂၉)မှ ပြည်သူ့စစ်သား အလင်းဝင်

ဇူလိုင် ၃၀ The Kaladan Post ၂၅.၇.၂၀၂၅ ရက်နေ့တွင် မုံရွာမြို့ (န.မ.ခ) အနီး ထောက်ပို့တပ်ရင်း(၉၂၉)မှ စစ်မှုထမ်းအဖြစ် အတင်း အကျပ်ခေါ်ဆောင်ခံရသူ ပြည်သူ့စစ်သားတစ်ဦး Golden Target Force (GTF) နှင့် မုံရွာမြို့နယ် တိုက်နယ်(၁) ပြည်သူ့လုံခြုံရေးအဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ကြောင်း (GTF) တပ်ဖွဲ့ရဲ့တာဝန်ရှိသူက The Kaladan Post သို့ သတင်းပေးပို့ခဲ့ပါသည်။ အဆိုပါအလင်းဝင် လာသူဟာဆိုရင် “ပုသိမ်မြို့နယ် ၁၉နှစ် အရွယ်ဖြစ်ပါတယ် သူ့နာမည်က ကုလားလေး ဖြစ်ပါတယ် သူ့ကို စစ်ကောင်စီ က ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ်တွင် ညနေပိုင်း အကြော်ဝယ်ယူစဉ် ဖမ်းဆီးခံခဲ့ရပြီး၊ တိုက် ကြီးမြို့နယ် ဂျိုးဖြူသင်တန်းကျောင်းတွင် ၂ လခွဲ သင်တန်းပေးခံခဲ့ရပ်တယ်’ဟု ဆိုသည်။ စကစ တပ်ဖွဲ့မှ Golden Target Force (GTF)ထံ အလင်းဝင်လာသူ စုစုပေါင်း ၃ ဦး ရှိပြီဖြစ်ပြီး ပထမ တစ်ယောက်ကို တပ်ဖွဲ့မှ ဆုကြေးငွေ ၅၀ သိန်း၊ ဒုတိယ တစ်ယောက် ၁၀၀ သိန်း အသီးသီး ပေးခဲ့ ကြပြီး ယခုအလင်းဝင်လာသူကိုတော့  လက်နက်မပါသဖြင့် ဆုကြေးကို မသတ်မှတ်ရသေးကြောင်း သိရသည်။ အလင်းဝင်လာသူကို မြို့ထဲမှ ခေါ်ထုတ်ရာတွင် သတင်းပေးသူများ၏ လုံခြုံရေးအရ အခက်အခဲရှိခဲ့သော်လည်း၊ GTF အဖွဲ့က အောင်မြင်စွာခေါာထုတ်နိုင်ခဲ့သည့်အပြင် အလင်းဝင်သူ၏ ဆန္ဒအတိုင်း ဆက်လက်စီစဉ် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ အလင်းဝင်လာသူ‌တပ်သား ကုလားလေးက စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် လူစိတ်မရှိကြဘဲ ရာထူးနိမ့်တဲ့သူဆို အနိုင်ကျင့် ကြတယ်ဟု ထွက်ဆိုကြောင်း သိရသည်။ တော်လှန်ရေးတပ်ဖွဲ့ တွေနဲ့ နေရတာပျော်တယ် ပြီးတော့ တော်လှန်ရေးတပ်ဖွဲ့တွေက အချင်းချင်း လူကို လူလိုဆက်ဆံကြပြီး အလင်းဝင်လာသူ မပြန်တော့ ဘဲ တော်လှန်ရေးဘက်ကနေ စစ်ကောင်စီ ကို ပြန်တိုက်ချင်သူဖြစ်ကြောင်း သိရသည်။ အလင်းဝင် ကုလားလေးသည် ထို့နောက် ပဲခူးမြို့နယ် (၁၀၅) တပ်ရင်းမှတစ်ဆင့် မုံရွာမြို့ရှိ ထောက်ပို့တပ်ရင်း (၉၂၉) သို့ ပို့ဆောင်ခံခဲ့ရသည်။ ၎င်းတပ်သားသည် MA-1 သေနတ်တစ်လက်ယူဆောင်လာရန် ကြိုးစားခဲ့သော်လည်း အသက်အန္တရာယ်အရ မအောင်မြင်ခဲ့ပေ။ ထို့ပြင် တပ်ရင်း (၉၂၉) တွင် စစ်ခွေး တပ်ကြပ်ကြီးတစ်ဦးက လက်အောက်ခံတပ်သားများအား မူးယစ်ဆေးဝါး (ရာမ) တစ်ပြားလျှင် ၁၀,၀၀၀ ကျပ်ဖြင့် ရောင်းချပေးနေကြောင်း သိရှိရသည်။ အလင်းဝင်လိုသူ စစ်ကောင်စီတပ်သား များအနေဖြင့် GTF အဖွဲ့ထံ ဆက်သွယ်ပါက လုံခြုံစွာ ခေါ်ဆောင်ပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူ က တိုက်တွန်းထားသည်။...

Read More

ဇူလိုင် (၂၉) သတင်းတိုပေါင်းချုပ်

၁။ စစ်တပ်၏ ဒရုန်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦး သေဆုံး ဇူလိုင် ၂၉ The Kaladan Post ရှမ်းပြည်နယ်၊ နောင်ချိုနှင့် ကျောက်မဲမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက် ကြီးနှင့် ဂျက်ဖိုက်တာများဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦး သေဆုံးပြီး ဒဏ်ရာရသူများ ရှိခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။ ဇူလိုင် ၂၆ ရက်ညတွင် နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာ ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၃ ဦး ဒဏ်ရာရရှိပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့သည်။ ထို့အတူ ကျောက်မဲမြို့နယ်၊ နောင်ပိန်းကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အသက် ၃၀ နှစ်အရွယ် ဦးအေးနောင် သေဆုံးခဲ့သည်။ ဇူလိုင် ၂၈ ရက်တွင် ပန်ပေါင်းကျေးရွာကို ဒရုန်း ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့သည်။ ဇူလိုင်လအတွင်း ကျောက်မဲမြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိကာ နေအိမ် ၃၄ လုံး၊ အဆောက်အဦ ၅ လုံးနှင့် စာသင်ကျောင်းတစ်ကျောင်း ပျက်စီးခဲ့သည်။ ပြည်သူများအနေဖြင့် စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုများမှ ကာကွယ်ရန် လေကြောင်းရန်ကာကွယ်ရေး နည်းလမ်းများကို လိုက်နာရန် TNLA က တိုက်တွန်းထားသည်။       ၂။ မုံရွာတွင် စစ်ကား ၃ စီးကို...

Read More

MBT တပ်ဖွဲ့မှ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၉) သင်တန်းဆင်းပွဲ အောင်မြင်စွာကျင်းပ

  The Kaladan Post   ၂၀၂၅နှစ်၊ဇူလိုင်လ ၂၆ရက်နေ့တွင် Myingyan Black Tiger (MBT) အခြေခံစစ်ပညာသင်တန်း အပတ် စဉ် (၁၉) သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း Myingyan Black Tiger (MBT) ၏ ထုတ်ပြန်ချက်အရသိ ရသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး တပ်ဖွဲ့တာဝန်ခံဗိုလ်မိုက်ခဲက “ ကျွန်တော်တို့ရဲ့ အခြေခံ စစ်ပညာသင်တန်းမှာ သင်တန်းသူ သင်တန်းသားပေါင်း ၉၀ကျော် တက်ရောက်ခဲ့ကြပါတယ် ဟုတ် သင် တန်းကာလဆိုရင်တော့ ၂လနီးပါး ပြုလုပ်ခဲ့ပါတယ် “ဟု The Kaladan Post သို့ ပြောဆိုသည်။ ၎င်း သင်တန်းကို တခြားသော်လက်နက်ကိုင် အဖွဲ့အစည်းမှ အကူအညီမယူဘဲ Myingyan Black Tiger (MBT) တပ်ဖွဲ့အတွင်း ဗျူဟာမှူးအပါအဝင် Senior တွေက သင်ကြားပေးတာဖြစ်ကြောင်းသိရသည်။  တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲသည် အကြမ်းဖက် စစ်ကောင်စီတိုက်ခိုက်ဖြုတ်ချနိုင်ရေးအတွက် မရပ် မနားဘဲ တပ်ဖွဲ့အင်အားကို အမြန်မဆန်တည်ဆောက်နေသူဖြစ်သည့်အပြင် တော်လှန်ရေး သမားများ အမြန်ဆုံး ပူးပေါင်းနိုင်‌ရေးကို အလေးထားသူဖြစ်ပါသည်။ Myingyan Black Tiger (MBT) တပ်ဖွဲ့သည် အကြမ်း ဖက် စစ်ကောင်စီအာဏာသိမ်းပြီးနောက် ပေါ်ပေါက်ခဲ့သော တော်လှန်ရေးတပ်ဖွဲ့ ဖြစ်သော် လည်း ၄ နှစ် ကျော်ကာလအတွင်း မင်းအောင်လှိုင်ကို‌ စနစ်တကျတော်လှန်နိုင်သော တပ်ဖွဲ့ဖြစ်သည်။    ...

Read More

ဇူလိုင် (၂၈) သတင်းတိုပေါင်းချုပ်

၁။ စစ်ကောင်စီ သက်တမ်းမတိုးဘဲ ရွေးကောက်ပွဲပြင်ဆင် ဇူလိုင် ၂၈ The Kaladan Post အကြမ်းဖက်စစ်ကောင်စီက ဇူလိုင်လကုန်တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးကျင်းပပြီး နောက်ထပ် ၆ လ သက်တမ်းမတိုးဘဲ ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်မည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။ တပ်မတော်ဦးစီးချုပ် မင်းအောင်လှိုင်က နိုင်ငံတော်အာဏာကို ယာယီသမ္မတထံ ပြန်လည် အပ်နှံမည်ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၆ အရ အာဏာလွှဲပြောင်းမှုကို ပယ်ဖျက်ပြီး ၆ လအတွင်း ရွေးကောက်ပွဲကျင်းပရန် ကြေညာမည်ဖြစ်သည်။ ဝန်ကြီးများ၊ ပြည်နယ်/တိုင်းဝန်ကြီးချုပ်များနှင့် တိုင်းမှူးများ၏ ရာထူးများတွင် အပြောင်းအလဲမရှိဟု သိရသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်ကောင်စီဥက္ကဋ္ဌအဖြစ်မဟုတ်တော့ဘဲ ယာယီသမ္မတ(တာဝန်)အဖြစ် ဆက်လက်တာဝန်ယူမည်ဖြစ်ပြီး ကာ/လုံအမည်ဖြင့် အမိန့် ကြေညာချက်များ ထုတ်ပြန်သွားမည်ဖြစ်သည်။ အစည်းအဝေးပြီးနောက် ရွေးကောက်ပွဲ ကျင်းပရေးအတွက် တရားဝင်ကြေညာချက်များ ထုတ်ပြန်ရန် စီစဉ်ထားကြောင်း သတင်းရင်းမြစ်က ဆိုသည်။ ဤလုပ်ငန်းစဉ်သည် နိုင်ငံရေးအခင်းအကျင်းတွင် အပြောင်း အလဲတစ်ခုအဖြစ် မှတ်တမ်းတင်ဖွယ်ရှိသည်။   ၂။ ငရယ်ရွာတွင် စစ်တပ်ဝင်ရောက်ပစ်ခတ်မှု ပြည်သူထောင်ချီ ထွက်ပြေး ဇူလိုင် ၂၈ The Kaladan Post စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်နှင့် ဝက်လက်မြို့နယ်အစပ်ရှိ ငရယ်ရွာသို့ အကြမ်းဖက် စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိပြီး ထောင်နှင့် ချီသော ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဇူလိုင်လ ၂၈...

Read More

လူငယ်များ၏ စွန့်လွှတ်မှု၊ စိန်ခေါ်မှုများနှင့် ဒီမိုကရေစီအနာဂတ်အတွက် မျှော်မှန်းချက်များ

လူငယ်များ၏ စွန့်လွှတ်မှု၊ စိန်ခေါ်မှုများနှင့် ဒီမိုကရေစီအနာဂတ်အတွက် မျှော်မှန်းချက်များ ——————————————————————————————– အယ်ဒီတာ့အာဘော် ဇူလိုင် ၂၇ The Kaladan Post မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အပြောင်းအလဲများ၏ ဗဟိုချက်တွင် ရှိနေသည်။ ဤအာဏာသိမ်းမှုသည် ပြည်သူလူထု၏ စည်းလုံးညီညွတ်မှုနှင့် အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် နွေဦးတော်လှန်ရေးကို ဖြစ်ပေါ်စေခဲ့သည်။ ဤတော်လှန်ရေးတွင် လူငယ်များ သည် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်နေပြီး ဒီမိုကရေစီအတွက် စွန့်လွှတ်စွန့်စားမှုများနှင့် နည်းပညာအခြေပြု လှုပ်ရှားမှုများဖြင့် သမိုင်းတွင် ထူးခြားသော ခြေလှမ်းများကို ချန်ထားနေသည်။   တော်လှန်ရေး၏ လက်ရှိအခြေအနေ (က) ပြည်သူ့ခုခံမှုနှင့် လက်နက်ကိုင်တော်လှန်ရေး၏ အရှိန်အဟုန် ၂၀၂၁ ခုနှစ်မှစတင်ကာ မြန်မာ့နွေဦးတော်လှန်ရေးသည် အကြမ်းမဖက်ရေးလှုပ်ရှားမှုများမှ လက်နက်ကိုင်တိုက်ပွဲများအထိ အဆင့်ဆင့် ပြောင်းလဲလာခဲ့သည်။ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) သည် စစ်အာဏာရှင်စနစ်ကို ငြိမ်းချမ်းစွာ ဆန့်ကျင်ရာတွင် အရေးပါသော အစပြုမှုတစ်ခုဖြစ်ခဲ့သည်။ သို့သော် စစ်ကောင်စီ၏ လက်နက်ကိုင် အကြမ်းဖက်ဖိနှိပ်မှုများကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဒေသဆိုင်ရာ တော်လှန်ရေးအင်အားစုများ ပေါ်ပေါက်လာခဲ့သည်။ လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဦးဆောင်မှု၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ပူးပေါင်းစစ်ဆင်ရေး များကြောင့် တော်လှန်ရေးသည် ထူးခြားသော အောင်မြင်မှုများ ရရှိနေပြီဖြစ်သည်။ အထူးသဖြင့် ‘၁၀၂၇ စစ်ဆင်ရေး’ နောက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများသည် နိုင်ငံတစ်ဝန်းရှိ...

Read More

Recent Comments

No comments to show.

Subscribe

en_USEnglish