ဇူလိုင် (၁၇) သတင်းတိုပေါင်းချုပ်
၁။ တရုတ်ကုမ္ပဏီ၏ အကူအညီဖြင့် ကပစ ၂၁ တွင် လေကြောင်းဗုံးများ ထုတ်လုပ်နေ ဇူလိုင် ၁၇ The Kaladan Post တရုတ်အစိုးရပိုင် China South Industries Group Corporation သည် မြန်မာစစ်ကောင်စီ၏ ကပစ ၂၁ စက်ရုံတွင် လေကြောင်းတိုက်ခိုက်ရေးဗုံးများ ထုတ်လုပ်ရန် အကူအညီပေး နေကြောင်း မြန်မာနိုင်ငံအတွက် အထူးအကြံပေးကောင်စီ (SAC-M) က ထုတ်ပြန်သည်။ မကွေးတိုင်းဒေသကြီးရှိ ဤလျှို့ဝှက်စက်ရုံတွင် တရုတ်ကုမ္ပဏီ Hunan Vanguard မှတစ်ဆင့် နည်းပညာပံ့ပိုးမှုများ ပြုလုပ်ပေးနေသည်။ ထုတ်လုပ်သော ဗုံးများကို မြန်မာစစ်တပ်က အရပ်သားများအား လေကြောင်းတိုက်ခိုက်ရာတွင် အသုံးပြုနေသည်။ SAC-M ၏ အစီရင်ခံစာ အရ ပေါင် ၂၅၀ မှ ၅၀၀ အထိ ဗုံးများနှင့် ပြင်းထန်သော Fuel Air Explosive (FAE) ဗုံးများကို ထုတ်လုပ်နေသည်။ တရုတ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ဤပံ့ပိုးမှုများ ဆောင်ရွက်နေခြင်းဖြစ် ကြောင်း သိရသည်။ SAC-M မှ Yanghee Lee က တရုတ်နိုင်ငံအနေဖြင့် ဤအကူအညီများကို ချက်ချင်းရပ်ဆိုင်းရန် တောင်းဆိုခဲ့သည်။ ၂၀၁၄ မှ ၂၀၁၉ ခုနှစ်အတွင်း Hunan Vanguard ၏ နည်းပညာရှင်များက ကပစ ၂၁ တွင် လက်တွေ့အကူအညီပေးခဲ့ပြီး၊ မြန်မာစစ်အင်ဂျင်နီယာများလည်း တရုတ်နိုင်ငံ တွင် လေ့ကျင့်သင်ယူခဲ့ကြသည်။ ဤပံ့ပိုးမှုများသည် အရပ်သားများအပေါ် စစ်တပ်၏ ချိုးဖောက်မှုများတွင်...
Read More