ဇူလိုင် (၁၅) သတင်းတိုပေါင်းချုပ်
၁။ တောင်ဒဂုံတွင် ပျူစောထီးများကို မိုင်းခွဲတိုက်ခိုက်မှု ၃ ဦးဒဏ်ရာရ ဇူလိုင် ၁၅ The Kaladan Post ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ အမှတ် ၇၁ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ ဆိုင်ကယ်များဖြင့် ထွက်လာသည့် ပျူစောထီးများကို မြို့ပြကြွက်ကွန်ရက်မှ UG ရဲဘော်များက မိုင်းခွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။ ယမန်နေ့ ဇူလိုင် ၁၄ ရက် ည ၁၀ နာရီခန့်က ဆိုင်ကယ် ၅ စီးဖြင့် ထွက်လာစဉ် အဝေးထိန်းမိုင်း ၂ လုံးနှင့် လက်ပစ်ဗုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုကြောင့် ဆိုင်ကယ် ၂ စီး မီးလောင်ပျက်စီးခဲ့ပြီး ဒဏ်ရာရသူများကို မြောက်ဥက္ကလာပ ဆေးရုံတွင် အရေးပေါ်ကုသမှု ခံယူနေရသည်။ မြို့ပြကြွက်ကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပျူစောထီး ၃ ဦး၏ ဒဏ်ရာမှာ သေဆုံးနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။ ဤတိုက်ခိုက်မှုသည် အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲနှင့် ပြည်သူများကို မတရားစစ်သားစုဆောင်းမှုကို ဆန့်ကျင်သည့်အနေဖြင့် မြို့ပြကြွက်ကွန်ရက်က လုပ်ဆောင်ခဲ့ ခြင်းဖြစ်သည်။ ၎င်းတို့က စစ်ကောင်စီ၏ ဒေါက်တိုင်များဖြစ်သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး များ၊ ပျူစောထီးများနှင့် စစ်ကောင်စီထောက်တိုင်များကို ရန်သူအဖြစ် သတ်မှတ်ထားပြီး အချိန်မရွေး တိုက်ခိုက်မည်ဟု သတိပေးထားသည်။ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် မပါဝင်ရန်နှင့် ၎င်းတို့၏ လုပ်ဆောင်မှုများနှင့် အနီးကပ်မနေရန် မြို့ပြကြွက်ကွန်ရက်က တိုက်တွန်းထားသည်။ စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ကိုင်နေသူများ အား အမြန်နှုတ်ထွက်ရန်နှင့် ငွေကြေးထောက်ပံ့မှု မပြုလုပ်ရန်လည်း...
Read More