Author: Salai

ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရန် အလုံးအရင်း ကြိုးပမ်းနေကြောင်း Keir Starmer အတည်ပြု

ဖေဖေါ် ၁၆ The Kaladan Post   ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် Keir Starmer က နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်ကို အလုံးအရင်း တိုးမြှင့်နိုင်ရန် အစိုးရအနေဖြင့် အလေးအနက် စဉ်းစားဆွေးနွေးနေကြောင်း ပြောကြားလိုက်သည်။ လန်ဒန်မြို့ ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်အိမ်တော်မှ အသေးစိတ်အချက်အလက်များကို မထုတ်ပြန်သေးသော်လည်း ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ကျင်းပခဲ့သည့် Munich Security Conference တွင် စတာမာက ကာကွယ်ရေးဘတ်ဂျတ် တိုးမြှင့်ရေးကို အတည်ပြု ပြောကြားခဲ့သည်။ စတာမာက ပိုမိုရှုပ်ထွေးလာသည့် လုံခြုံရေးခြိမ်းခြောက်မှုအသစ်များကို ကိုင်တွယ်နိုင်ရန် ဗြိတိန်အနေဖြင့် ကာကွယ်ရေးအသုံးစရိတ်ကို မြန်ဆန်စွာနှင့် ပမာဏကြီးစွာ တိုးမြှင့်ရန် လိုအပ်နေကြောင်း ဆိုသည်။ ယခင်နှစ်ကလည်း ၂၀၂၇ ခုနှစ်အတွင်း နိုင်ငံ GDP ၏ ၂.၅ ရာခိုင်နှုန်းထိ ကာကွယ်ရေးအတွက် အသုံးပြုမည်ဟု ကတိပြုထားခဲ့ပြီး၊ ဖြစ်နိုင်ပါက ၃ ရာခိုင်နှုန်းထိ တိုးမြှင့်နိုင်ရေး အဆိုကိုလည်း လွှတ်တော်အသစ်တွင် တင်သွင်းရန် စီစဉ်နေကြောင်း သိရသည်။ သတင်းများအရ လက်ရှိ ၂၀၂၉ ခုနှစ်အထိ တည်ရှိမည့် လွှတ်တော်သက်တမ်းအတွင်း GDP ၏ ၃ ရာခိုင်နှုန်းထိ တိုးမြှင့်နိုင်ရေးကို စတာမာ၏ အတွင်းစည်းအဖွဲ့ဝင်များက ကြိုးပမ်းနေကြသည်။ လေ့လာသူများကလည်း လာမည့် လေးနှစ်အတွင်း ရှိရင်းစွဲ အသုံးစရိတ်နှင့်သာဆိုပါက စတာလင်ပေါင် ၂၈ ဘီလီယံခန့် ထပ်မံလိုအပ်နိုင်ကြောင်း ခန့်မှန်းထားသည်။ ဗြိတိန် စစ်တပ် အကြီးအကဲ Patrick Sanders (ဆာ ပက်ထရစ် ဆန်းဒါးစ်)...

Read More

ဖေဖော်ဝါရီလ (၁၅) ရက် သတင်းတိုပေါင်းချုပ်

ဖားကန့်မြို့နယ်တွင် စစ်တပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံး ဖေ‌ဖော် ၁၅ The Kaladan Post ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာရှိ နယ်မြေရဲစခန်းကို KIA ပူးပေါင်းတပ်ဖွဲ့များက ဖေဖော်ဝါရီ ၁၄ ရက် နံနက်အစောပိုင်း ၂ နာရီခန့်မှ စတင်ဝင်ရောက်တိုက်ခိုက် ခဲ့ရာ ညပိုင်းအထိ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း စစ်တပ်ဘက်က လက်နက် ကြီးများဖြင့် ငြိမ်းချမ်းသာယာ ရပ်ကွက် အပိုင်း ၂ အတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေအိမ်တစ်လုံး ထိမှန်ပြီး အမျိုးသား ၁ ဦး သေဆုံးကာ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ဂျက်တိုက်လေယာဉ်ဖြင့် ဆိုင်းတောင်ရွာဟောင်းသို့ သွားရာ လမ်းပိုင်းရှိ ဂျန်ကပ် RC ခရစ်ယာန်ဘုရားကျောင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီး ဘုရားကျောင်း အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။ ယနေ့ (ဖေဖော်ဝါရီ ၁၅) တွင် တိုက်ပွဲ ငြိမ်သက်နေသော်လည်း ရဲစခန်းကို ဝိုင်းရံထားသည့် အခြေအနေ ရှိနေဆဲဖြစ်ပြီး ပြည်သူများ စစ်ရှောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် စစ်သုံ့ပန်း ၂ ဦးနှင့် လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိ ဖေ‌ဖော် ၁၅ The Kaladan...

Read More

ဖေဖော်ဝါရီလ (၁၄) ရက် သတင်းတိုပေါင်းချုပ်

NCA အတိုင်း ပူးပေါင်းရန် လက်နက်ကိုင်အဖွဲ့များကို မင်းအောင်လှိုင် ဖိတ်ခေါ် ဖေဖော် ၁၄ The Kaladan Post အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအတွက် ပေးပို့သည့် သဝဏ်လွှာတွင် “ကမ္ဘာကြီး မပျက်စီးသရွေ့ တပ်မတော် ခိုင်ခိုင်မာမာ တည်တံ့ခိုင်မြဲစွာ ရှိနေမည်” ဟု အလေးပေး ပြောကြားခဲ့သည်။ ထို့ပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အခြေခံ ပြည်ထောင်စု တည်ဆောက်ရာတွင် ထာဝရငြိမ်းချမ်းရေး အဓိက လိုအပ်ကြောင်း၊ တိုင်းရင်းသားပြည်သူများက ပါဝင် ဖော်ဆောင်ရမည်ဟု ဆိုသည်။ NCA ပါ သဘောတူညီချက်များနှင့်အညီ ပူးပေါင်းပါဝင်ရန် လက်နက်ကိုင်အဖွဲ့များကို ဖိတ်ခေါ်ခဲ့သည်။ ပြည်ပစွက်ဖက်မှု၊ ပြည်တွင်းပယောဂ ကင်းရှင်းပြီး တိုင်းရင်းသားညီအစ်ကိုများ ပြည်ထောင်စု စိတ်ဓာတ်ဖြင့် နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာရုံသာ အောင်မြင်နိုင်မည်ဟု မှတ်ချက်ပြုကာ ငြိမ်းချမ်းရေး ဆွေးနွေးမှုများအတွက် တံခါးဖွင့်ထားကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။ ဖလမ်းမြို့နယ်တွင် စစ်တပ်ထိုးစစ် ကြားဖြတ်ချေမှုန်းခံရပြီး ခဲယမ်းများစွာ သိမ်းဆည်းရရှိ ဖေဖော် ၁၄ The Kaladan Post ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ ဦးတည်ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းကို ချင်းတော်လှန်ရေး တပ်များက ဖေဖော်ဝါရီ ၁၃ ရက်နေ့ ယမန်နေ့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နယ်မြေရှင်းလင်းရေး အတွင်း လက်နက်ကြီးကျည်များ၊ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ ဖလမ်းမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ နောက်ပိုင်းမှ စတင်ကာ ကလေး-ဖလမ်း လမ်းပိုင်း စိုးမိုးရေးအတွက်...

Read More

“စည်းမျဉ်းအခြေပြု ကမ္ဘာ့စနစ် ပြိုလဲနေပြီ” ဟု Friedrich Merz မြူးနစ် လုံခြုံရေး ညီလာခံတွင် သတိပေး

ဖေဖေါ် ၁၄ The Kaladan Post   ဂျာမနီနိုင်ငံ အဓိပတိ Friedrich Merz က စည်းမျဉ်းအခြေပြု ထိန်းညှိတည်ဆောက်ထားသည့် ကမ္ဘာ့အခင်းအကျင်းသည် ဆက်လက်တည်တံ့နေမည်မဟုတ်တော့ကြောင်း သတိပေးပြောကြားလိုက်သည်။ ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ကျင်းပသော Munich Security Conference ဖေဖော်ဝါရီ ၁၃ ရက် အဖွင့်မိန့်ခွန်းတွင် မားဇ်က ယနေ့ခေတ်တွင် အင်အားကြီးနိုင်ငံများက ကိုယ်ပိုင်အကျိုးစီးပွားအတွက် မူဝါဒများကို ချယ်လှယ်လိုသည့် လမ်းကြောင်းသို့ ရောက်ရှိလာကြောင်း၊ ထိုအခြေအနေအောက်တွင် နိုင်ငံများ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာများသည် အာမခံချက်မရှိတော့ကြောင်း ပြောကြားခဲ့သည်။ မားဇ်က ဥရောပနိုင်ငံများအနေဖြင့် အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် အခြေအနေများအတွက် လိုအပ်မည့် စီးပွားရေးနှင့် စစ်ရေးရင်းနှီးမြှုပ်နှံမှုများကို ကြိုတင်ပြင်ဆင်ထားရန် တိုက်တွန်းခဲ့သည်။ ထို့အပြင် အစဉ်အလာမဟာမိတ်ဖြစ်သည့် အမေရိကန်နှင့်လည်း သဘောထားကွဲလွဲမှုများ နက်ရှိုင်းလာနေကြောင်း ဝန်ခံခဲ့သည်။ အထူးသဖြင့် NATO အဖွဲ့ဝင် ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းကို အမေရိကန်က စစ်ရေးအပါအဝင် နည်းလမ်းမျိုးစုံဖြင့် ထိန်းချုပ်နိုင်ကြောင်း အမေရိကန်သမ္မတ Donald Trump က ခြိမ်းခြောက်ပြောဆိုခဲ့မှုနောက်ပိုင်း ညီလာခံ ကျင်းပခြင်းဖြစ်သည်။ ထရမ့်က နောက်ပိုင်းတွင် ဂရင်းလန်ကို အမေရိကန်ပိုင်နက်အဖြစ် သိမ်းယူရေးကိစ္စအပေါ် လက်ရှိအချိန်တွင် လက်လျှော့ထားသည့် သဘောမျိုး ပြန်လည်ပြောဆိုခဲ့သည်။ ညီလာခံတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio လည်း တက်ရောက်ခဲ့ပြီး၊ ဖေဖော်ဝါရီ ၁၄ ရက်တွင် “ပထဝီဝင်နိုင်ငံရေး ခေတ်သစ်” ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားရန် စီစဉ်ထားသည်။ မားဇ်က မိန့်ခွန်းအတွင်း ကမ္ဘာ့စည်းမျဉ်းအခြေပြု စနစ်သည်...

Read More

အီရန်တွင် အစိုးရပြောင်းလဲမှုသည် “အကောင်းဆုံးရွေးချယ်မှု” ဖြစ်နိုင်ဟု Donald Trump ပြောကြား

ဖေဖေါ် ၁၄ The Kaladan Post   အမေရိကန်နှင့် အီရန်အကြား ဆက်ဆံရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေသည့်အချိန်တွင် အမေရိကန်သမ္မတ Donald Trump က အီရန်နိုင်ငံတွင် အစိုးရပြောင်းလဲမှု ဖြစ်ပေါ်လာခြင်းသည် “အကောင်းဆုံးဖြစ်နိုင်ခြေ” ဖြစ်နိုင်ကြောင်း ဖေဖော်ဝါရီ ၁၃ ရက်တွင် မှတ်ချက်ပေးခဲ့သည်။ ထရမ့်က အီရန်၏ ဘာသာရေးအခြေပြု အုပ်ချုပ်ရေးစနစ်အပေါ် ဝေဖန်ပြောကြားရာတွင် လွန်ခဲ့သည့် ၄၇ နှစ်တာကာလအတွင်း အစ္စလာမ်မစ်အစိုးရသည် လက်တွေ့ကျကျ လုပ်ဆောင်နိုင်မှုထက် မူဝါဒနှင့် စကားလုံးများသာ အားထားခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အစိုးရ၏ လုပ်ရပ်များကြောင့် လူအသက်အများအပြား ဆုံးရှုံးခဲ့ရကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။ သို့ရာတွင် အီရန်၏ ဘာသာရေးခေါင်းဆောင် အဓိပတိကြီး Ali Khamenei ဦးဆောင်သည့် လက်ရှိအစိုးရကို ဖယ်ရှားပြီးနောက် မည်သူက ဦးဆောင်သင့်သည်ဆိုသည်ကိုတော့ ထရမ့်က တိတိကျကျ မှတ်ချက်မပေးဘဲ၊ အီရန်ကို ဦးဆောင်နိုင်မည့် ပုဂ္ဂိုလ်များ ရှိနေသင့်သလောက် ရှိနေကြောင်းသာ ပြောကြားခဲ့သည်။ အီရန်အစိုးရဘက်မှ ထိုမှတ်ချက်အပေါ် တုံ့ပြန်ချက် မထွက်ပေါ်သေးပေ။ နျူကလီးယားစီမံကိန်းဆိုင်ရာ ကိစ္စရပ်များအပေါ် ညှိနှိုင်းမှု မအောင်မြင်သဖြင့် နှစ်နိုင်ငံအကြား တင်းမာမှုများ ဆက်လက်မြင့်တက်နေစဉ် အမေရိကန်က အီရန်ရေပိုင်နက်အနီးသို့ စစ်အင်အား တိုးမြှင့်ထားသည်။ အထူးသဖြင့် ကမ္ဘာပေါ်တွင် အကြီးဆုံးစစ်သင်္ဘောများထဲမှ တစ်စီးအဖြစ် သတ်မှတ်ခံထားရသော USS Gerald R. Ford ကို အိန္ဒိယသမုဒ္ဒရာဒေသသို့ စေလွှတ်ထားပြီး ယခင်ကတည်းက ဒေသတွင်းရှိနေသော USS Abraham Lincoln နှင့် ပူးပေါင်း လှုပ်ရှားသွားမည်ဖြစ်ကြောင်း...

Read More
en_USEnglish