နိုဝင် (၁၇) သတင်းတိုပေါင်းချုပ်
ဗန်းမောက်တွင် စစ်တပ်နှင့် SNA ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ခံရပြီး အသေခံဒရုန်း ၃ စင်း သိမ်းစည်းခံရ နိုဝင် ၁၇ The Kaladan Post စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်းက အကြမ်းဖက် စစ်တပ်က Y12 လေယာဉ်ဖြင့် ဗုံးသီး ၆၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့ပြီး၊ စစ်တပ်လက်ဝေခံ SNA တပ်များက အသေခံဒရုန်းများအသုံးပြု၍ နတ်လစခန်းကုန်းအနီးအထိ တိုးကပ်လာရာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ကသာ ခရိုင်တပ်ရင်း (၄) အပါအဝင် PDF တပ်ရင်းများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များက ခုခံတိုက်ခိုက်ရာ စစ်အုပ်စုဘက်တွင် ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး၊ အသေခံဒရုန်း ၃ စင်းကို တော်လှန်ရေးတပ်များ သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။ ကသာခရိုင်တပ်ရင်း (၄) တာဝန်ရှိသူက ဒရုန်းတွေရတာဟာ မကွဲလို့ရရှိတာပါ ဟု ပြောဆိုသည်။ ဗန်းမောက်မြို့ကို အမှတ်(၁) စစ်ဒေသကွပ်ကဲမှုက စက်တင်ဘာ ၂၀ ရက်က သိမ်းပိုက်ခဲ့ပြီးနောက် SNA နှင့် စစ်တပ်က ပြန်လည်ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်သည်။ ရေစကြိုမြို့နယ်တွင် စစ်ကော်မရှင်တပ်သား ဟိန်းထက်လင်း လက်နက်နှင့်အတူ အလင်းဝင် နိုဝင် ၁၇ The Kaladan Post မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် နိုဝင်ဘာ ၁၅ ရက် ည ၇ နာရီလောက်က စစ်ကော်မရှင်တပ်...
Read More