နိုဝင် (၁၃) သတင်းတိုပေါင်းချုပ်
မြန်မာပြည်သူများ တရားမျှတမှုအတွက် မင်းအောင်လှိုင်ကို ICC က ဖမ်းဝရမ်း ချက်ချင်းထုတ်ရန် သံအမတ်ကြီး တောင်းဆို နိုဝင် ၁၃ The Kaladan Post ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေး၌ မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) တရားစွဲအရာရှိ၏ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် ဖမ်းဝရမ်း လျှောက်ထားချက်ကို ချက်ချင်း ဆုံးဖြတ်ချမှတ်ရန် တိုက်တွန်းခဲ့သည်။ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က မြန်မာ နိုင်ငံတွင်း ရာဇဝတ်မှုများအပေါ် ICC ၏ စီရင်ပိုင်ခွင့်ကို အသိအမှတ်ပြုသည့် ပုဒ်မ ၁၂(၃) ကြေညာ ချက်ကိုလည်း တင်ပြခဲ့ကြောင်း ပြောဆိုခဲ့သည်။ သံအမတ်ကြီးက အကြမ်းဖက်စစ်အုပ်စုသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကြီးလေးသော ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန် နေကြောင်း၊ အတုအယောင် ရွေးကောက်ပွဲများဖြင့် ရာဇဝတ်မှုများကို ဖုံးကွယ်ရန် ကြိုးပမ်းနေ ကြောင်း ထောက်ပြသည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား အစီရင်ခံစာ (A/HRC/60/18) နှင့် လူ့အခွင့်အရေး အထူးအစီရင်ခံစာ (A/80/490) များတွင် ချင်း၊ ကချင်၊ ကရင်နီ၊ ကရင်၊ ရခိုင်၊ ရှမ်း၊ စစ်ကိုင်း၊ မကွေး ဒေသများရှိ အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ဖမ်းဆီးချုပ် နှောင်မှုများလည်း ဖော်ပြထားသည်။...
Read More