Author: Salai

နိုဝင် (၈) သတင်းတိုပေါင်းချုပ်

ကျောက်လှေကားရွာအနီး စစ်တပ် စစ်ကြောင်း တော်လှန်ရေးတပ်များ တိုက်ခိုက်၍ ၁၀ ဦးသေဆုံး နိုဝင် ၈ The Kaladan Post တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကျောက်လှေကားကျေးရွာအနီးတွင် အောက်တိုဘာ ၃၀ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးဝင်ရောက်လာရာ ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်း လက်အောက်ခံ တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိတွေ့တိုက်ပွဲ နာရီ ၉ နာရီကျော် ကြာ ဖြစ်ပွားခဲ့ကြောင်း ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်းက ယမန်နေ့ နိုဝင်ဘာ ၇ ရက် က ထုတ်ပြန် သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ၁၀ ဦးသေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်းက ပြောဆိုသည်။ အထိနာသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ က ရွာအတွင်း ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးကာ တန်ဖိုးရှိပစ္စည်းများကို ခိုးယူခဲ့ကြောင်း သိရသည်။ ချောက်မြို့နယ်တွင် ပကဖများ စစ်ရေးရပ်ဆိုင်း၍ ပြည်သူ့လမ်းပိုင်းများ ပြုပြင်ပေး နိုဝင် ၈ The Kaladan Post မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပကဖ) အဖွဲ့များသည် စစ်ရေးလှုပ်ရှားမှုများ မဆောင်ရွက်သေးဘဲ ပြည်သူလူထု အသုံးပြုနေသည့် လမ်းပိုင်းများကို ကောင်းမွန်စွာ ပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ပကဖအသံက နိုဝင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပကဖအဖွဲ့များကို...

Read More

နွေဦးတော်လှန်ရေးကာလ လွဲမှားနေသော အုပ်ချုပ်ရေးအယူအဆများ

နိုဝင် ၈ The Kaladan Post   နိုင်ငံတစ်နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးရေး၊ ပြည်သူလူထု၏ သာယာဝပြောရေးနှင့် တောက်ပသည့် ဒီမိုကရေစီအနာဂတ်အတွက် ခိုင်မာကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်တစ်ခုသည် အသက်သွေးကြောပင်ဖြစ်သည်။ မြန်မာ့အုပ်ချုပ်ရေးသမိုင်းကို ပြန်လည်လေ့လာကြည့်လျှင် ဘုရင်ခေတ်မှ ကိုလိုနီခေတ်၊ ပါလီမန်ဒီမိုကရေစီခေတ်၊ ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီခေတ်၊ တပ်မတော်အစိုးရခေတ်မှ ယနေ့ ပါတီစုံဒီမိုကရေစီခေတ် (နွေဦးတော်လှန်ရေးကာလ) အထိ အသွင်သဏ္ဌာန်များစွာ ပြောင်းလဲခဲ့သည်ကို တွေ့ရသည်။ ဤခေတ်အဆက်ဆက်မှ သင်ခန်းစာယူကာ ယနေ့ကြုံတွေ့နေရသည့် အုပ်ချုပ်ရေးယန္တရားဆိုင်ရာ စိန်ခေါ်မှုများကို ပြည်သူလူထုအတွက် အကောင်းဆုံးဖြစ်အောင် မည်သို့ဖြေရှင်းကြမည်နည်းဟူသည်မှာ အရေးကြီးသော မေးခွန်းဖြစ်သည်။ အစိုးရအဖွဲ့သည် ဥပဒေပြုလုပ်ငန်း၊ အုပ်ချုပ်မှုလုပ်ငန်းနှင့် တရားစီရင်မှုလုပ်ငန်းများကို အာဏာသုံးရပ်ခွဲဝေ၍ ဆောင်ရွက်ရမည်ဟု ဂရိပညာရှင် ပလေတိုက ဆိုခဲ့သည်။ အုပ်ချုပ်ရေးဟူသည် ဆုံးဖြတ်ချက်များချမှတ်နိုင်သည့် လုပ်ပိုင်ခွင့် (Authority) ဖြစ်ပြီး ယင်းသည် ဥပဒေမှ ပေါက်ပွားလာသည်ဖြစ်စေ၊ အလိုအလျောက် ဖြစ်ပေါ်လာသည်ဖြစ်စေ အမိန့်ပေးခြင်း (Command) သဘောဖြစ်၍ မလုပ်လျှင်မနေရဟူသော သဘောသက်ရောက်သည်။ သို့သော် ဆွဲဆောင်ခြင်း (Persuasion) နှင့် အကြံပေးခြင်း (Suggestion) စသော သဘောများ ပါဝင်သော ဩဇာပေးခံရသူတွင် မလုပ်လျှင်မနေရဟူသော သဘောမရှိပေ။ စစ်မှန်သော ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်မှာ “လူတိုင်းလူတိုင်းသည် လူ့ဘဝ၊ လူ့ဇာတိ၊ လူ့အဖြစ်ကို အကြောင်းပြု၍ ရိုသေအပ်၊ လေးစားအပ်သူချည်းသာ ဖြစ်သည်။ မည်သူ့ကို မည်သူကမှ မထီမဲ့မြင် မလေးမစား မပြုအပ်၊ လူဆိုလျှင် တန်းတူချည်းဖြစ်သည်” ဟူသော ယုံကြည်ချက်ပင်ဖြစ်သည်။ ထို့ကြောင့် ပြည်သူ့အုပ်ချုပ်ရေး (Public...

Read More

နိုဝင် (၇) သတင်းတိုများ

ဘုတလင်မြို့နယ်တွင် စစ်ကြောင်းထိုးစစ်တပ်ကို မုံရွာပကဖ ဦးဆောင်တိုက်ခိုက်၍ စစ်သား ၆ ဦးသေဆုံး နိုဝင် ၇ The Kaladan Post စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း နိုဝင်ဘာ ၁ ရက်နှင့် ၅ ရက်နေ့များတွင် မုံရွာခရိုင် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ (Chindwin Brothers) ဦးဆောင်မှုဖြင့် ဇီးတောရွာအခြေစိုက် အကြမ်းဖက်စစ်တပ်ကြောင်းများကို မိုင်းဆွဲ၊ လက်နက်ငယ်နှင့် လက်နက် ကြီးများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပြောဆိုသည်။ တိုက်ပွဲများတွင် စစ်ကြောင်းများ ဆုတ်ခွာခဲ့ရပြီး ဇီးတောစခန်းကို လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်ခဲ့ရာ ထပ်မံထိခိုက်သေဆုံးမှုများ စုံစမ်းနေဆဲ ဖြစ်ကြောင်းသိရသည်။ အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် (၁၄) တပ်ရင်း၊ Budalin Defense Force၊ Bandula Defense Force၊ Federal Democratic Force၊ Burmer Army၊ ဗိုလ်လက်ကောက် အဖွဲ့၊ Snipe Rangers Force၊ ဒေါင်းပျောက်ကြားအဖွဲ့၊ အုပ်ကြီးနှင့်အဖွဲ့၊ နင်ဂျာအဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တော်လှန်ရေးတပ်များဘက်မှ အထိခိုက်အကျဆုံးမရှိဘဲ စစ်တပ်၏ ရှင်းလင်းရေးကို ဟန့်တားနိုင်ခဲ့ပြီး ဒေသခံပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်နိုင်ခဲ့သည်။ ပကဖ တာဝန်ခံက စစ်တပ်၏ ကာကင်းထုတ်မှုကြောင့် စစ်ရှောင်ပြည်သူများ၏ စားဝတ်နေရေး ခက်ခဲလာနိုင်သည်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ကံမမြို့နယ်တွင် ရေနံ့သာရဲကင်းစခန်းနှင့် ကပစ ၁၂...

Read More

နိုဝင် (၆) သတင်းတို ပေါင်းချုပ်

မင်းလှတွင် တန်ဆောင်မုန်းမုန့်ဖိုး ပံ့သကူပစ်ရင်း စစ်တပ်အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးပြုလုပ် နိုဝင် ၆ The Kaladan Post ပဲခူးတိုင်း အနောက်ခြမ်း၊ မင်းလှမြို့နယ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာ တန်ဆောင်မုန်းလပြည့်နေ့ မုန့်ဖိုးပံ့သကူ ပစ်ရင်း အကြမ်းဖက်စစ်တပ်က ကျင်းပရန်စီစဉ်နေသည့် အတုအယောင်ရွေးကောက် ပွဲကို ဆန့်ကျင်ခဲ့ကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်သည်။ မင်းလှ မြို့ပေါ် ရပ်ကွက်များအတွင်း လမ်းများပေါ်တွင် ပြည်သူများကိုယ်စား ပံ့သကူမုန့်ဖိုးများနှင့် အတူ ရွေးကောက်ပွဲဆန့်ကျင်ရေး စာသားများ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ ဖြန့်ဝေခဲ့သည့် စာသားများတွင် “သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့”၊ “ဖက်ဆစ်ရွေးကောက် ခွေးတိုးပေါက် မဲမပေးနဲ့ သပိတ်မှောက်”၊ “အတုအယောင်ရွေးကောက်ပွဲ လူထုအားနဲ့ ဆန့်ကျင်ကြ” စသည့် ဆောင်ပုဒ်များ ပါဝင်ခဲ့သည်။ ဤလှုပ်ရှားမှုသည် စစ်အာဏာသိမ်းမှုကို တရားဝင်မှုရရှိစေရန် ရည်ရွယ်သည့် ရွေးကောက်ပွဲအစီအစဉ်ကို ပြည်သူလူထု၏ ဆန္ဒအစစ်အမှန်ဖြင့် ငြင်းပယ်ကြောင်း ပြသရန် ပြည်သူများ၏ ကိုယ်စား ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောဆို သည်။ တောင်သာတွင် တော်လှန်ရေးတပ်များက ဂိတ်စခန်း ၃ ခု တစ်ပြိုင်နက် တိုက်ခိုက် စစ်သား ၃ ဦး သေဆုံး နိုဝင် ၆ The Kaladan Post မန္တလေး၊ နိုဝင်ဘာ ၆ ရက်။ မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ်ကောင်စီ ဂိတ်စခန်း ၃ ခုကို မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းနှင့် ပူးပေါင်းတပ်ဖွဲ့များက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ...

Read More

အောက်တို (၂၉) သတင်းတို ပေါင်းချုပ်

ကရင်နယ်မြေများတွင် စစ်ကောင်စီက အရပ်သားရွာများကို မီးရှို့ဖျက်ဆီး အောက်တို ၂၉ The Kaladan Post ကရင်အမျိုးသားအစည်းအရုံး (KNU) က အောက်တိုဘာ ၂၈ ရက်တွင် ထုတ်ပြန်ချက်အရ၊ အာဏာ သိမ်းစစ်ကောင်စီတပ်များသည် KNU ထိန်းချုပ်နယ်မြေများရှိ အရပ်သားရွာများကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။ KNU နယ်မြေများတွင် စစ်ကောင်စီက တနင်္သာရီတိုင်း သိန်ခွန်း၊ ပုလော၊ သရက်ချောင်း၊ ထားဝယ်မြို့နယ်များအထိ စစ်ကြောင်းများ ထိုးနေပြီး၊ အရပ် သားပစ်မှတ်များကို လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုများဖြင့် ဆက်တိုက်ကျူးလွန်နေ ကြောင်း KNLA သတင်းရင်းမြစ်က ပြောကြားသည်။ KNU က စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲအတွက် ငြိမ်းချမ်းရန်ဟန်ဆောင်မှုများကို ဝေဖန်ထားသည်။ ထိုသို့ မီးရှို့မှုများကြောင့် ဒေသခံများ နေရာရွှေ့ပြောင်းရမှုများ ဖြစ်ပေါ်နေသည်။ အလားတူ KNLA တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်း (မူး) မြို့နယ်ရှိ ကွင်းဒလကြီးရွာတွင် နေအိမ် ၇၂ လုံးကို အောက်တိုဘာ ၁၀ ရက်က မီးရှို့ခဲ့ပြီး၊ KNLA တပ်မဟာ (၄) နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ သရက်ချောင်း မြို့နယ်ရှိ လဘရွာတွင် နေအိမ် ၄၂ လုံးကို အောက်တိုဘာ ၂၅ ရက်က စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါ လဘရွာ မီးရှို့မှုတွင် စစ်ကောင်စီ၏ ခမရ (၄၀၃)၊ (၄၀၄)၊ (၄၀၅) ပူးပေါင်းစစ်ကြောင်းများပါဝင်ကြသည်။ စစ်ကိုင်းတွင်...

Read More
en_USEnglish