အောက်တို (၉) သတင်းတိုပေါင်းချုပ်
၀ိုင်းမော်၊ ဗန်းမော်တွင် KIA ပူးပေါင်းတပ်များက စစ်တပ်ကာကင်းစခန်းများ သိမ်းပိုက်နိုင်ခဲ့ဟု KIO ပြောခွင့်ရှိသူ ပြော အောက်တို ၉ The Kaladan Post ကချင်ပြည်နယ် ၀ိုင်းမော်နှင့် ဗန်းမော်တိုက်ပွဲများတွင် KIA ပူးပေါင်းတပ်များက စစ်တပ်၏ ကာကင်းစခန်းများနှင့် တပ်စွဲရာနေရာများကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။ အောက်တိုဘာ ၆ ရက်နေ့မှစ၍ စစ်တပ်က ဝိုင်းမော်ခလရ ၅၈ တပ်ရင်းအနီးတွင် ထိုးစစ်ဆင်ခဲ့ရာမှ တိုက်ပွဲများ ပြင်းထန်လာပြီး အောက်တိုဘာ ၈ ရက်နေ့တွင် KIA တပ်များက တန်ပြန် ထိုးစစ်ဆင်ကာ စစ်တပ်ကာကင်းစခန်းအချို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ ဗန်းမော်တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး KIA ပူးပေါင်းတပ်များက ခလရ ၄၇ အနီးရှိ စစ်တပ်စွဲနေရာ ၄ ခုခန့်ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ထပ်ဆင့်ဖော်ပြသည်။ ထိုတိုက်ပွဲများတွင် စစ်တပ်ဘက်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် အရာရှိအချို့ သေဆုံးခဲ့ကြောင်းလည်း ဖော်ပြခဲ့သည်။ KIA သတင်းရင်းမြစ်များကလည်း စစ်တပ်အဖွဲ့များကို တန်ပြန်တိုက်ခိုက်ခြင်းနှင့် တပ်စွဲနေရာများကို ဆက်လက် သိမ်းယူနေကြောင်း အတည်ပြုခဲ့သည်။ ခင်ရီက ကြံ့ဖွတ်ပါတီအနေဖြင့် အမျိုးဘာသာသာသနာအတွက် ရပ်တည်မည်နှင့် NLD ပြန်လာခွင့်မရှိတော့ဟု ကြေညာ အောက်တို ၉ The Kaladan Post စစ်တပ်အထောက်အပံ့ရှိ ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက မဘသနှင့် အမျိုးသားရေးအစွန်းရောက် အဖွဲ့များကို တွေ့ဆုံစဉ် NLD ပါတီသည်...
Read More