Author: Salai

လွိုင်‌ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းမကြီးအား KNDF မှ ယာယီပိတ်ပင်

  စက်တင် ၂၅ The Kaladan Post ကရင်နီပြည်နယ်၊ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းမကြီးတစ်လျှောက် စစ်ကောင်စီ တပ်များ စစ်ကြောင်းထိုးနေသဖြင့် ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း Karenni Nationlities Defence Force ကသတင်းထုတ်ပြန်ထားပါသည်။ အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး KNDF၏ တာဝန်ရှိသူတစ်ဦးက “ ဒီကျွန်တော်တို့ ယာယီပိတ်ပင်ထားတဲ့နယ်မြေဘက်ကို စစ်ကောင်စီတပ်က ဩဂုတ်လကတည်းကနေ စစ်ကြောင်းထိုးလာတာဖြစ်ပါတယ် ။ လွိုင်ကော်- ဒီမော်ဆို လမ်းမကြီး တစ်လျှောက်ကို စစ်ရေးလှုပ်ရှားပြီးတော့မှ ဒီဒီးမော့ဆိုမြို့ထဲကို စစ်တပ်တွေဝင်လာတာဖြစ်ပါတယ် ဒီစက်တင်ဘာလမှ စစ်ကောင်စီယာဥ်တန်း တစ်ချို့ရရှိခဲ့တာရှိပါတယ်။  ပြီးတော့ ဒီးမော့ဆိုမှာ စကစတွေက ရိက္ခာတွေ ခဲယမ်းတွေဖြည့်ပြီးတော့မှ ဖရူဆိုဘက် လမ်းမကြီးတစ်လျှောက်ကို စစ်‌ရေးလှုပ်ရှာနေတာဖြစ်တယ်  စစ်ကြောင်းထိုးတာတွေကတော့မရှိသေးဘူးဗျ ဒီ စစ်ကောင်စီတွေ  ဘောလခဲဘက်ကို ဦးတည်နေပါတယ် အခုကတော့ ဒီးမော့ဆိုအနီးရှိ ကျေးရွာတွေကို စစ်ကြောင်း ထိုးတာရှိတယ် ကျွန်တော်တို့နှင့် နှစ်ကြိမ်ထိတွေ့မှုရှိပြီဗျ အဲ့ဒါကြောင့် စစ်ရေးအခြေအနေအရ လုံခြုံမှုမရှိသဖြင့် ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားခြင်းဖြစ်ပါတယ်’ ဟု The Kaladan Post သို့ ပြောဆိုသည်။ အဆိုပါစစ်ကြောင်းသည် ၂၀၂၅ ခုနှစ် ၊ သြဂုတ်လမှစ၍ စစ်ကောင်စီ၏ စစ်ကြောင်း များသည် ဒီးမော့ဆိုမှ ဖရူဆိုမြို့သို့ လမ်းမကြီးတစ်လျှောက် ထိုးစစ်ဆင်လာ၍ စက်တင်ဘာလအထိ တိုက်ပွဲများ  ဖြစ်ပွားခဲ့ကြောင်းသိသည်။ ထို့အတူ စက်တင်ဘာလအတွင်း စစ်ကောင်စီ၏ စစ်ယဉ် တန်းအချို့မှာ ဖရူဆိုမြို့အတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပြီး ဖရူဆိုမြို့နယ်ရှိ စစ်ကောင်စီ စစ်ကြောင်း အချို့မှာ ရိက္ခာ ၊ ခဲယမ်း ၊ လူအင်အား ဖြည့်တင်း၍ စက်တင်ဘာလ (၂၀) ရက်နေ့မှစ၍ ဘောလခဲ လမ်းမကြီးဖက်သို့ ဦးတည်၍ စစ်ရေးလှုပ်ရှားမှုများ ရှိလာကာ မိမိတို့တပ်များနှင့်လည်း ထိတွေ့မှု အချို့ ရှိခဲ့သည်။ ထိုသို့ စစ်ရေးလှုပ်ရှားမှုများရှိနေသဖြင့် ပြည်သူများအနေဖြင့် အန္တရာယ်ကို သတိ ကြီးကြီးထားကာ မလိုလားအပ်သော ထိခိုက်မှုများမဖြစ်ပေါာစေရန် အတွက် အဆိုပါလမ်းမကြီး အား ယာယီပိတ်ပင်ထားခြင်းဖြစ်ပြီး အရေးပေါ်ကိစ္စရပ်များရှိပါက သတင်းအချက်အလက် ခိုင်မာ စွာပေးနိုင်သော တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့များထံ နယ်မြေအခြေအနေကို မေးမြန်းပြီးမှသာ ပြုလုပ်ကြရန် ၎င်းထုတ်ပြန်ချက်တွင်...

Read More

စက်တင် (၂၅) သတင်းတိုပေါင်းချုပ်

ကျောက်မဲနှင့်သီပေါတွင် စရဖနှင့်သတင်းပေး ၁၀ ဦးကျော်ဖမ်းဆီး စက်တင် ၂၅ The Kaladan Post ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲနှင့်သီပေါမြို့နယ်များတွင် TNLA က စစ်တပ်၏ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် သတင်းပေး ၁၀ ဦးကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ ဖမ်းဆီးရမိသူများသည် သူတောင်းစား၊ သူဌေး၊ ခရီးသွားစသည့် ပုံစံအမျိုးမျိုးဖြင့် အယောင်ဆောင်ကာ သတင်းရယူခဲ့သည်။ TNLA ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ များက ပူးပေါင်းစစ်ဆေးရာ ဤသူများကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် TNLA ၏ ဂိတ်နေရာ၊ လူအင်အား၊ လက်နက်အင်အားနှင့် တပ်စခန်းများအကြောင်း သတင်းထောက် လှမ်းခဲ့သည်။ ထို့ပြင် လေကြောင်းတိုက်ခိုက်မှုများအတွက် သတင်းပေးပို့ရာတွင်လည်း ပါဝင်ခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူများသည် ဆိုင်ကယ်၊ လိုင်းကား၊ အိမ်ကားများဖြင့် မြို့တွင်းဝင်ရောက်ကာ သတင်းရယူခဲ့ကြသည်။ ၎င်းတို့သည် လက်ဟန်အမူအရာ၊ လက်ဖက်ရည်ဆိုင်နှင့် လူရှင်းသည့်နေရာများတွင် ဆက်သွယ်ပြီး Viber၊ Facebook၊ WeChat၊ Telegram မှတစ်ဆင့် စစ်ကောင်စီသို့ သတင်းပေးပို့ခဲ့သည်။ TNLA က ၎င်းတို့ကို လုံခြုံစွာ ထိန်းသိမ်းထားပြီး ပြစ်မှု ထင်ရှားပါက တအာင်းပြည်ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ စစ်တပ်အရာရှိများ ကြံ့ဖွတ်နှင့်တစညပါတီမှ ရွေးကောက်ပွဲဝင်ရန်စေလွှတ် စက်တင် ၂၅ The Kaladan Post စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က ဗိုလ်မှူးကြီးများကို တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီ (တစည) သို့ လွှတ်တော်အမတ်လောင်းများအဖြစ် စေလွှတ်လိုက်ပြီး ၎င်းတို့သည် ရွေးကောက်ပွဲကော်မရှင်သို့ တစညပါတီ၏ အမတ်လောင်းစာရင်းတွင်...

Read More

စက်တင် (၂၄) သတင်းတိုပေါင်းချုပ်

KIA ပူးပေါင်းတပ်များ လန်ဆယ်စခန်းကုန်းပြန်သိမ်းပြီး စစ်တပ်ထိခိုက်မှုများ စက်တင် ၂၄ The Kaladan Post ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသရှိ စစ်တပ်နှင့် ပြည်သူ့စစ်များက သိမ်းပိုက်ထားသည့် စခန်းကုန်းကို KIA ပူးပေါင်းတပ်များက စက်တင်ဘာလ ၂၃ ရက်တွင် ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ စက်တင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက်တွင် ခေါင်လန်ဖူးမြို့နယ်မှ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်း အင်အား ၃၀၀ ကျော်ဖြင့် ထိုးစစ်ဆင်ဝင်ရောက်လာခဲ့သည်။ KIA ပူးပေါင်းတပ်များနှင့် ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ စက်တင်ဘာလ ၂၁ ရက်တွင် KIA တပ်များသည် စခန်းကုန်းတစ်ခုကို ယာယီဆုတ်ခွာခဲ့ရသော်လည်း နှစ်ရက်အကြာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားပြီး စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများကို KIA က ဖမ်းဆီးသိမ်းဆည်းရမိခဲ့သည်။ စက်တင်ဘာလ ၂၂ ရက် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင် လန်ဆယ်ကျေးရွာသို့ စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ယခင် ၂၀၂၄ ခုနှစ်အတွင်း KIA၊ PDF Putao နှင့် KPF ပူးပေါင်းတပ်များသည် လာဟီဆင်နှင့် ခရန်ထီဒမ်းပြည်သူ့စစ်စခန်းများကို သိမ်းပိုက်ထားခဲ့သည်။ KIA ရှေ့တန်းသတင်းရင်းမြစ်က ယခုဖြစ်ရပ်များကို အတည်ပြုပြောကြားခဲ့သည်။ မင်းအောင်လှိုင် ကမ္ဘာ့အဏုမြူဖိုရမ်တက်ရောက်ရန် ရုရှားသို့ထွက်ခွာ စက်တင် ၂၄...

Read More

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်ရှိ စစ်ဘေးရှောင်များအား”Sosia” နှင့် “ရွှေညာသူ” မှ ကူညီထောက်ပံ့

စက်တင် ၂၄ The Kaladan Post စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်အိမ်ထောင်စု ၄၁၀စုအတွက် ဆန် ၈၃ အိတ်နှင့် စားသုံးဆီ ၁၉၀ပိဿာတို့ကို “Sosia” နှင့် “ရွှေညာသူ”တို့မှ စေတနာရှိစွာဖြင့် ကူလှူဒါန်းပေး ကြောင်း ကျားသစ်နက်တပ်တော်မတော် Black Leopard Army က သတင်းထုတ်ပြန်ထားပါသည်။ ဤလှူဒါန်းမှုကို ကျားသစ်နက်တပ်မတော် (BLPA) မှ မြေပြင်အရောက် ပို့ဆောင်ဖြန့်ဝေပေးခဲ့ပြီး၊ ရပ်ကျေးမှ တာဝန်ရှိသူများ၏ ပူးပေါင်းပါဝင်ကူညီမှုနှင့် ရဲဘော်များ၏ စွမ်းအားစိုက်ထုတ်လုပ် ဆောင်မှုကြောင့် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။ ဤသို့ထောက်ပံ့ကူညီမှုနှင့် ပတ်သက်ပြီး ကျားသစ်နက်တပ်တော်မတော် Black Leopard Army ၏ တာဝန်ခံ ကိုဥက္ကာက” အခုလိုကျွန်တော် တို့ကူညီပေးနေတယ်ဆိုတာကလည်း စစ်ဘေးရှောင်ပြည်သူတွေကို ဒါလေးလှူချင်ပါတယ်ဆိုပြီး လာပြောတဲ့သူတွေရှိရင် ကျွန်တော်တို့က အလှူရှင်တွေခြင်တဲ့ပုံစံအတိုင်း ကြားခံအဖြစ်ဆောင်ရွက် ပေးတာဘဲဖြစ်ပါတယ် ကျွန်တော်တို့ တပ်ရင်းတပ်ဖွဲ့သည် ပြည်သူနဲ့ တစ်သားတည်းနေရမယ် ပြည်သူတွေ ချမ်းသာရင် ကျွန်တော်တို့လည်း အဆင်ပြေမည် ပြည်သူတွေ ငတ်ရင် ကျွန်တော်တို့ လည်းငတ်မယ် ဒါကြောင့် တတ်နိုင်တာ ဝင်ကူညီပေးတာဖြစ်ပါတယ် “ဟု The Kaladan Post သို့ ပြောဆိုသည်။ သို့သော် လက်ရှိတွင် စစ်ဘေးရှောင်အိမ်ထောင်စု ၂,၀၀၀ ကျော်အတွက် လှူဒါန်းရန် လိုအပ်ချက်များ ကျန်ရှိနေဆဲဖြစ်သည်။ ထပ်မံပါဝင်လှူဒါန်းလိုသူများအနေဖြင့် ကိုဥက္ကာ၏ Facebook အကောင့် (သို့မဟုတ်) ကျားသစ်နက်တပ်မတော်၏ Facebook Page Messenger မှ တစ်ဆင့် ဆက်သွယ်ပါဝင်အားဖြည့်နိုင်ပါကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ကျားသစ်နက်တပ်မတော် (BLPA) ၏ ခြေလှမ်းတိုင်းသည် ဖိနှိပ်ခံပြည်သူလူထု၏ အကျိုးစီးပွား အတွက်သာဖြစ်ကြောင်းနှင့် စစ်ဘေးရှောင်ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာ တွင် စေတနာရှင်များ၏ ပါဝင်ကူညီမှုသည် အလွန်အရေးပါပြီး၊ ဆက်လက်၍ ပူးပေါင်းပါဝင် ကြပါရန် ကျားသစ်နက်တပ်တော်မတော် Black Leopard Army ၏ တာဝန်ခံ ကိုဥက္ကာက တိုက်တွန်း...

Read More

မုံရွာ-ချောင်းဦးမြို့နယ်တွင် နတ်ရေကန်စစ်ကောင်စီဂိတ်မှ ထွက်လာသော ကားတစ်စီးတိုက်ခိုက်ခံရ

  စက်တင် ၂၄ The Kaladan Post ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃ရက်နေ့တွင် မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်စစ်ကောင်စီ ဂိတ်မှ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များပါဝင်သည့် ဒိုင်နာ (၆) ဘီးကားတစ်စီးအား အောင်မြင်စွာ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း People’s Defence Force – South Monywa က သတင်းထုတ်ပြန်ထားပါသည်။ အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး People’s Defence Force- South Monywa တပ်ဖွဲ့ရဲတာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီကားမှာ တပ်အင်အား ၄၀ခန့်ပါတယ်ခင်ဗျ ၎င်း စစ်ကောင်စီတပ်တွေက နတ်ရေကန်ကနေပြီးတော့ မြင်းမူးဘက်ကို ဦးတည်သွားတာ‌ဖြစ်တယ် ယခုစစ်ကောင်စီတွေက ဂွေးပင်တော့မှာ တပ်အင်အား (၇၀)နှင့် (၈၀) ပါတ်ချာလည်နေသလို နတ်ရေကန်မှာ အထိုင်ချတဲ့ စစ်ကောင်စီအင်အား ( ၆၀) ဝန်းကျင်လည်းဘဲ ဘယ်မှမသွားနိုင်ဘဲ ပတ်ချာလည်နေကြပါတယ်” ဟု The Kaladan Post သို့‌ ပြောဆိုသည်။ ဤတိုက်ခိုက်မှုကို မုံရွာခရိုင်စစ်ဌာန၊ ဗျူဟာအမှတ် (၆၄)၊ မုံရွာခရိုင်အမှတ် (၁၁) တပ်ရင်းနှင့် People’s Defence Force – South Monywaတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်၊ ညနေ ၅ နာရီ ၄၇ မိနစ်တွင် ချောင်းဦးမြို့နယ်၊ နတ်ရေကန်နှင့် ရေပိုးစားရွာကြားရှိ နေလကျောက်ခွဲစက်အနီးတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဤစစ်ဆင်ရေးတွင် ပဒေသာမိုင်း (၃) လုံးနှင့် (၁) ပွိုင့်တို့ဖြင့် အောင်မြင်စွာ မိုင်းဆွဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု အရေအတွက်ကိုမူ လက်ရှိတွင် အတိအကျ မသိရှိရသေးပါ။ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ရန်သူဘက်မှ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာ...

Read More
en_USEnglish