Author: Salai

ဇူလိုင် (၂၉) သတင်းတိုပေါင်းချုပ်

၁။ စစ်တပ်၏ ဒရုန်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦး သေဆုံး ဇူလိုင် ၂၉ The Kaladan Post ရှမ်းပြည်နယ်၊ နောင်ချိုနှင့် ကျောက်မဲမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက် ကြီးနှင့် ဂျက်ဖိုက်တာများဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦး သေဆုံးပြီး ဒဏ်ရာရသူများ ရှိခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။ ဇူလိုင် ၂၆ ရက်ညတွင် နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာ ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၃ ဦး ဒဏ်ရာရရှိပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့သည်။ ထို့အတူ ကျောက်မဲမြို့နယ်၊ နောင်ပိန်းကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အသက် ၃၀ နှစ်အရွယ် ဦးအေးနောင် သေဆုံးခဲ့သည်။ ဇူလိုင် ၂၈ ရက်တွင် ပန်ပေါင်းကျေးရွာကို ဒရုန်း ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့သည်။ ဇူလိုင်လအတွင်း ကျောက်မဲမြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိကာ နေအိမ် ၃၄ လုံး၊ အဆောက်အဦ ၅ လုံးနှင့် စာသင်ကျောင်းတစ်ကျောင်း ပျက်စီးခဲ့သည်။ ပြည်သူများအနေဖြင့် စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုများမှ ကာကွယ်ရန် လေကြောင်းရန်ကာကွယ်ရေး နည်းလမ်းများကို လိုက်နာရန် TNLA က တိုက်တွန်းထားသည်။       ၂။ မုံရွာတွင် စစ်ကား ၃ စီးကို...

Read More

MBT တပ်ဖွဲ့မှ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၉) သင်တန်းဆင်းပွဲ အောင်မြင်စွာကျင်းပ

  The Kaladan Post   ၂၀၂၅နှစ်၊ဇူလိုင်လ ၂၆ရက်နေ့တွင် Myingyan Black Tiger (MBT) အခြေခံစစ်ပညာသင်တန်း အပတ် စဉ် (၁၉) သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း Myingyan Black Tiger (MBT) ၏ ထုတ်ပြန်ချက်အရသိ ရသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး တပ်ဖွဲ့တာဝန်ခံဗိုလ်မိုက်ခဲက “ ကျွန်တော်တို့ရဲ့ အခြေခံ စစ်ပညာသင်တန်းမှာ သင်တန်းသူ သင်တန်းသားပေါင်း ၉၀ကျော် တက်ရောက်ခဲ့ကြပါတယ် ဟုတ် သင် တန်းကာလဆိုရင်တော့ ၂လနီးပါး ပြုလုပ်ခဲ့ပါတယ် “ဟု The Kaladan Post သို့ ပြောဆိုသည်။ ၎င်း သင်တန်းကို တခြားသော်လက်နက်ကိုင် အဖွဲ့အစည်းမှ အကူအညီမယူဘဲ Myingyan Black Tiger (MBT) တပ်ဖွဲ့အတွင်း ဗျူဟာမှူးအပါအဝင် Senior တွေက သင်ကြားပေးတာဖြစ်ကြောင်းသိရသည်။  တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲသည် အကြမ်းဖက် စစ်ကောင်စီတိုက်ခိုက်ဖြုတ်ချနိုင်ရေးအတွက် မရပ် မနားဘဲ တပ်ဖွဲ့အင်အားကို အမြန်မဆန်တည်ဆောက်နေသူဖြစ်သည့်အပြင် တော်လှန်ရေး သမားများ အမြန်ဆုံး ပူးပေါင်းနိုင်‌ရေးကို အလေးထားသူဖြစ်ပါသည်။ Myingyan Black Tiger (MBT) တပ်ဖွဲ့သည် အကြမ်း ဖက် စစ်ကောင်စီအာဏာသိမ်းပြီးနောက် ပေါ်ပေါက်ခဲ့သော တော်လှန်ရေးတပ်ဖွဲ့ ဖြစ်သော် လည်း ၄ နှစ် ကျော်ကာလအတွင်း မင်းအောင်လှိုင်ကို‌ စနစ်တကျတော်လှန်နိုင်သော တပ်ဖွဲ့ဖြစ်သည်။    ...

Read More

ဇူလိုင် (၂၈) သတင်းတိုပေါင်းချုပ်

၁။ စစ်ကောင်စီ သက်တမ်းမတိုးဘဲ ရွေးကောက်ပွဲပြင်ဆင် ဇူလိုင် ၂၈ The Kaladan Post အကြမ်းဖက်စစ်ကောင်စီက ဇူလိုင်လကုန်တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးကျင်းပပြီး နောက်ထပ် ၆ လ သက်တမ်းမတိုးဘဲ ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်မည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။ တပ်မတော်ဦးစီးချုပ် မင်းအောင်လှိုင်က နိုင်ငံတော်အာဏာကို ယာယီသမ္မတထံ ပြန်လည် အပ်နှံမည်ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၆ အရ အာဏာလွှဲပြောင်းမှုကို ပယ်ဖျက်ပြီး ၆ လအတွင်း ရွေးကောက်ပွဲကျင်းပရန် ကြေညာမည်ဖြစ်သည်။ ဝန်ကြီးများ၊ ပြည်နယ်/တိုင်းဝန်ကြီးချုပ်များနှင့် တိုင်းမှူးများ၏ ရာထူးများတွင် အပြောင်းအလဲမရှိဟု သိရသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်ကောင်စီဥက္ကဋ္ဌအဖြစ်မဟုတ်တော့ဘဲ ယာယီသမ္မတ(တာဝန်)အဖြစ် ဆက်လက်တာဝန်ယူမည်ဖြစ်ပြီး ကာ/လုံအမည်ဖြင့် အမိန့် ကြေညာချက်များ ထုတ်ပြန်သွားမည်ဖြစ်သည်။ အစည်းအဝေးပြီးနောက် ရွေးကောက်ပွဲ ကျင်းပရေးအတွက် တရားဝင်ကြေညာချက်များ ထုတ်ပြန်ရန် စီစဉ်ထားကြောင်း သတင်းရင်းမြစ်က ဆိုသည်။ ဤလုပ်ငန်းစဉ်သည် နိုင်ငံရေးအခင်းအကျင်းတွင် အပြောင်း အလဲတစ်ခုအဖြစ် မှတ်တမ်းတင်ဖွယ်ရှိသည်။   ၂။ ငရယ်ရွာတွင် စစ်တပ်ဝင်ရောက်ပစ်ခတ်မှု ပြည်သူထောင်ချီ ထွက်ပြေး ဇူလိုင် ၂၈ The Kaladan Post စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်နှင့် ဝက်လက်မြို့နယ်အစပ်ရှိ ငရယ်ရွာသို့ အကြမ်းဖက် စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိပြီး ထောင်နှင့် ချီသော ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဇူလိုင်လ ၂၈...

Read More

လူငယ်များ၏ စွန့်လွှတ်မှု၊ စိန်ခေါ်မှုများနှင့် ဒီမိုကရေစီအနာဂတ်အတွက် မျှော်မှန်းချက်များ

လူငယ်များ၏ စွန့်လွှတ်မှု၊ စိန်ခေါ်မှုများနှင့် ဒီမိုကရေစီအနာဂတ်အတွက် မျှော်မှန်းချက်များ ——————————————————————————————– အယ်ဒီတာ့အာဘော် ဇူလိုင် ၂၇ The Kaladan Post မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အပြောင်းအလဲများ၏ ဗဟိုချက်တွင် ရှိနေသည်။ ဤအာဏာသိမ်းမှုသည် ပြည်သူလူထု၏ စည်းလုံးညီညွတ်မှုနှင့် အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် နွေဦးတော်လှန်ရေးကို ဖြစ်ပေါ်စေခဲ့သည်။ ဤတော်လှန်ရေးတွင် လူငယ်များ သည် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်နေပြီး ဒီမိုကရေစီအတွက် စွန့်လွှတ်စွန့်စားမှုများနှင့် နည်းပညာအခြေပြု လှုပ်ရှားမှုများဖြင့် သမိုင်းတွင် ထူးခြားသော ခြေလှမ်းများကို ချန်ထားနေသည်။   တော်လှန်ရေး၏ လက်ရှိအခြေအနေ (က) ပြည်သူ့ခုခံမှုနှင့် လက်နက်ကိုင်တော်လှန်ရေး၏ အရှိန်အဟုန် ၂၀၂၁ ခုနှစ်မှစတင်ကာ မြန်မာ့နွေဦးတော်လှန်ရေးသည် အကြမ်းမဖက်ရေးလှုပ်ရှားမှုများမှ လက်နက်ကိုင်တိုက်ပွဲများအထိ အဆင့်ဆင့် ပြောင်းလဲလာခဲ့သည်။ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) သည် စစ်အာဏာရှင်စနစ်ကို ငြိမ်းချမ်းစွာ ဆန့်ကျင်ရာတွင် အရေးပါသော အစပြုမှုတစ်ခုဖြစ်ခဲ့သည်။ သို့သော် စစ်ကောင်စီ၏ လက်နက်ကိုင် အကြမ်းဖက်ဖိနှိပ်မှုများကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဒေသဆိုင်ရာ တော်လှန်ရေးအင်အားစုများ ပေါ်ပေါက်လာခဲ့သည်။ လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဦးဆောင်မှု၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ပူးပေါင်းစစ်ဆင်ရေး များကြောင့် တော်လှန်ရေးသည် ထူးခြားသော အောင်မြင်မှုများ ရရှိနေပြီဖြစ်သည်။ အထူးသဖြင့် ‘၁၀၂၇ စစ်ဆင်ရေး’ နောက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများသည် နိုင်ငံတစ်ဝန်းရှိ...

Read More

ချင်းစည်းလုံးညီညွတ်ရေးအတွက် ChinSolidarityNow ကမ်ပိန်း လှုပ်ရှားမှု CCM ဦးဆောင်ပြုလုပ်

    ဇူလိုင် ၂၇ The Kaladan Post ချင်းတော်လှန်ရေး အင်အားစုများအကြား ဖြစ်ပေါ်နေသည့် ပဋိပက္ခများရပ်တန့်ကာ အနာဂတ်ချင်းပြည် သစ် တည်ဆောက်ရေးတွင် အရပ်ဘက်ပြည်သူလူထု၏ အသံကို ထင်ဟပ်စေရန် ရည်ရွယ်၍ Chin Civic Movement (CCM) က #ChinSolidarityNow ကမ်ပိန်းကို စတင်လိုက်ပြီဖြစ်သည်။ ယခု ကမ်ပိန်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ထားသည့် နောက်ဆုံးရက် သို့မဟုတ် ပါဝင်ရမည့် လူဦးရေ ရာခိုင်နှုန်း ကန့်သတ်ချက်မရှိကြောင်း CCM မှ တာဝန်ရှိသူတစ်ဦးက The Kaladan Post သို့ ပြောကြားသည်။ “Campaign ဟာ ချင်းလူထုရဲ့အသံနဲ့ ပူးပေါင်းပါဝင်မှုကို တတ်နိုင်သမျှ ဖိတ်ခေါ်တာဖြစ်ပြီး လူထုရဲ့ စိတ်ဝင်စားမှုအပေါ်မှာ မူတည်ပါတယ်။ ချင်းအရေးကို အဓိကရည်ရွယ်ပေမယ့် တခြားတိုင်းရင်းသားတွေကလည်း ချင်းအရေးမှာ ကျွန်တော်တို့နဲ့ သဘောထားထပ်တူကျရင် ပူးပေါင်းပါဝင်နိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။ ထို့အပြင် ချင်းမီဒီယာများသာမက အခြားတိုင်းရင်းမီဒီယာများနှင့် Mainstream Media များကိုလည်း ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ကြောင်း၊ ကမ်ပိန်းတွင် ပါဝင်ရန် အခက်အခဲရှိသူ များအနေဖြင့် CCM ၏ Chat Box တွင် အကူအညီတောင်းခံနိုင်ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရန် အသင့်ရှိကြောင်းလည်း သိရသည်။ ကမ်ပိန်းနှင့် ပတ်သက်၍ ချင်းပြည်သူတစ်ဦးက ပြည်တွင်းပြည်ပရှိ ချင်းလူမျိုးအားလုံး၏ ပူးပေါင်းပါဝင်မှုသည် အလွန်အရေးကြီးပြီး မရှိမဖြစ်လိုအပ်သည်ဟု သုံးသပ်ပြောဆိုသည်။ “ပြည်ပက ချင်းတွေမှာ စွမ်းရည်နဲ့ အရင်းအမြစ်တွေရှိပြီး ပြည်တွင်းက ချင်းတွေမှာတော့ မြေပြင်အတွေ့အကြုံနဲ့ ခိုင်မာတဲ့စိတ်ဓာတ်တွေ ရှိနေတာကို တွေ့ရပါတယ်။ သူတို့က လက်ရှိအခြေအနေတွေကို တကယ်ရင်ဆိုင်နေရတာမို့ လှုပ်ရှားမှုအတွက် အစစ်အမှန်လိုအပ်တဲ့အသံကို ထုတ်ပေးနိုင်တယ်။ ဒီလို ပြည်တွင်းပြည်ပ ပူးပေါင်းမှုကသာ စစ်မှန်တဲ့ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပြီး ထိရောက်တဲ့ လှုပ်ရှားမှု ဖြစ်လာမှာပါ” ဟု ၎င်းက ဆိုသည်။ ဆက်လက်ပြီး ၎င်းက “ပြည်သူအားလုံးပါဝင်လာအောင် ကမ်ပိန်းဦးဆောင်သူတွေအနေနဲ့ အသံမက်ဆေ့ချ်တွေ၊ ဗီဒီယိုတွေ ဖန်တီးပေးဖို့၊ လူမှုကွန်ရက်မှာ တက်ကြွလှုပ်ရှားသူတွေကို နေရာပေးဖို့ လိုအပ်ပါတယ်” ဟု အကြံပြုခဲ့သည်။ ဤကမ်ပိန်း အောင်မြင်ပါက ချင်းမျိုးနွယ်စုများအကြား ယုံကြည်မှု တိုးပွားလာစေမည်ဖြစ်ပြီး မတူညီသော ဒေသအသီးသီးရှိ ချင်းလူမျိုးအချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုခိုင်မာလာမည် ဖြစ်သည်။ ထို့အပြင် ယဉ်ကျေးမှုထိန်းသိမ်းရေး၊ ပညာရေး၊ ဘာသာရေးနှင့် လူမှုရေးကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာနိုင်သည့်အပြင် နိုင်ငံရေး၊ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ချင်းလူမျိုးများ၏ တစ်စုတစ်စည်းတည်းသော အသံကို ထိရောက်စွာ ဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။      ...

Read More
en_USEnglish