Author: Salai

လေယာဉ်တင်သင်္ဘောကို စစ်ရေးထက် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ဦးစားပေး အသုံးပြုမည်ဟု အင်ဒိုနီးရှား ပြောကြား

ဖေဖေါ် ၂၇ The Kaladan Post   အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံး လေယာဉ်တင်သင်္ဘောကို စစ်ရေးအသုံးချမှုထက် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အဓိက အသုံးပြုသွားရန် ရည်ရွယ်ထားကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောကြားလိုက်သည်။ အီတလီ ရေတပ်မှ အနားပေးထားသည့် Giuseppe Garibaldi လေယာဉ်တင်သင်္ဘောကို အင်ဒိုနီးရှား ရေတပ်က လက်လွှဲယူမည်ဆိုသည့် သတင်းကြောင့် အရှေ့တောင်အာရှ ဒေသအတွင်း စိတ်ဝင်စားမှု မြင့်တက်နေသည်။ ယင်းသင်္ဘောသည် အင်ဒိုနီးရှားအတွက် ပထမဆုံး လေယာဉ်တင်သင်္ဘောလည်း ဖြစ်လာမည် ဖြစ်သည်။ အင်ဒိုနီးရှားသည် ရန်လိုသဘောထား မူဝါဒကို ကိုင်ဆွဲထားသည့် နိုင်ငံမဟုတ်ကြောင်း၊ လေယာဉ်တင်သင်္ဘောကို ပိုင်ဆိုင်လိုသည့် ရည်ရွယ်ချက်မှာလည်း တခြားနိုင်ငံများအပေါ် စစ်ရေးဖိအားပေးရန် မဟုတ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြန်ကြားရေးဌာနခွဲ အကြီးအကဲ ရီကို ရီကာဒို ဆီရတ်က ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ ထိုသင်္ဘောကို သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက်ထားရေး မစ်ရှင်များတွင် ဦးစားပေး အသုံးပြုသွားမည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ အရှည် မီတာ ၁၈၀ ရှိသည့် ယင်းလေယာဉ်တင်သင်္ဘောတွင် ပြေးလမ်းတိုသာ လိုအပ်သည့် တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ စုစုပေါင်း ၁၈ စီးခန့် တင်ဆောင်နိုင်သည်။ ထို့အပြင် ရေဒါလှိုင်းဖျက်စနစ်များ၊ လေကြောင်းကာကွယ်ရေး ဒုံးကျည်စနစ်များ တပ်ဆင်ထားပြီး တစ်ကြိမ် လောင်စာဖြည့်ထားပါက ရေမိုင် ၇,၀၀၀ ခန့် ဆက်တိုက် ခုတ်မောင်းနိုင်စွမ်း ရှိသည်။ Giuseppe Garibaldi သည် ၁၉၈၅...

Read More

တရုတ်လေယာဉ်မှူးများကို လေ့ကျင့်ပေးခဲ့ဟု စွပ်စွဲခံရသည့် အမေရိကန် လေတပ်အရာရှိဟောင်း ဖမ်းဆီးခံရ

ဖေဖေါ် ၂၇ The Kaladan Post တရုတ် လေယာဉ်မှူးများကို ခွင့်ပြုချက်မရှိဘဲ လေ့ကျင့်သင်ကြားပေးခဲ့သည်ဟု စွပ်စွဲခံထားရသည့် အမေရိကန် လေတပ် အရာရှိဟောင်း တစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း အမေရိကန် တရားရေး ဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်ခဲ့သည်။ အသက် ၆၅ နှစ်အရွယ် ဂါရဲလ် ဘရောင်းသည် တရုတ်နိုင်ငံမှ အမေရိကန်သို့ ပြန်လည်ရောက်ရှိလာချိန်တွင် အင်ဒီယားနား ပြည်နယ်၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ၎င်းအား နိုင်ငံရပ်ခြားတွင် စစ်ရေးဆိုင်ရာ လေယာဉ်မောင်းနှင်မှု သင်တန်းပို့ချရာတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သီးသန့်လိုင်စင် မရယူဘဲ လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲထားသည်။ တရားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဘရောင်းသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ တရုတ်နိုင်ငံတွင် နေထိုင်ခဲ့ပြီး တရုတ် တိုက်လေယာဉ်မှူးများကို လေ့ကျင့်ပေးနေခဲ့ကြောင်း သိရသည်။ အမေရိကန် ဥပဒေအရ နိုင်ငံခြားတိုင်းပြည်တစ်ခုတွင် စစ်လေယာဉ် မောင်းနှင်မှုဆိုင်ရာ သင်တန်းပို့ချရန် အထူးလိုင်စင် ရယူရန် လိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဘရောင်းသည် အမေရိကန် လေတပ်တွင် ၂၄ နှစ်ကြာ အမှုထမ်းခဲ့သည့် လေယာဉ်မှူးဟောင်းတစ်ဦး ဖြစ်ပြီး အမှုထမ်းကာလအတွင်း နျူကလီးယား လက်နက်များ သယ်ယူပျံသန်းရသည့် မစ်ရှင်များအပါအဝင် လျှို့ဝှက်အဆင့် တာဝန်များကို ထမ်းဆောင်ခဲ့ဖူးကြောင်း သိရသည်။ ၁၉၉၆ ခုနှစ်တွင် လေတပ်မှ အနားယူပြီးနောက် ကုန်တင်လေယာဉ်မှူးအဖြစ် အလုပ်လုပ်ခဲ့သည်။ ထို့နောက်တွင် A-10 နှင့် F-35 တိုက်လေယာဉ်များ မောင်းနှင်မှုသင်တန်းများကို ကန်ထရိုက် သင်တန်းဆရာအဖြစ်...

Read More

ဖေဖော်ဝါရီလ (၂၆) ရက် သတင်းတိုပေါင်းချုပ်

စစ်တပ်၏ လက်နက်ကြီး၊ ဒရုန်းပစ်ခတ်မှုကြောင့် ပြည်သူ ၅ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၇ လုံး ပျက်စီး ဖေဖော် ၂၆ The Kaladan Post ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ် သော မုန်းနှင့် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီ တပ်ဖွဲ့က ဖေဖော်ဝါရီ ၂၃ ရက်တွင် လက်နက်ကြီးများနှင့် ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ မုန်းမြို့နယ် နတ်သံကွင်းအနီး ငနွားဆိပ်ကျေးရွာတွင် စစ်ကောင်စီ၏ ၈၁ မမ လက်နက်ကြီး ၄ လုံး ပစ်ခတ်မှုကြောင့် ဦးစိုးလင်းခိုင် (၃၅ နှစ်) နှင့် မောင်မြင့်ခိုင် (၁၅ နှစ်) တို့ ဒဏ်ရာရရှိခဲ့သည်။ ကျောက်ကြီးမြို့နယ်တွင်မူ ခလရ-၂၆၄ တပ်ရင်းမှ ၈၁ မမ လက်နက်ကြီးဖြင့် ကညင်ကျွန်းကျေးရွာကို ပစ်ခတ်ရာ ဒေါ်ဇင်မာဝင်း (၃၅ နှစ်)၊ ဒေါ်ဌေးလှိုင် (၅၉ နှစ်) နှင့် ဒေါ်မြဝင်း (၄၃ နှစ်) တို့ ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီး ခဲ့သည်။ ထို့ပြင် သမိန်အင်းကုန်းကျေးရွာကို ၈ လုံး ပစ်ခတ်မှုကြောင့် နေအိမ် ၄ လုံး၊ ကျောက်တံခါး ဘက်မှ ဒရုန်းဖြင့် ဖျံတလင်းကျေးရွာကို ဗုံး ၂ လုံး ကျဲချမှုကြောင့် နေအိမ် ၁ လုံး...

Read More

ကျူးဘား ကမ်းခြေစောင့်တပ်နှင့် ထိတွေ့ပစ်ခတ်မှုကြောင့် ဖလော်ရီဒါတွင် မှတ်ပုံတင်ထားသည့် ရေယာဉ်ပေါ်မှ လူ ၄ ဦး သေဆုံး

ဖေဖေါ် ၂၆ The Kaladan Post   Cuba ကမ်းရိုးတန်းအနီး ပင်လယ်ပြင်တွင် ဖြစ်ပွားခဲ့သော ထိတွေ့ပစ်ခတ်မှုတစ်ခုအတွင်း United States ဖလော်ရီဒါပြည်နယ်တွင် မှတ်ပုံတင်ထားသည့် အမြန်မော်တော်ဘုတ်တစ်စီးပေါ်မှ လူ ၄ ဦး သေဆုံးခဲ့ကြောင်း ကျူးဘား ကမ်းခြေစောင့်တပ်က အတည်ပြု ထုတ်ပြန်ခဲ့သည်။ ဖေဖော်ဝါရီ ၂၅ ရက်က ဖြစ်ပွားခဲ့သော အဆိုပါဖြစ်စဉ်တွင် လှေပေါ်လိုက်ပါလာသူ ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထိတွေ့ပစ်ခတ်မှုအတွင်း ကျူးဘားဖက်မှ ကမ်းခြေစောင့်တပ် ရေယာဉ်မှူးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကျူးဘားပြည်ထဲရေး ဝန်ကြီးဌာန၏ ပြောကြားချက်အရ အဆိုပါ ရေယာဉ်သည် ကျူးဘားပိုင် ကေယို ဖယ်လ်ကိုနက်စ်ကျွန်းအနီး ရေမိုင် ၁ မိုင်ခန့်အကွာထိ တရားမဝင် ချဉ်းကပ်ကျူးကျော် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သွားရောက်စစ်ဆေးသည့် ကမ်းခြေစောင့်သင်္ဘောကို ရေယာဉ်ဖက်မှ ပထမဦးစွာ ပစ်ခတ်ခဲ့ပြီးနောက် ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကျူးဘား ဘက်က စွပ်စွဲထားသည်။ သို့ရာတွင် လှေပေါ်တွင် သေဆုံးနှင့် ဒဏ်ရာရရှိခဲ့သူများ၏ နိုင်ငံသားအချက်အလက်များနှင့် ကျူးဘားရေပိုင်နက်အနီးသို့ ရောက်ရှိလာရသည့် အကြောင်းရင်းများကို ကျူးဘားဖက်က အသေးစိတ် မထုတ်ပြန်သေးပါ။ အဆိုပါဖြစ်စဉ်သည် နှစ်နိုင်ငံအကြား ဆက်ဆံရေး တင်းမာနေသည့် အခြေအနေအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခြေအနေများ ပိုမိုဆိုးရွားလာနိုင်ကြောင်း ခန့်မှန်းထားကြသည်။ ကျူးဘားသည် ကွန်မြူနစ်အစိုးရအုပ်ချုပ်မှုအောက်တွင် ရှိနေပြီး အမေရိကန်၏ စီးပွားရေးပိတ်ဆို့အရေးယူမှုများကို ကြုံတွေ့နေရသည်။ Marco Rubio က ဖလော်ရီဒါတွင် မှတ်ပုံတင်ထားသည့်...

Read More

ထိုင်းရွေးကောက်ပွဲ ရလဒ် တရားဝင်ထုတ်ပြန် – BJT ပါတီ အမတ်နေရာ အများဆုံး အနိုင်ရ

ဖေဖေါ် ၂၆ The Kaladan Post   Thailand ရွေးကောက်ပွဲ ကော်မရှင်ဖြစ်သည့် Election Commission of Thailand (UEC) သည် ဖေဖော်ဝါရီ ၈ ရက်က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ၏ တရားဝင်ရလဒ်များကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ရလဒ်များအရ အိမ်စောင့် အစိုးရ ဝန်ကြီးချုပ် Anutin Charnvirakul ဦးဆောင်သည့် Bhumjaithai Party (BJT) သည် အောက်လွှတ်တော် အမတ်နေရာ အများဆုံးကို အနိုင်ရရှိခဲ့ကြောင်း အတည်ပြုထားသည်။ အောက်လွှတ်တော် အမတ်နေရာ ၅၀၀ အနက် ၄၀၀ ကို မဲဆန္ဒနယ်အသီးသီးမှ တိုက်ရိုက် မဲပေးရွေးချယ်ရာ BJT ပါတီက အမတ်နေရာ ၁၇၀ ကို ရရှိခဲ့သည်။ ပြုပြင်ပြောင်းလဲရေး အင်အားစုဖြစ်သည့် People’s Party Thailand (PP) သည် ၈၈ နေရာ၊ Pheu Thai Party (PTP) သည် ၅၈ နေရာသာ ရရှိခဲ့ကြောင်း UEC က ထုတ်ပြန်ထားသည်။ ကျန်ရှိသည့် အမတ်နေရာ ၁၀၀ ကိုတော့ ပါတီအလိုက် စုစုပေါင်း မဲရရှိမှုအပေါ် အခြေခံ၍ အချိုးကျ ခွဲဝေပေးမည်ဖြစ်ပြီး ယခုထုတ်ပြန်ချက်တွင် မပါဝင်သေးပါ။ အဆိုပါ အချိုးကျ နေရာများကိုပါ ပေါင်းစည်းတွက်ချက်လျှင် BJT ပါတီသည် အမတ်နေရာ ၁၉၀ ဝန်းကျင်ထိ ရရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။...

Read More

Recent Comments

No comments to show.

Subscribe

en_USEnglish