ထိုင်းရွေးကောက်ပွဲ ရလဒ် တရားဝင်ထုတ်ပြန် – BJT ပါတီ အမတ်နေရာ အများဆုံး အနိုင်ရ
ဖေဖေါ် ၂၆ The Kaladan Post Thailand ရွေးကောက်ပွဲ ကော်မရှင်ဖြစ်သည့် Election Commission of Thailand (UEC) သည် ဖေဖော်ဝါရီ ၈ ရက်က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ၏ တရားဝင်ရလဒ်များကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ရလဒ်များအရ အိမ်စောင့် အစိုးရ ဝန်ကြီးချုပ် Anutin Charnvirakul ဦးဆောင်သည့် Bhumjaithai Party (BJT) သည် အောက်လွှတ်တော် အမတ်နေရာ အများဆုံးကို အနိုင်ရရှိခဲ့ကြောင်း အတည်ပြုထားသည်။ အောက်လွှတ်တော် အမတ်နေရာ ၅၀၀ အနက် ၄၀၀ ကို မဲဆန္ဒနယ်အသီးသီးမှ တိုက်ရိုက် မဲပေးရွေးချယ်ရာ BJT ပါတီက အမတ်နေရာ ၁၇၀ ကို ရရှိခဲ့သည်။ ပြုပြင်ပြောင်းလဲရေး အင်အားစုဖြစ်သည့် People’s Party Thailand (PP) သည် ၈၈ နေရာ၊ Pheu Thai Party (PTP) သည် ၅၈ နေရာသာ ရရှိခဲ့ကြောင်း UEC က ထုတ်ပြန်ထားသည်။ ကျန်ရှိသည့် အမတ်နေရာ ၁၀၀ ကိုတော့ ပါတီအလိုက် စုစုပေါင်း မဲရရှိမှုအပေါ် အခြေခံ၍ အချိုးကျ ခွဲဝေပေးမည်ဖြစ်ပြီး ယခုထုတ်ပြန်ချက်တွင် မပါဝင်သေးပါ။ အဆိုပါ အချိုးကျ နေရာများကိုပါ ပေါင်းစည်းတွက်ချက်လျှင် BJT ပါတီသည် အမတ်နေရာ ၁၉၀ ဝန်းကျင်ထိ ရရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။...
Read More