ဇူလိုင် (၂၇) သတင်းတိုပေါင်းချုပ်
၁။ စစ်ကောင်စီ၏ ကယ်ဆယ်ရေးငွေ အလွဲသုံးစားမှုကို ရန်ကုန်တွင် ဆန့်ကျင်ဆန္ဒပြ ဇူလိုင် ၂၇ The Kaladan Post ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့က အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကိုင်းငလျင်အတွက် နိုင်ငံတကာမှ ပေးအပ်ထားသော အရေးပေါ်ကယ်ဆယ်ရေးငွေများကို အလွဲသုံးစားပြုလုပ်နေ မှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုတစ်ခုကို ရန်ကုန်မြို့တွင် ယနေ့ပြုလုပ်ခဲ့သည်။ စစ်ကောင်စီ သည် ယင်းငွေများကို ပြည်သူများ၏ ပြန်လည်ထူထောင်ရေးအတွက် အသုံးမပြုဘဲ လက်နက် ဝယ်ယူခြင်း၊ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် အာဏာတည်မြဲရေးအတွက် တရားမဝင် ရွေးကောက်ပွဲများ ပြင်ဆင်ရာတွင် အသုံးပြုနေသည်ဟု ဆိုသည်။ ဤလှုပ်ရှားမှုသည် စစ်ကောင်စီ၏ မတရားသော လုပ်ရပ်များကို ပြည်သူများအား သိရှိစေရန်နှင့် နိုင်ငံတကာထံ သတိပေးရန် ရည်ရွယ်သည်ဟု သိရသည်။ တော်လှန်ညီနောင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ကယ်ဆယ်ရေးငွေများသည် ပြည်သူများ၏ ဘဝပြန်လည်ထူထောင်ရေးအတွက်သာ အသုံးပြုသင့်ပြီး အကြမ်းဖက်လုပ်ရပ် များအတွက် အလွဲသုံးစားပြုလုပ်ခြင်းသည် လက်မခံနိုင်စရာ ဖြစ်သည်” ဟု ပြောကြားခဲ့သည်။ လှုပ်ရှားမှုတွင် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လုပ်ရပ်များကို ဆန့်ကျင်ရန်နှင့် တရားမျှ တမှု ပြန်လည်ရရှိရေးအတွက် စည်းလုံးညီညွတ်ရန် တိုက်တွန်းခဲ့သည်။ ဤဆန္ဒပြမှုသည် ရန်ကုန်မြို့တွင် လူထုအခြေပြု ဆန္ဒပြမှုများထဲမှ တစ်ခုဖြစ်ပြီး စစ်ကောင်စီအား ဖိအားပေးရန် ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။ ၂။ နွားထိုးကြီးတွင် စစ်တပ်၏ ဒရုန်းဗုံးကြဲမှု ကလေးငယ် ၄ ဦးအပါအဝင် ၆ ဦးသေဆုံး ဇူလိုင် ၂၇ The Kaladan Post မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊...
Read More