စနိုက်ပါရိုင်ဖယ် စမ်းသပ်ပစ်ခတ်နေသည့် Kim Ju Ae ဓာတ်ပုံကို North Korea ထုတ်ပြ
ဖေဖေါ် ၂၈ The Kaladan Post မြောက်ကိုရီးယား နိုင်ငံခေါင်းဆောင် Kim Jong Un ၏ သမီးဖြစ်သူဟု ယူဆထားသည့် ကင်မ်ဂျူအေးက စနိုက်ပါ ရိုင်ဖယ်တစ်လက်ကို စမ်းသပ်ပစ်ခတ်နေသည့် ဓာတ်ပုံများကို မြောက်ကိုရီးယား အစိုးရ မီဒီယာများက ဖော်ပြခဲ့သည်။ သတင်းထုတ်ပြန်မှုများနှင့် ပတ်သက်၍ တင်းကျပ်စွာ ထိန်းချုပ်လေ့ရှိသည့် မြောက်ကိုရီးယားအနေဖြင့် ထုတ်ပြန်သည့် ဓာတ်ပုံတိုင်းတွင် နိုင်ငံရေးအဓိပ္ပါယ် တစ်စုံတစ်ရာ ပါဝင်နိုင်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။ ယခု ထုတ်ပြန်မှုကိုတော့ ကင်မ်ဂျူအေးအား လူလားမြောက် အရွယ်ရောက်လာပြီဟု သတ်မှတ်ဖော်ပြလိုသည့် သဘောထားတစ်ရပ်အဖြစ် အချို့က မြင်ယူနေကြသည်။ မြောက်ကိုရီးယား အစိုးရသတင်းဌာနဖြစ်သည့် Korean Central News Agency (KCNA) သည် အဆိုပါ မိန်းကလေးအား “ခေါင်းဆောင်ကြီး၏ ချစ်လှစွာသော သမီး” ဟူ၍သာ ရည်ညွှန်းလေ့ရှိပြီး နာမည်ရင်းကို တရားဝင် ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပါ။ သို့သော် South Korea ထောက်လှမ်းရေးအဖွဲ့များက သူမ၏ အမည်မှာ ကင်မ်ဂျူအေး ဖြစ်နိုင်ကြောင်း ယုံကြည်ထားကြသည်။ သူမသည် ဖခင်၏ အာဏာကို ဆက်ခံနိုင်မည့် အနာဂတ်ခေါင်းဆောင်တစ်ဦးအဖြစ် ထင်ကြေးပေးမှုများလည်း ရှိနေသည်။ အသက်အရွယ်ကို တရားဝင် မဖော်ပြထားသော်လည်း ၁၅ နှစ် မပြည့်သေးဟု ကျယ်ပြန့်စွာ ယူဆထားကြသည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင် KCNA ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံများတွင် ကင်မ်ဂျူအေးက စနိုက်ပါ ရိုင်ဖယ်ကို အကျအန ချိန်ရွယ်ပစ်ခတ်နေသည့် မြင်ကွင်းများ...
Read More