If India genuinely wants to help, they can do a lot for our democratic and ethnic forces
If India genuinely wants to help, they can do a lot for our democratic and ethnic forces
Read MoreJan 9, 2026 | English Interview | 0 |
If India genuinely wants to help, they can do a lot for our democratic and ethnic forces
Read MoreJan 8, 2026 | Daily News | 0 |
ပခုက္ကူမြို့နယ်တွင် ဆက်ကြေးကောက်နေသော စစ်တပ်တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး သေဆုံး ဇန်န ၈ The Kaladan Post မကွေးတိုင်း၊ ပခုက္ကူမြို့၊ ပခုက္ကူ-ရေစကြိုလမ်းပိုင်း စက်မှုဇုန်နယ်မြေတွင် ဇန်နဝါရီ ၆ရက် မွန်းလွဲ ၁၂ နာရီခန့်က စစ်ကောင်စီ တပ်ဖွဲ့၊ ရဲနှင့် ပျူစောထီးများ ပူးပေါင်း ဆက်ကြေးကောက်ခံနေသော စစ်ဆေး ရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ ကြောင်း ပခုက္ကူခရိုင် အမှတ်(၁၆) တပ်ရင်းက ထုတ်ပြန်သည်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ဘက်မှ စနိုက်ပါနှင့် ၄၀ မမ ဗုံးများဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တော်လှန်ရေး ရဲဘော်များ က ယာယီ ဆုတ်ခွာခဲ့ရပြီး ရဲဘော်ဘက်တွင် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ပခုက္ကူခရိုင် အမှတ်(၁၆) တပ်ရင်းက ပြောဆိုသည်။ အဆိုပါ စစ်ဆင်ရေးကို ပခုက္ကူခရိုင် အမှတ်(၁၆) တပ်ရင်း၊ ANYAR AYEYAWADDY REVOLUTION FORCE (AARF) နှင့် GOLDEN EAGLE (PDF) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ပြည်သူများအပေါ် ဆက်ကြေးကောက်ခံ၍ ဖိနှိပ်နေသော စစ်ကောင်စီ ဂိတ်များကို ဆက်လက် တုံ့ပြန်သွားမည့်ဟု တော်လှန်ရေး တပ်ဖွဲ့များက ပြောဆိုကြသည်။ တောင်သာမြို့ စစ်တပ်ဝန်ထမ်းအိမ်ရာ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး သေဆုံး ဇန်န...
Read Moreဇန်န ၈ The Kaladan Post မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း ဇန်နဝါရီ ၆ ရက်နေ့တွင် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေး နှစ်ခုတွင် စစ်ကောင်စီ တပ်ဖွဲ့များကို ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း Myingyan Black Tiger (MBT) သိရသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပြတ်သက်ပြီး Myingyan Black Tiger (MBT) ၏ တာဝန်ခံ ဗိုလ်မိုက်ခဲက “ ကျွန်တော်တို့ တိုက်ခိုက်ခဲတာနှစ်ကြိမ်ပေါဗျ ဒုတိယအကြိမ်တိုက်ခိုက်တဲ့ အချိန်မှာ စစ်တပ်ဖက်က ၁၀ ကျော်သေဆုံးခဲ့တယ်လို့သိရပါတယ် ဒါပေမယ့် အတည်ပြုနိုင်တာ ၁၀ယောက်ဆိုတော့ ကျွန်တော်တို့က ထုတ်ပြန်ချက်မှာ အဲ့လောက်ဘဲထည့်တာပါ ဒီတိုက်ပွဲနှစ်ကြိမ်အတွင်း ကျွန်တော်တို့နှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များအားလုံး အထိအခိုက်မရှိဘဲ အားလုံးဘေးကင်းပါတယ်ဟု “ The Kaladan Post သို့ပြောဆိုသည်။ အဆိုပါထုတ်ပြန်ချက်တွင် မြင်းခြံမြို့ အနောက်ဘက် ပိုက်တဲကုန်း ကျေးရွာအနီး လာရောက်ကင်းလှည့်နေသော စစ်ကောင်စီ တပ်သားများကို ဇန်နဝါရီ ၆ ရက် ည ၈ နာရီ ဝန်းကျင်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးခဲ့ပြီး ထိုတိုက်ခိုက်မှုတွင်း MA1 သေနတ် ၁ လက် နှင့် ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။ ဤစစ်ဆင် ရေးကို MBT အမှတ်(၉) တပ်ရင်းနှင့် MGN အညာသားပြောက်ကျားတပ် တို့က ပူးပေါင်းဆောင်ရွက်ခဲ့ ခြင်း ဖြစ်သည်။ အလားတူနေ့တွင် နံနက် ၅ နာရီခန့်က မြင်းခြံမြို့နယ် လေးအိမ်တန်းကျေးရွာရှိ ရွှေညောင်ပင်ဂိတ် ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကူလာသော စစ်ကောင်စီ တပ်ကိုပါ ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့သည်။ ဤတိုက်ပွဲတွင် စစ်ကောင်စီ ဘက်မှ ၁၀ ဦး သေဆုံးခဲ့ပြီး ၂ ဦး ကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဤစစ်ဆင်ရေးကို MBT အမှတ်(၉) တပ်ရင်းအပြင် Onemore စစ်ကြောင်း၊ မြင်းခြံခရိုင် အမှတ်(၂) တပ်ရင်း၊ မိုရှည်ဒါးယမ်းအဖွဲ့၊ YLK တပ်ဖွဲ့ နှင့် အမေ့လက်ရုံးတပ်ဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း...
Read Moreမကွေးနှင့် မန္တလေးတိုင်းများတွင် စစ်တပ်စခန်းများ တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံး ဇန်န ၇ The Kaladan Post မကွေးတိုင်း၊ မြိုင်မြို့နယ် လင်းကတောပျူစောထီးကျေးရွာရှိ စစ်ကောင်စီ တပ်စခန်း (အင်အား ၁၀၀ ကျော် အထိုင်ချ) ကို ဇန်နဝါရီ ၅ ရက်နေ့တွင် Salingyi Revolution Army ရဲဘော်များက လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံးမှုများရှိခဲ့သော်လာ်း အရေအတွက်အတိအကျကို အတည်မပြုရသေးဘဲ တော်လှန်ရေးရဲဘော်များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း Salingyi Revolution Army တာဝန်ရှိသူက ပြောဆိုသည်။ ထို့အပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့အနီး ကျောက်ပြုတ်ရွာရှိ စစ်ကောင်စီ တပ်စခန်း (အင်အား ၃၅ ဦးခန့်) ကို ဒီဇင်ဘာ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့ အပါအဝင် MGN 35 ပြောက်ကျားတပ်ဖွဲ့၊ Myingyan Black Tiger (MBT) နှင့် Myingyan Danger Dynamiter တို့က ပူးပေါင်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၅၀ မိနစ်ခန့်ကြာပြီးနောက် စစ်သား ၅ ဦး သေဆုံး၊ ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ တပ်စခန်းကို သိမ်းပိုက်နိုင်ခြင်း မရှိ သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့မှ ပြောဆိုသည်။...
Read MoreJan 7, 2026 | English Interview | 0 |
When neighboring countries like India support these illegitimate groups while ignoring organizations like ours, which stand firmly for the people’s liberation with clear principles, it leads to more harm than good.
Read More