ဇူလိုင် (၂၄) သတင်းတိုပေါင်းချုပ်
၁။ စစ်သင်္ဘောများ ပစ်ခတ်မှုကြောင့် မောင်းကုန်းကျေးရွာ နေအိမ်များ မီးလောင် ဇူလိုင် ၂၄ The Kaladan Post စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာတွင် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်သင်္ဘောများက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ကြောင်း Tigyaing Revolution -TR အဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။ ဇူလိုင် ၂၄ ရက် နံနက် ၉ နာရီ ၇ မိနစ်ခန့်တွင် စစ်သင်္ဘောများ က ပစ်ခတ်ခဲ့ပြီး အနီးရှိ ဆီဆိုင်တစ်ခုကိုလည်း ဒရုန်းဖြင့် မီးလောင်ဗုံးများ ကြဲချခဲ့သည်။ ပြည်သူထိခိုက်မှုအခြေအနေမှာ ရှုပ်ထွေးနေဆဲဖြစ်ကာ အတိအကျအချက်အလက်များ မသိရသေးဟု ၎င်းက ဆိုသည်။ ဗန်းမော်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧရာဝတီမြစ်ကမ်းဘေးရှိ ပြည်သူများအား သတိထားရန်နှင့် အရေးပေါ်ပြောင်းရွှေ့ကြရန် သတိပေးထုတ်ပြန်ထားသည်။ စစ်သင်္ဘောများ ဆန်တက်လာသည်နှင့်အမျှ လေကြောင်း၊ ရေကြောင်းတိုက်ခိုက်မှုများနှင့် တိုက်ပွဲများ ဖြစ်ပွားနိုင်သဖြင့် မြစ်ကမ်းနံဘေးတစ်ကြော သွားလာခြင်း၊ ပွဲလမ်းသဘင်များ ပြုလုပ်ခြင်းနှင့် လူစုလူဝေးသို့ သွားရောက်ခြင်းတို့ မပြုလုပ်ရန် တိုက်တွန်းထားသည်။ ပြည်သူများအနေဖြင့် စစ်သင်္ဘောများ ကင်းစင်ပြီးမှသာ နေရပ်သို့ သွားလာနေထိုင်ရန်နှင့် စစ်ရေးသတိထားရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၂။ သီပေါမြို့သို့ စစ်တပ်ထိုးစစ်ဆင်မည်ဆိုသော ကောလာဟလကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင် ဇူလိုင် ၂၄ The Kaladan Post ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့သို့ စစ်ကောင်စီတပ်က ဝင်ရောက်တိုက်ခိုက်တော့မည်ဟု...
Read More