Author: Salai

ကျဆုံးရဲဘော်တွေနှင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသူတွေအတွက် “ဂုဏ်ပြုကူညီ ရှေ့သို့ချီ”ကမ်ပိန်းပြုလုပ်

—————————————————————————- ဇူလိုင်၁၉ The Kaladan Post အင်းတော်မြို့အခြေစိုက်၊ကသာခရိုင်၊ အမှတ်-၂တပ်ရင်း -K2အတွက် ” ဂုဏ်ပြုကူညီ ရှေ့သို့ချီ”ဆိုတဲ့ ခေါင်းစဉ်လေးနဲ့အတူ အင်းတော်မြို့သိမ်းတိုက်ပွဲနဲ့ အင်းတော်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကိုယ်၊ လက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့ ရဲဘော်တွေအတွက် ခြေတု၊လက်တုတွေ ဝယ်ယူနိုင်ရန်နဲ့ ကျဆုံးသွားတဲ့ ရဲဘော်တွေကို ကူညီထောက်ပံ့ပေးနိုင်ဖို့ရန် မဲကမ်ပိန်းလေး လုပ်ပေးနေကြောင်း IR က ယမန်နေံ ဇူလိုင် ၁၈ရက်နေ့က ထုတ်ပြန်ထားပါသည်။ အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး Indaw Revolution – IR တပ်ဖွဲ့ရဲ့ တာဝန်ခံ ကိုမေတ္တာက “ကျွန်တော်တို့ ကမ်ပိန်းကာလက ၂၀၂၅ခုနှစ်၊ ဇူလိုင် ၁၅ရက်နေ့မှ အောက်တိုဘာ ၁၅ရက်နေ့အထိ ၃လ သတ်မှတ်ထားပါတယ်ဗျ ကမ်ပိန်းTargetကတော့ သိန်းနှစ် ထောင် (၂၀၀၀) ဖြစ်ပါတယ် ယခုလက်ရှိမှာ ကျွန်တော်တို့ဆီမှာ ကိုယ်လက်အင်္ဂါဆုံးရှုံးထားတဲ့ ရဲဘော်၂၀လောက်ရှိပါပြီး ၎င်းတို့ဟာဆိုရင် ခါးအောက်ပိုင်း သေတာတွေ၊ အမြင်အာရုံထိခိုက်တဲ့ သူတွေရောပေါ့လေ နောက်ပြီး ကျဆုံးတာတွေလည်း ရှိပါတယ်။ မြို့နယ်ကနေလည်း ထောက်ပံ့မှု အနည်းငယ်ရှိပေမဲ့ လုံလောက်တဲ့ထောက်ပံ့မှုမရတော့ သူတို့အတွက် ကူညီထောက်ပံ့ဖို့နဲ့ ခြေတု၊ လက်တုတွေ ဝယ်ယူပေးဖို့ ရည်ရွယ်ပြီး ပြုလုပ်ပေးတာဖြစ်ပါတယ်”ဟု The Kaladan Post သို့ ပြောဆိုသည်။ ဒီကမ်ပိန်းမှ ရရှိငွေဖြင့် ဝယ်ယူဖို့အဆက်စပ်တွေထံကနေ မေးကြည့်ရသလောက် ဆိုရင် ခြေတုလက်တုတွေက ဒူးအောက်ပိုင်းကနေ ‌ပေါင်ရင်းထိက ဈေးအဆင့်ဆင့်ရှိပြီး တစ်ခုကို ဒေါ်လာ ၉၀၀ကနေ ၁၅၀၀ထိ ရှိပါတယ် အဲ့ဒါကြောင့် ဒီကမ်ပိန်း Target ပြည့်မှီခဲ့ရင် ကျဆုံးရဲ့ဘော် များနှင့် ကိုယ်အင်္ဂါဆုံးရှုံးသူတွေကို ထောက်ပံ့ပေးနိုင်ဖို့ လုံလောက်ပါတယ်ဟု ကိုမေတ္တာက ဆက် လက်ပြောဆိုသည်။ ဂုဏ်ပြုကူညီ ရှေ့သို့ချီ” ကမ်ပိန်းကို IndawRevolution-IRနဲ့ K2 တပ်ရင်းက ရဲဘော်တွေနဲ့ ကော်မတီတစ်ရပ်ဖွဲ့ပြီး လုပ်ဆောင်နေပြီး မဲဖွင့်တဲ့ နေ့ကိုလည်း သက်ဆိုင်ရာတာ ဝန်ခံ ရပ်မိရပ်ဖတွေရှေ့မှာပဲ ပွင့်လင်းမြင်သာမှုရှိရှိ လုပ်သွားမှာဖြစ်ကြောင်း သိရသည်။ ကမ်ပိန်းနဲ့ ပတ်သက်ပြီး Indaw Revolution-IRပေ့တစ်ခုကနေပဲ တင်ပြီး ရောင်းချသွားမှာဖြစ်ပြီး ပေါက်မဲ နံပါတ်တွေကို Pageကနေ ထုတ်ပြန်ကြေငြာပေးသွားမှာ ဖြစ်ကြောင်းသိရပါသည်။ ကမ်စမ်းမဲ လက်မှတ်တစ်စောင်ကိုတော့ ၁သောင်းကျပ်သတ်မှတ်ပြီး မဲစာအုပ် တစ်အုပ်ကို မဲအစောင်ရေ ရွက် (၅၀)သတ်မှတ်ထားပါသည်။ ဆုကြေးအနေနဲ့ကတော့ ပထမဆု-၇၅သိန်းကျပ် ဒုတိယဆု-Iphone16 တတိယဆု-၁၀သိန်းဆု (၃)ဆု စတုတ္ထဆု -၅သိန်းကျပ်(၅)ဆု ပဉ္စမဆု-၁သိန်းကျပ်(၂၀)ဆု နှစ်သိမ့်ဆု-၅သောင်းဆု (၅၀)ဆု တို့...

Read More

ဇူလိုင် (၁၈) သတင်းတိုပေါင်းချုပ်

၁။ စစ်ကောင်စီ၏ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး တင်းကျပ်မှု ဇူလိုင် ၁၈ The Kaladan Post စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းများ၏ သားသမီးများသည် နိုင်ငံကူး လက်မှတ် လျှောက်ထားရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ထောက်ခံချက် တင်ပြရန် လိုအပ်ကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းထံမှ သိရသည်။ ပတ်စ်ပို့ အသစ်လျှောက်ထားခြင်း သို့မဟုတ် သက်တမ်းတိုးခြင်းအတွက် မိဘဖြစ်သူ၏ ဝန်ကြီးဌာနထံမှ တရားဝင် ထောက်ခံစာ ရယူရမည်ဖြစ်သည်။ “ပတ်စ်ပို့ သက်တမ်းတိုးဖို့ မိဘရဲ့ ဝန်ကြီးဌာန ထောက်ခံချက် လိုတယ် လို့ ပြောတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ Non-CDM အရာရှိတစ်ဦး၏ သားဖြစ်သူက ပြောသည်။ ဤစည်းကမ်းသည် Non-CDM ဝန်ထမ်းများအပေါ် စိစစ်မှု တင်းကျပ်ထားသည်ဟု ဆိုသည်။ သို့သော် CDM ဝန်ထမ်းများ၏ သားသမီးများကို နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းနှင့် ပြည်ပ ထွက်ခွင့် ပိတ်ပင်ထားပြီး၊ မိဘများကို CDM စာရင်းမှ ပယ်ဖျက်မှသာ ထုတ်ပေးမည်ဟု စစ်ကောင်စီက ညွှန်ကြားထားသည်။ CDM ဝန်ထမ်းများကိုယ်တိုင်လည်း ပတ်စ်ပို့လျှောက် ထားခွင့်နှင့် ပြည်ပထွက်ခွင့် ပိတ်ပင်ခံထားရသည်။ သို့သော် စစ်တပ်အရာရှိကြီးများ၏ သားသမီးများမှာ နိုင်ငံကူးလက်မှတ်ကို အလွယ်တကူ ရရှိပြီး ပြည်ပသို့ ခရီးသွားလာနိုင် ကြောင်း နေပြည်တော်ဝန်ထမ်းနှင့် တပ်သတင်းရင်းမြစ်များထံမှ သိရသည်။     ၂။ လေးမျက်နှာ တိုက်ပွဲတွင် စစ်ဗိုလ်နှင့် တပ်ကြပ် သေဆုံးပြီး ဒဏ်ရာရသူများ ဆေးရုံပို့ ဇူလိုင် ၁၈...

Read More

ပခုက္ကူမြို့နယ်တွင် ခွေးပတ်ကင်းစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခံရ

——————————————————————– ဇူလိုင် ၁၈ The kaladan Post ပခုက္ကူမြို့နယ်၊ လေယာဉ်ကွင်းအနောက်ဘက်တွင် ဇူလိုင်လ ၁၅ ရက်၊ ၂၀၂၅ ခုနှစ် ညနေ ၃ နာရီ အချိန်က စကစကင်းပတ်စစ်ကြောင်းတစ်ခုကို Southern Yesagyo Local တပ်ပေါင်းစုက ကြားဖြတ် ပစ်ခတ်ခဲ့ကြောင်း Southern YSO တာဝန်ခံ ကိုအောင်မောင်းက The Kaladan Post သို့ သတင်းပေး ပို့ခဲ့ပါသည်။ ဤစစ်ဆင်ရေးတွင် ‘ကျွန်တော်တို့ ဖော်ဆောင်တဲ့ ပင်မစစ်ကြောင်းနှင့် ထိပ်တိုက်ထိ တွေ့တာမဟုတ်ဘဲ အရံကင်းအဖွဲ့က ထိပ်တိုက်တွေ့ဆုံပစ်ခတ်မှုဖြစ်ပွာတာဖြစ်ပြီး ရလဒ်အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဘက်မှခလရ ၂၅၄ တပ်မှ အရာရှိတစ်ဦး အပါအဝင် ((၆)ယောက် သေဆုံးခဲ့ ကြောင်း တပ်ဖွဲ့တာဝန်ခဲကပြောဆိုသည်။ ထို့ပြင်အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲဝင် (၃) ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ တိုက်ပွဲအတွင် သေဆုံးခဲ့သည့် စစ်ကောင်စီ အလောင်းများကို ဇူလိုင်လ ၁၆ ရက် နေ့လည်ခင်းတွင် အစိမ်းရောင်သုံးဘီးဖြင့် ပခုက္ကူမြို့သို့ သယ်ဆောင်သွားသည် ဟု သိရှိရသည်။ ဤစစ်ဆင်ရေးကို Southern Yesagyo Local တပ်ပေါင်းစုမှ ဦးဆောင်ပြုလုပ်ခဲ့ပြီး၊ Southern YSO PDF၊ ဒေါင်းညီနောင်၊ ပြည်သူ့အားမာန် PDF နှင့် Yesagyo Revolution Group (YRG) တို့ ပါဝင်ခဲ့သည်။ ဤဖြစ်စဉ်သည် ဒေသတွင်း လက်နက်ကိုင်ခုခံမှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး၊ ခွေးစစ်ကြောင်းများကို ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း ဖော်ပြသည်။ ပခုက္ကူမြို့နယ် အတွင်း ခွေးစစ်ကြောင်းများကို ဆက်လက်စောင့်ကြည့်နေပြီး၊ လိုအပ်သည့်အခါ ထိရောက်စွာ တုံ့ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။ဤစစ်ဆင်ရေးသည် ဒေသတွင်း ခုခံမှုအင်အားများ၏ ညီညွတ်မှုကို ပြသခဲ့သည်အပြင် အနာဂတ်စစ်ဆင်ရေးများအတွက် အားတက်မှုတစ်ခုဖြစ်ပါသည်။ Southern YSO PDF နှင့် မဟာမိတ်အဖွဲ့များသည် ပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ်ရန် ပြည်သူများနှင့်လက်တွဲ၍ တရားမျှတမှုနှင့် လွတ်လပ်ရေးအတွက်...

Read More

ဇူလိုင် (၁၇) သတင်းတိုပေါင်းချုပ်

၁။ တရုတ်ကုမ္ပဏီ၏ အကူအညီဖြင့် ကပစ ၂၁ တွင် လေကြောင်းဗုံးများ ထုတ်လုပ်နေ ဇူလိုင် ၁၇ The Kaladan Post တရုတ်အစိုးရပိုင် China South Industries Group Corporation သည် မြန်မာစစ်ကောင်စီ၏ ကပစ ၂၁ စက်ရုံတွင် လေကြောင်းတိုက်ခိုက်ရေးဗုံးများ ထုတ်လုပ်ရန် အကူအညီပေး နေကြောင်း မြန်မာနိုင်ငံအတွက် အထူးအကြံပေးကောင်စီ (SAC-M) က ထုတ်ပြန်သည်။ မကွေးတိုင်းဒေသကြီးရှိ ဤလျှို့ဝှက်စက်ရုံတွင် တရုတ်ကုမ္ပဏီ Hunan Vanguard မှတစ်ဆင့် နည်းပညာပံ့ပိုးမှုများ ပြုလုပ်ပေးနေသည်။ ထုတ်လုပ်သော ဗုံးများကို မြန်မာစစ်တပ်က အရပ်သားများအား လေကြောင်းတိုက်ခိုက်ရာတွင် အသုံးပြုနေသည်။ SAC-M ၏ အစီရင်ခံစာ အရ ပေါင် ၂၅၀ မှ ၅၀၀ အထိ ဗုံးများနှင့် ပြင်းထန်သော Fuel Air Explosive (FAE) ဗုံးများကို ထုတ်လုပ်နေသည်။ တရုတ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ဤပံ့ပိုးမှုများ ဆောင်ရွက်နေခြင်းဖြစ် ကြောင်း သိရသည်။ SAC-M မှ Yanghee Lee က တရုတ်နိုင်ငံအနေဖြင့် ဤအကူအညီများကို ချက်ချင်းရပ်ဆိုင်းရန် တောင်းဆိုခဲ့သည်။ ၂၀၁၄ မှ ၂၀၁၉ ခုနှစ်အတွင်း Hunan Vanguard ၏ နည်းပညာရှင်များက ကပစ ၂၁ တွင် လက်တွေ့အကူအညီပေးခဲ့ပြီး၊ မြန်မာစစ်အင်ဂျင်နီယာများလည်း တရုတ်နိုင်ငံ တွင် လေ့ကျင့်သင်ယူခဲ့ကြသည်။ ဤပံ့ပိုးမှုများသည် အရပ်သားများအပေါ် စစ်တပ်၏ ချိုးဖောက်မှုများတွင်...

Read More

လောက်တူဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သက်တမ်းကုန်ပစ္စည်းများ စစ်ဆေးမှုပြုလုပ်

  ဇူလိုင် ၁၇   The kaladan Post   လောက်တူဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် အခြေခံစားသုံးကုန်များ၊ ဆေးဝါးများနှင့် အလှကုန် ပစ္စည်းများအပါအဝင် အခြားသွင်းကုန်များအားလုံး သက်တမ်းကုန်ဆုံးမှုကို စစ်ဆေးခဲ့ကြောင်း စစ်ဆေးမှုမှတ်တမ်းများထုတ်ပြန်ထားပါသည်။ အဆိုပါထုန်ပြန်ချက်နှင့် ပတ်သက်ပြီး လောက်တူ ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ ကျွန်တော်တို့ ဒီသက်တမ်းကုန် ပစ္စည်းများ စစ်ဆေးမှုလုပ်ငန်းကို ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၁ရက်နေ့ကနေစတင်ကာ ရပ်ကွက်၊ ကျေးရွာ ပြည်သူ့ အုပ်ချုပ်ရေးမှူးများနှင့် လူငယ်များ အကူအညီဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ပါတယ် ပြီးတော့ ဒီစစ်ဆေး မှုအတွင်း သက်တမ်းကုန်ဆုံးပြီဖြစ်သော အစားကုန်အချို့ဟာဆိုရင် သက်တမ်းကုန်ဆုံးရက်ကို အတု ပြုလုပ်ပြီး တင်သွင်းလာမှုတွေ တွေ့နေရပါတယ်ဟု “ The Kaladan Post သို့ ပြောဆိုသည်။ တွေ့ရှိ ထားသော သက်တမ်းကုန်ပစ္စည်းများမှာ ဆေးဝါးများနှင့် အခြေခံစားသုံးကုန်အများအပြား တွေရှိခဲ့ ပြီး ၎င်းသက်တမ်းကုန်ပစ္စည်းအားလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ဒီသက်တမ်းကုန်ပစ္စည်းများသည် စီးပွား‌ရေးသမားများမှ နေရာပေါင်စုံကနေတင်သွင်းတာတွေ ပါဝင်နေသလို ‌ဒေသတွင်း ဈေးဆိုင် များမှ ရောင်းမထွက်ဘဲ ကြာရှည်တာတွေကြောင့် ဖြစ်သည်။ ပြည်သူလူထုကို အခက်အခဲမရှိဘဲ ဘေးကင်းလုံခြုံအောင် နောက်နောင်တွင် သက်တမ်းကုန်ပစည်းများ သယ်ဆောင်တင်သွင်းခွင့် မရရှိရန်နှင့် ရောင်းချခွင့်မရရှိအောင် တားမြစ်ပိတ်ပင်ထားသည့်အပြင် ပြည်သူ့အကျိုးအတွက် ဈေးနှုန်းမှန်ကန်မှုရှိပြီး၊ ပြည်သူ့များလိုအပ်သော စားသုံးကုန်များရရှိနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လောက်တူ‌ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောဆို သည်။ အခြေခံစားသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများသည် အချိန်ကြာရှည်ထားရှိပါက ၎င်းတို့၏ အရည်အသွေးနှင့် အာဟာရဓာတ်များ ဆုံးရှုံးသွားပြီး ၎င်းတို့၏ ထိရောက်မှုကို လျော့ကျစေကာ အာနိသင် မရှိတော့ပါ။ ထို့ကြောင့် ထုတ်လုပ်သူများသည် စားသုံးသူများအတွက် ကျန်းမာရေးကို ကာကွယ်ရန် အာမခံထားသော အသုံးပြုမှုနှင့် ဘေးကင်းလုံခြုံမှုကို ကန့်သတ်ထားခြင်းဖြစ်သည်။ စားသုံးကုန်များတွင် သက်တမ်းကုန်ဆုံးပါက ဘက်တီးရီးယားနှင့် မှိုများ ပေါက်ဖွားလာပြီး ကျန်းမာရေးထိခိုက်စေနိုင်သောကြောင့် ပြည်သူများအနေဖြင့် သက်တမ်းကုန်ဆုံးပစ္စည်းများကို ရှောင်ရှားခြင်းဖြင့် ကျန်းမာရေးနှင့် ဘေးကင်းမှုကို ထိန်းသိမ်းနိုင်လိုအပ်ပါသည်။...

Read More
en_USEnglish