Author: Salai

အညာမြေတပ်ပေါင်းစုသည် တိုက်ခိုက်မှုပိုမိုထိရောက်လာအောင် Drone team ဖွဲ့စည်းပြီး နည်းပညာကျွမ်းကျင်မှုပါ မြှင့်တင်နေ

————————————————————————— စက်တင်လာ ၃ The Kaladan Post ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ၂ရက်နေ့တွင် အညာ‌မြေတပ်ပေါင်းစုမှ Drone team ဖွဲ့စည်းကြောင်း ကြေညာချက်ထုတ်ပြန်ထားပါသည်။ အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး အညာမြေတပ်ပေါင်းစုရဲ့ တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့အညာမြေတပ်ပေါင်းစုကနေ ထပ်မံဖွဲ့လိုက်တဲ့ Drone team မှာတော့ ဒရုန်းမစ်ရှင်ဦးဆောင်သူနှစ်ဦး၊ ဗုံးထုတ်လုပ်ရာမှာ ဦးဆော်သူနှစ်ဦးနဲ့ ဒရုန်းအဖွဲ့မှာ ရဲဘော်၂၅ဦးပါဝင်ပါတယ်။ အဆိုပါရဲဘော်တွေက ဒရုန်းနဲ့ပတ်သက်တဲ့ ပညာတွေ မတတ်မြောက် သေးလို့ အခုတချိန်တစ်လခန့်စနစ်တကျသင်ကြားပေးနေပါတယ် နောက်ထပ်လည်းပေးပါဦးမယ် ဟု “The Kaladan Post သို့ပြောဆိုသည်။ ထို့အပြင် ယခုခေတ်စစ်ပွဲများသည် သမာရိုးကျစစ်ပွဲများ မှ ခွဲထွက်လာပြီး နည်းပညာအသုံးပြုမှုကို နှစ်ဘက်စလုံးမှ ပြောင်းလဲနေပြီဖြစ်သည်။ အညာမြေ တပ်ပေါင်းစုသည် စစ်ကောင်စီကိုတိုက်ခိုက်ရာတွင် ဒရုန်းကိုအသုံးပြုခဲ့ကြသော်လည်း တိုက်ခိုက်မှု ပိုမိုထိရောက်အောင် Drone team ကို သီးသန့်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဤနည်းပညာများကို လေ့လာသင်ယူကာ တော်လှန်ရေးတွင် ပိုမိုအသုံးပြုနိုင်အောင် ပြည်သူလူထု၏ ပံ့ပိုးဝန်းရံမှုသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေပါလို့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။ အညာမြေတပ်ပေါင်းစုသည် တိုက်ခိုက်မှုအတွင်းဒရုန်းများကို ပိုမိုထိရောက်စွာ အသုံးပြုလာနိုင်ရန် အတွက် – ၁ ။ အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသော နည်းပညာများဖြင့် ရန်သူကို အထိရောက်ဆုံး ရင်ဆိုင်နိုင်ရန်။ ၂ ။ ပြည်သူများအား လုံခြုံမှု ပိုမိုပေးစွမ်းနိုင်ရန်။ ၃။ မြေပြင်တွင်သာမက ဝေဟင်ဖြင့်ပါ ရန်သူကို တုန့်ပြန် ရင်ဆိုင်နိုင်ရန် ။ ၄ ။ နည်းပညာကျွမ်းကျင်သော လူငယ်များအား လူမှန်နေရာမှန်ထားခြင်းဖြင့် တော်လှန်ရေးတွင် မိုပိုစိတ်အားတက်ကြွစေရန်။ ၅ ။ ပိုမိုစည်းလုံး ညီညွတ်စွာဖြင့် တော်လှန်ရေးအရှိန်မြှင့်တင်ရန်။ စသည့် ရည်ရွယ်ချက်များဖြင့် drone team အဖွဲ့အား ထပ်မံ၍ ဖွဲ့စည်းခြင်းဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ ဤဖော်ပြချက်များသည် ခေတ်မီစစ်ရေးနည်းပညာများကို လေ့လာသင်ယူပြီး တော်လှန်ရေး အတွက် အသုံးပြုလိုသည့် စိတ်ဓာတ်နှင့် ကြိုးပမ်းအားထုတ်မှုကို ထင်ရှားစွာ ပြသထားပါသည်။ ဒရုန်းနည်းပညာကဲ့သို့ ခေတ်မီစစ်ရေးနည်းစနစ်များကို ကျွမ်းကျင်စွာ အသုံးပြုရန် လေ့ကျင့်သင် ကြားမှုများပြုလုပ်နေခြင်းသည် အဖွဲ့၏ စွမ်းရည်မြှင့်တင်ရေးနှင့် ရည်မှန်းချက်ကြီးမားမှုကို ထင်ဟပ်စေပါသည်။ အညာမြေတပ်ပေါင်းစု drone team မှ ဒရုန်းမစ်ရှင်များကို စွမ်းစွမ်းတမံဖော်ဆောင် ၊အောင်ပန်းဆင် သွားပါမည်။ ရိုးသားစွာဖြင့် ၊ခံယူချက်မှန်ကန်စွာဖြင့် တော်လှန်ရမည်ဆိုသည်က အညာမြေတပ်ပေါင်း စု၏ မူဝါဒတွေထဲက မူဝါဒကို ကိုင်ဆောင်ထားသော...

Read More

စက်တင် (၂) သတင်းတိုပေါင်းချုပ်

Sky Villa ကွန်ဒိုပြိုကျမှု၊ NTL ကုမ္ပဏီ တောင်းပန်ခြင်းမရှိဘဲ လျှော်ကြေးပေးမည် စက်တင် ၂ The Kaladan Post မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ Sky Villa ကွန်ဒိုပြိုကျမှုကြောင့် လူပေါင်း ၂၀၀ နီးပါး သေဆုံးခဲ့ပြီး ဆောက်လုပ်သည့် NTL ကုမ္ပဏီက သေဆုံးသူတစ်ဦးလျှင် ကျပ်သိန်း ၁၀၀ လျှော်ကြေးပေးမည်ဟု စက်တင်ဘာ ၂ ရက်တွင် ကြေညာခဲ့သည်။ မတ်လ ၂၈ ရက်က ပြင်းအား ၇.၇ ငလျင်ကြီးကြောင့် ယင်းကွန်ဒိုအဆောက်အအုံများ ပြိုကျပျက်စီးခဲ့ပြီး မိသားစုများ သေဆုံးကာ အလောင်းများ ဆက်လက်ရှာဖွေနေရသည်။ NTL ကုမ္ပဏီက လျှော်ကြေးပေးရန် စက်တင်ဘာ ၈ ရက်မှ စတင်မည်ဖြစ်ပြီး သေဆုံးမှု အထောက် အထားများနှင့် ယာယီကွပ်ကဲရေးရုံးတွင် လျှောက်ထားနိုင်ကြောင်း ဖော်ပြသည်။ သို့သော် ကုမ္ပဏီက သေဆုံးသူများ၏ မိသားစုများထံ တောင်းပန်ခြင်းမရှိခဲ့ပေ။ Sky Villa ကွန်ဒိုကို NTL ကုမ္ပဏီက ဆောက်လုပ်ပြီး iMyanmar House က ရောင်းချခဲ့ကာ ငလျင်ဒဏ်ခံနိုင်သည်ဟု ကြော်ငြာခဲ့သော်လည်း ငလျင်ဒဏ်ကြောင့် အဆောက်အအုံများ ပြိုကျခဲ့သည်။ အဆောက်အအုံ A မှာ ၆ ထပ်အထိ မြေထဲရောက်သွားပြီး B၊ C၊ D အဆောက်အအုံများ လုံးဝပြိုကျခဲ့သည်။ ကွန်ဒိုအခန်းတစ်ခန်းလျှင် ကျပ်သိန်း ၈၀၀၀ အထိ ရောင်းချခဲ့ပြီး နေထိုင်သူများမှာ ငွေကြေးတတ်နိုင်သူများဖြစ်သည်။ ကုမ္ပဏီ၏ တောင်းပန်မှု မရှိသည့် သဘောထားကြောင့်...

Read More

“လက်ရှိ မြန်မာ့တော်လှန်ရေး အခြေအနေနှင့် အိမ်နီးချင်းနိုင်ငံများ၏ ရပ်တည်ချက်များအပေါ် ဆွေးနွေးသုံးသပ်ခြင်း” The Kaladan Post/ Episode-013

“လက်ရှိ မြန်မာ့တော်လှန်ရေး အခြေအနေနှင့် အိမ်နီးချင်းနိုင်ငံများ၏ ရပ်တည်ချက်များအပေါ် ဆွေးနွေးသုံးသပ်ခြင်း” The Kaladan Post/ Episode-013

Read More

NLD ပါတီမှ ဦးစည်သူမောင်ကို ပါတီ၀င်အဖြစ်မှ ယာယီရပ်ဆိုင်းသည့် CWC ကြေညာချက် ပေါက်ကြား

စက်တင် ၂ The Kaladan Post   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရန်ကုန်၊ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၏ ပြောရေးဆိုခွင့်ရှိသူ ဦးစည်သူမောင်အား ပါတီဝင်အဖြစ်မှ ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်းသည် ပြင်းထန်သော အငြင်းပွားမှုများကို ဖြစ်ပေါ်စေခဲ့သည်။ ဩဂုတ်လ ၃၀ ရက်နေ့က ကျင်းပခဲ့သော ပြည်နယ်နှင့်တိုင်း NLD ပါတီ ပုံမှန်အစည်းအဝေးတွင် ချမှတ်ခဲ့သည့် ဤဆုံးဖြတ်ချက်အား ဦးစည်သူမောင်က လုပ်ထုံးလုပ်နည်းနှင့် လုပ်ပိုင်ခွင့်အာဏာဆိုင်ရာ မေးခွန်းထုတ်မှုများဖြင့် ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ဦးစိုးထက် (ခ) ဆလိုင်းမဲလုအား ပါတီမှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ပြီး ၎င်း၏ ထုတ်ပယ်ခြင်းကို တရားဝင် ကြေညာခဲ့သော်လည်း ဦးစည်သူမောင်ကို ပါတီဝင်အဖြစ်မှ ယာယီရပ်ဆိုင်းထားသည့် ကိစ္စမှာမူ ပြည်သူသို့ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးသည့်အပြင် ကာယကံရှင် ဦးစည်သူမောင်ထံသို့လည်း အကြောင်းကြားခြင်း မရှိသေးပေ။ ၂၀၂၀ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့ပြီး စစ်အာဏာ သိမ်းပြီးနောက် CRPH နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့တွင် တက်ကြွစွာ လှုပ်ရှားနေသူ ဦးစည်သူမောင်က ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် ယင်းဆုံးဖြတ်ချက်သည် တရားမဝင်ကြောင်း ချက်ချင်းတုံ့ပြန်ခဲ့သည်။ ပါတီစည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ အရေးယူမှုများသည် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ စစ်ဆေးပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) မှသာ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ ယခု “CWC” အမည်ခံအဖွဲ့တွင် ထိုသို့လုပ်ပိုင်ခွင့်မရှိကြောင်း ၎င်းက ထောက်ပြခဲ့သည်။ The Kaladan...

Read More

စက်တင် (၁) သတင်းတိုပေါင်းချုပ်

တောင်ငူမြို့နယ် ပဒဲရွာအနီး စစ်ကြောင်းတိုက်ခိုက်ခံရ၊ စစ်သား ၁၀ ဦးသေဆုံး စက်တင် ၁ The Kaladan Post ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ပဒဲကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့ထံမှ သိရသည်။ ဩဂုတ်လ ၃၁ ရက် မွန်းလွဲ ၁၂ နာရီခန့်တွင် ပဒဲရွာမှ ထွက်ခွာလာသော အင်အား ၁၅၀ ပါ စစ်ကြောင်းကို ဝရဇိန်တပ်ဖွဲ့၊ သံတောင်မြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပုဝါနီစစ်ကြောင်းနှင့် သမန်းကြားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။ တိုက်ပွဲမှာ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။ စစ်တပ်မှာ အထိနာပြီး ပဒဲရွာသို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ တောင်ငူမြို့နယ်အတွင်း စစ်တပ်က ကျေးရွာများသို့ စစ်ကြောင်းထိုးမှုများ မကြာခဏလုပ်ဆောင်လျက်ရှိပြီး၊ ရွေးကောက်ပွဲကာလမတိုင်မီ တည်ငြိမ်အေးချမ်းရေးဟု အကြောင်းပြချက်ဖြင့် ကျေးရွာများကို ဝင်ရောက်စီးနင်းမှုများ ပြုလုပ်လာကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ ဤတိုက်ခိုက်မှုသည် တော်လှန်ရေးတပ်ဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုကို ပြသသည့် နောက်ထပ်ဖြစ်ရပ်တစ်ခုဖြစ်သည်။ ယင်းမာပင်တွင် ရွှေရေကြည်သပိတ်စစ်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ စက်တင် ၁ The Kaladan Post ရန်ကုန်တိုင်း၊ ယင်းမာပင်မြို့နယ်တွင် ရွှေရေကြည်သပိတ်စစ်ကြောင်းက ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြပွဲတစ်ခုကို ဩဂုတ်လ ၃၁ ရက်က ပြုလုပ်ခဲ့ ကြောင်း သိရသည်။ အောင်လံလွှင့်မည်အဖွဲ့အစည်းမှ ဦးဆောင်သည့် ယခုဆန္ဒပြပွဲသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုတစ်ရပ်ဖြစ်သည်။ ဆန္ဒပြသူများသည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကြောင်း ကြွေးကြော်သံများဖြင့် မြို့နယ်အတွင်း...

Read More
en_USEnglish