Author: Salai

အပ်စတိန်းအရှုပ်တော်ပုံနှင့် ဆက်စပ် လွှတ်တော်ကြားနာမှုတွင် ဟီလာရီ ကလင်တန် ထွက်ဆို

ဖေဖေါ် ၂၇ The Kaladan Post ဂျက်ဖရီ အပ်စတိန်း အရှုပ်တော်ပုံနှင့် ဆက်စပ်သည့် လွှတ်တော် စစ်ဆေးကြားနာမှုတစ်ရပ်တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်းနှင့် သမ္မတကတော်ဟောင်း Hillary Clinton က ဖေဖော်ဝါရီ ၂၆ ရက်တွင် ထွက်ဆိုခဲ့ကြောင်း သိရသည်။ ၎င်းသည် အမေရိကန် အောက်လွှတ်တော်၏ အပ်စတိန်းဖိုင်များဆိုင်ရာ ကြားနာစစ်ဆေးရေး ကော်မတီရှေ့မှောက်တွင် ထွက်ချက်ပေးခဲ့ခြင်းဖြစ်ပြီး မိမိအနေဖြင့် ဂျက်ဖရီ အပ်စတိန်းနှင့် လုံးဝ မသိကျွမ်းခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ Jeffrey Epstein သည် သက်ငယ်မုဒိမ်းမှုနှင့် လူမှောင်ခိုမှု စွပ်စွဲချက်များကြောင့် ဖမ်းဆီးခံထားရစဉ် ၂၀၁၉ ခုနှစ်တွင် ထောင်အတွင်း သေဆုံးခဲ့သူဖြစ်ပြီး ယင်းနှင့် ဆက်စပ်သည့် အမှုမှတ်တမ်းများကို “အပ်စတိန်းဖိုင်များ” ဟု ခေါ်ဆိုကြသည်။ ယင်းဖိုင်များအတွင်း နိုင်ငံရေးသမားများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ထင်ရှားသူများ၏ အမည်များ ပါဝင်နေသည်ဟု သိရသဖြင့် လူထုစိတ်ဝင်စားမှု မြင့်တက်နေသည်။ အဆိုပါဖိုင်များတွင် ဟီလာရီ၏ ခင်ပွန်းဖြစ်သူ သမ္မတဟောင်း Bill Clinton နှင့် လက်ရှိ အမေရိကန် သမ္မတ Donald Trump တို့၏ အမည်များပါ ပါဝင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ထို့ကြောင့် အမေရိကန်တွင် ဒီမိုကရက်တစ်နှင့် ရီပတ်ဘလစ်ကန် ပါတီများအကြား အပြန်အလှန် စွပ်စွဲထိုးနှက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ ကလင်တန် ဇနီးမောင်နှံသည် ယခင်က လွှတ်တော် ကြားနာမှုသို့ တက်ရောက်ထွက်ဆိုရန် ငြင်းဆိုခဲ့သော်လည်း နောက်ပိုင်းတွင် လက်ခံသဘောတူခဲ့ကြသည်။ ဟီလာရီက မိမိအနေဖြင့်...

Read More

အာဖဂန်–ပါကစ္စတန် နယ်စပ်ပဋိပက္ခ အရှိန်မြင့်တက်၊ နှစ်ဖက်အပြန်အလှန် လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွား

ဖေဖေါ် ၂၇ The Kaladan Post Afghanistan နှင့် Pakistan တို့အကြား နယ်စပ်တလျှောက် အပြန်အလှန် တိုက်ခိုက်မှုများ ဆက်တိုက် အရှိန်မြင့်တက်လာနေပြီး ပဋိပက္ခကြီးတစ်ခုသို့ ဦးတည်လာနိုင်ကြောင်း စိုးရိမ်မှုများ ပေါ်ပေါက်လာသည်။ ဖေဖော်ဝါရီ ၂၇ ရက် မနက်အစောပိုင်းတွင် ပါကစ္စတန်တပ်ဖွဲ့များက အာဖဂန်နိုင်ငံ၏ မြို့တော် Kabul အပါအဝင် နေရာအချို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အာဖဂန်နိုင်ငံကို ထိန်းချုပ်အုပ်ချုပ်နေသည့် Taliban အစိုးရက ပြောကြားခဲ့သည်။ ပါကစ္စတန်ဘက်မှတော့ ယင်းတိုက်ခိုက်မှုများသည် ယခင်တစ်ရက်က အာဖဂန်ဘက်မှ ပါကစ္စတန်ပိုင်နက်အတွင်း တိုက်ခိုက်ခဲ့မှုများကို လက်တုံ့ပြန်ခြင်းသာ ဖြစ်ကြောင်း အကြောင်းပြထားသည်။ ပါကစ္စတန်အစိုးရသည် အာဖဂန်တာလီဘန်အစိုးရက ပါကစ္စတန်ကို ဆန့်ကျင်လှုပ်ရှားနေသည့် Tehrik-i-Taliban Pakistan (TTP) နှင့် အခြားစစ်သွေးကြွအဖွဲ့များကို ခိုလှုံခွင့်ပေးထားကြောင်း စွပ်စွဲထားသည်။ လတ်တလော ပြဿနာများမှာ နယ်စပ်အနီး အာဖဂန်ပိုင်နက်အတွင်းရှိ စစ်သွေးကြွစခန်းများဟု စွပ်စွဲထားသည့် နေရာများကို ပါကစ္စတန်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ရာမှ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ သို့သော် အာဖဂန်တာလီဘန်ဘက်ကတော့ ပါကစ္စတန်၏ တိုက်ခိုက်မှုများကြောင့် အရပ်သားများသာ သေဆုံးဒဏ်ရာရခဲ့ကြောင်း တုံ့ပြန်ထားသည်။ နယ်စပ်ဒေသများတွင် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေရာမှ ယခုအခါ အခြားဒေသများသို့ပါ ပျံ့နှံ့လာပြီး စစ်ရေးတင်းမာမှု အရှိန်မြင့်တက်လာနေသည်။ အာဖဂန်တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က ပါကစ္စတန်စစ်တပ်သည် ကဘူးလ်နှင့် ကန်ဒါဟာ ဒေသများတွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲပြောကြားခဲ့သည်။ ပါကစ္စတန်ဘက်မှလည်း ချီထရယ်လ်၊ ခိုင်ဘာ၊ မိုဟ်မန်၊ ကာရမ်နှင့်...

Read More

လေယာဉ်တင်သင်္ဘောကို စစ်ရေးထက် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ဦးစားပေး အသုံးပြုမည်ဟု အင်ဒိုနီးရှား ပြောကြား

ဖေဖေါ် ၂၇ The Kaladan Post   အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံး လေယာဉ်တင်သင်္ဘောကို စစ်ရေးအသုံးချမှုထက် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အဓိက အသုံးပြုသွားရန် ရည်ရွယ်ထားကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောကြားလိုက်သည်။ အီတလီ ရေတပ်မှ အနားပေးထားသည့် Giuseppe Garibaldi လေယာဉ်တင်သင်္ဘောကို အင်ဒိုနီးရှား ရေတပ်က လက်လွှဲယူမည်ဆိုသည့် သတင်းကြောင့် အရှေ့တောင်အာရှ ဒေသအတွင်း စိတ်ဝင်စားမှု မြင့်တက်နေသည်။ ယင်းသင်္ဘောသည် အင်ဒိုနီးရှားအတွက် ပထမဆုံး လေယာဉ်တင်သင်္ဘောလည်း ဖြစ်လာမည် ဖြစ်သည်။ အင်ဒိုနီးရှားသည် ရန်လိုသဘောထား မူဝါဒကို ကိုင်ဆွဲထားသည့် နိုင်ငံမဟုတ်ကြောင်း၊ လေယာဉ်တင်သင်္ဘောကို ပိုင်ဆိုင်လိုသည့် ရည်ရွယ်ချက်မှာလည်း တခြားနိုင်ငံများအပေါ် စစ်ရေးဖိအားပေးရန် မဟုတ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြန်ကြားရေးဌာနခွဲ အကြီးအကဲ ရီကို ရီကာဒို ဆီရတ်က ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ ထိုသင်္ဘောကို သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက်ထားရေး မစ်ရှင်များတွင် ဦးစားပေး အသုံးပြုသွားမည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ အရှည် မီတာ ၁၈၀ ရှိသည့် ယင်းလေယာဉ်တင်သင်္ဘောတွင် ပြေးလမ်းတိုသာ လိုအပ်သည့် တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ စုစုပေါင်း ၁၈ စီးခန့် တင်ဆောင်နိုင်သည်။ ထို့အပြင် ရေဒါလှိုင်းဖျက်စနစ်များ၊ လေကြောင်းကာကွယ်ရေး ဒုံးကျည်စနစ်များ တပ်ဆင်ထားပြီး တစ်ကြိမ် လောင်စာဖြည့်ထားပါက ရေမိုင် ၇,၀၀၀ ခန့် ဆက်တိုက် ခုတ်မောင်းနိုင်စွမ်း ရှိသည်။ Giuseppe Garibaldi သည် ၁၉၈၅...

Read More

တရုတ်လေယာဉ်မှူးများကို လေ့ကျင့်ပေးခဲ့ဟု စွပ်စွဲခံရသည့် အမေရိကန် လေတပ်အရာရှိဟောင်း ဖမ်းဆီးခံရ

ဖေဖေါ် ၂၇ The Kaladan Post တရုတ် လေယာဉ်မှူးများကို ခွင့်ပြုချက်မရှိဘဲ လေ့ကျင့်သင်ကြားပေးခဲ့သည်ဟု စွပ်စွဲခံထားရသည့် အမေရိကန် လေတပ် အရာရှိဟောင်း တစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း အမေရိကန် တရားရေး ဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်ခဲ့သည်။ အသက် ၆၅ နှစ်အရွယ် ဂါရဲလ် ဘရောင်းသည် တရုတ်နိုင်ငံမှ အမေရိကန်သို့ ပြန်လည်ရောက်ရှိလာချိန်တွင် အင်ဒီယားနား ပြည်နယ်၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ၎င်းအား နိုင်ငံရပ်ခြားတွင် စစ်ရေးဆိုင်ရာ လေယာဉ်မောင်းနှင်မှု သင်တန်းပို့ချရာတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သီးသန့်လိုင်စင် မရယူဘဲ လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲထားသည်။ တရားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဘရောင်းသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ တရုတ်နိုင်ငံတွင် နေထိုင်ခဲ့ပြီး တရုတ် တိုက်လေယာဉ်မှူးများကို လေ့ကျင့်ပေးနေခဲ့ကြောင်း သိရသည်။ အမေရိကန် ဥပဒေအရ နိုင်ငံခြားတိုင်းပြည်တစ်ခုတွင် စစ်လေယာဉ် မောင်းနှင်မှုဆိုင်ရာ သင်တန်းပို့ချရန် အထူးလိုင်စင် ရယူရန် လိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဘရောင်းသည် အမေရိကန် လေတပ်တွင် ၂၄ နှစ်ကြာ အမှုထမ်းခဲ့သည့် လေယာဉ်မှူးဟောင်းတစ်ဦး ဖြစ်ပြီး အမှုထမ်းကာလအတွင်း နျူကလီးယား လက်နက်များ သယ်ယူပျံသန်းရသည့် မစ်ရှင်များအပါအဝင် လျှို့ဝှက်အဆင့် တာဝန်များကို ထမ်းဆောင်ခဲ့ဖူးကြောင်း သိရသည်။ ၁၉၉၆ ခုနှစ်တွင် လေတပ်မှ အနားယူပြီးနောက် ကုန်တင်လေယာဉ်မှူးအဖြစ် အလုပ်လုပ်ခဲ့သည်။ ထို့နောက်တွင် A-10 နှင့် F-35 တိုက်လေယာဉ်များ မောင်းနှင်မှုသင်တန်းများကို ကန်ထရိုက် သင်တန်းဆရာအဖြစ်...

Read More

ဖေဖော်ဝါရီလ (၂၆) ရက် သတင်းတိုပေါင်းချုပ်

စစ်တပ်၏ လက်နက်ကြီး၊ ဒရုန်းပစ်ခတ်မှုကြောင့် ပြည်သူ ၅ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၇ လုံး ပျက်စီး ဖေဖော် ၂၆ The Kaladan Post ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ် သော မုန်းနှင့် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီ တပ်ဖွဲ့က ဖေဖော်ဝါရီ ၂၃ ရက်တွင် လက်နက်ကြီးများနှင့် ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ မုန်းမြို့နယ် နတ်သံကွင်းအနီး ငနွားဆိပ်ကျေးရွာတွင် စစ်ကောင်စီ၏ ၈၁ မမ လက်နက်ကြီး ၄ လုံး ပစ်ခတ်မှုကြောင့် ဦးစိုးလင်းခိုင် (၃၅ နှစ်) နှင့် မောင်မြင့်ခိုင် (၁၅ နှစ်) တို့ ဒဏ်ရာရရှိခဲ့သည်။ ကျောက်ကြီးမြို့နယ်တွင်မူ ခလရ-၂၆၄ တပ်ရင်းမှ ၈၁ မမ လက်နက်ကြီးဖြင့် ကညင်ကျွန်းကျေးရွာကို ပစ်ခတ်ရာ ဒေါ်ဇင်မာဝင်း (၃၅ နှစ်)၊ ဒေါ်ဌေးလှိုင် (၅၉ နှစ်) နှင့် ဒေါ်မြဝင်း (၄၃ နှစ်) တို့ ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီး ခဲ့သည်။ ထို့ပြင် သမိန်အင်းကုန်းကျေးရွာကို ၈ လုံး ပစ်ခတ်မှုကြောင့် နေအိမ် ၄ လုံး၊ ကျောက်တံခါး ဘက်မှ ဒရုန်းဖြင့် ဖျံတလင်းကျေးရွာကို ဗုံး ၂ လုံး ကျဲချမှုကြောင့် နေအိမ် ၁ လုံး...

Read More
en_USEnglish