ဩဂုတ် (၂၇) သတင်းတိုပေါင်းချုပ်
စစ်တပ်ထိန်းချုပ်သော အီလက်ထရောနစ်မဲပေးစက်များ ထုတ်လုပ်မှု အရှိန်မြှင့် ဩဂုတ် ၂၇ The Kaladan Post အကြမ်းဖက်စစ်ကောင်စီက ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ၅ သောင်းခွဲနီးပါး ထုတ်လုပ်နေပြီး ထပ်တိုးထုတ်လုပ်ရန် စီစဉ်ထားသည်။ မဲပေးစက်များ၏ လုံခြုံရေး၊ လည်ပတ်စနစ်နှင့် နည်းပညာများကို စစ်တပ်က လျှို့ဝှက်ထိန်းချုပ်ထားကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဖော်ပြသည်။ မဲရုံတစ်ရုံလျှင် မဲပေးစက် ၂ လုံးမှ ၃ လုံး ထားရှိမည်ဖြစ်ပြီး ပျက်စီးမှုဖြစ်ပေါ်ပါက အမြန်အစားထိုးနိုင်ရန် စီစဉ်ထားသည်။ မဲရလဒ်များကို လိုအပ်သလို ပြောင်းလဲနိုင်သည့် စနစ်ပါရှိကြောင်း သင်တန်းတက်ရောက်သူ များက ပြောဆိုသည်။ MEVM စနစ်တွင် ဆန္ဒပြုစက် (BU)၊ ထိန်းချုပ်စက် (CU) နှင့် မဲပေးချက်ဖော်ပြစက် (VU) ဟူ၍ အစိတ်အပိုင်းသုံးခုပါရှိပြီး မဲဆန္ဒရှင်များသည် ခလုတ်နှိပ်ကာ မဲပေးနိုင်မည်ဖြစ်သည်။ မဲပေးချက်မှန်/မမှန်ကို စက္ကူဖြတ်ပိုင်းဖြင့် ချက်ချင်းကြည့်ရှုနိုင်ကြောင်း စစ်ကောင်စီက ဆိုသည်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး စစ်ကောင်စီကိုယ်တိုင် စီစဉ်သည့် ယခုရွေးကောက်ပွဲကို ဒီဇင်ဘာလတွင် စတင်ကျင်းပမည်ဖြစ်သည်။ ဘုတလင်တွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံး ဩဂုတ် ၂၇ The Kaladan Post စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်တပ်က တိုက်လေယာဉ်နှင့် စက်တပ်လေထီးများဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ ဩဂုတ်လ...
Read More