အီရန်တွင် အစိုးရပြောင်းလဲမှုသည် “အကောင်းဆုံးရွေးချယ်မှု” ဖြစ်နိုင်ဟု Donald Trump ပြောကြား
ဖေဖေါ် ၁၄ The Kaladan Post အမေရိကန်နှင့် အီရန်အကြား ဆက်ဆံရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေသည့်အချိန်တွင် အမေရိကန်သမ္မတ Donald Trump က အီရန်နိုင်ငံတွင် အစိုးရပြောင်းလဲမှု ဖြစ်ပေါ်လာခြင်းသည် “အကောင်းဆုံးဖြစ်နိုင်ခြေ” ဖြစ်နိုင်ကြောင်း ဖေဖော်ဝါရီ ၁၃ ရက်တွင် မှတ်ချက်ပေးခဲ့သည်။ ထရမ့်က အီရန်၏ ဘာသာရေးအခြေပြု အုပ်ချုပ်ရေးစနစ်အပေါ် ဝေဖန်ပြောကြားရာတွင် လွန်ခဲ့သည့် ၄၇ နှစ်တာကာလအတွင်း အစ္စလာမ်မစ်အစိုးရသည် လက်တွေ့ကျကျ လုပ်ဆောင်နိုင်မှုထက် မူဝါဒနှင့် စကားလုံးများသာ အားထားခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အစိုးရ၏ လုပ်ရပ်များကြောင့် လူအသက်အများအပြား ဆုံးရှုံးခဲ့ရကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။ သို့ရာတွင် အီရန်၏ ဘာသာရေးခေါင်းဆောင် အဓိပတိကြီး Ali Khamenei ဦးဆောင်သည့် လက်ရှိအစိုးရကို ဖယ်ရှားပြီးနောက် မည်သူက ဦးဆောင်သင့်သည်ဆိုသည်ကိုတော့ ထရမ့်က တိတိကျကျ မှတ်ချက်မပေးဘဲ၊ အီရန်ကို ဦးဆောင်နိုင်မည့် ပုဂ္ဂိုလ်များ ရှိနေသင့်သလောက် ရှိနေကြောင်းသာ ပြောကြားခဲ့သည်။ အီရန်အစိုးရဘက်မှ ထိုမှတ်ချက်အပေါ် တုံ့ပြန်ချက် မထွက်ပေါ်သေးပေ။ နျူကလီးယားစီမံကိန်းဆိုင်ရာ ကိစ္စရပ်များအပေါ် ညှိနှိုင်းမှု မအောင်မြင်သဖြင့် နှစ်နိုင်ငံအကြား တင်းမာမှုများ ဆက်လက်မြင့်တက်နေစဉ် အမေရိကန်က အီရန်ရေပိုင်နက်အနီးသို့ စစ်အင်အား တိုးမြှင့်ထားသည်။ အထူးသဖြင့် ကမ္ဘာပေါ်တွင် အကြီးဆုံးစစ်သင်္ဘောများထဲမှ တစ်စီးအဖြစ် သတ်မှတ်ခံထားရသော USS Gerald R. Ford ကို အိန္ဒိယသမုဒ္ဒရာဒေသသို့ စေလွှတ်ထားပြီး ယခင်ကတည်းက ဒေသတွင်းရှိနေသော USS Abraham Lincoln နှင့် ပူးပေါင်း လှုပ်ရှားသွားမည်ဖြစ်ကြောင်း...
Read More