Author: Salai

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲရလဒ်များအပေါ် အတိုက်အခံအင်အားစုများ ကန့်ကွက်တိုင်ကြား

ဖေဖေါ် ၁၆ The Kaladan Post   Bangladesh တွင် ကျင်းပခဲ့သော နောက်ဆုံး ရွေးကောက်ပွဲအပြီး အရေးနိမ့်ခဲ့သည့် အတိုက်အခံ မဟာမိတ်အင်အားစုများက မဲဆန္ဒနယ် ၃၀ ကျော်၏ ရလဒ်များအပေါ် မကျေနပ်ကြောင်း ထုတ်ဖော်ပြောကြားကာ ရွေးကောက်ပွဲကော်မရှင်ထံ တရားဝင် တိုင်ကြားထားသည်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျင်းပခဲ့သည့် အဆိုပါ ရွေးကောက်ပွဲသည် ဝန်ကြီးချုပ်ဟောင်း Sheikh Hasina အစိုးရ ပြုတ်ကျပြီးနောက်ပိုင်း ပထမဆုံး ကျင်းပသည့် ရွေးကောက်ပွဲဖြစ်သည်။ ရလဒ်များအရ Bangladesh Nationalist Party (BNP) ဦးဆောင်သည့် မဟာမိတ်အဖွဲ့က အမတ်နေရာ ၂၁၂ နေရာ ရရှိကာ အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ BNP ကို ဦးဆောင်သူမှာ တာရစ် ရာမန် ဖြစ်ပြီး ၎င်းသည် နိုင်ငံရေး ဩဇာအကြီးဆုံး မိသားစုတစ်ခုမှ ဆင်းသက်လာသူဖြစ်သည်။ အပြိုင်အင်အားစုအဖြစ် ရပ်တည်ခဲ့သည့် Bangladesh Jamaat-e-Islami ဦးဆောင်သော အဖွဲ့ကတော့ အမတ်နေရာ ၇၇ နေရာသာ ရရှိခဲ့သည်။ ပါတီအကြီးအကဲ ရှဖစ်ကာ ရာမန်က ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ရလဒ်ကို လက်ခံကြောင်း ပြောကြားခဲ့သော်လည်း လွှတ်တော်အတွင်း စည်းကမ်းရှိသည့် အတိုက်အခံအဖြစ် ဆက်လက်ရပ်တည်သွားမည်ဟု ဆိုခဲ့သည်။ သို့ရာတွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ဂျမတ်ပါတီ တာဝန်ရှိသူများက မဲဆန္ဒနယ် ၃၂ ခုတွင် ပါတီကိုယ်စားလှယ်များ မမျှတသည့် အခြေအနေများကြောင့် ရှုံးနိမ့်ခဲ့ကြောင်း ဆိုကာ...

Read More

ရုရှားစစ်မြေပြင်တွင် ကျဆုံးခဲ့သည့် စစ်သည် မိသားစုများအား မြောက်ကိုရီးယားက တိုက်ခန်းများ ပေးအပ်

ဖေဖေါ် ၁၆ The Kaladan Post     North Korea အစိုးရက ရုရှားစစ်မြေပြင်တွင် တိုက်ပွဲကျဆုံးခဲ့သည့် စစ်သည်များ၏ မိသားစုဝင်များအား တိုက်ခန်းအသစ်များ ပေးအပ်ခဲ့ကြောင်း တရားဝင်ကြေညာခဲ့သည်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် မြောက်ကိုရီးယား အစိုးရမီဒီယာများက နိုင်ငံခေါင်းဆောင် Kim Jong Un သည် သမီးဖြစ်သူ Kim Ju Ae နှင့်အတူ အဆိုပါ အိမ်ရာအသစ်များသို့ သွားရောက်ကာ ကျဆုံးစစ်သည် မိသားစုများနှင့် တွေ့ဆုံခဲ့သည့် ပုံရိပ်များကို ထုတ်ပြန်ဖော်ပြခဲ့သည်။ အဆိုပါ တိုက်ခန်းများကို ပြုံယမ်းမြို့တော်ရှိ လမ်းတစ်လမ်းတည်းတွင် တည်ဆောက်ထားပြီး ရုရှားစစ်မြေပြင်၌ အသက်ဆုံးရှုံးခဲ့သည့် စစ်သည် မိသားစုများကို အထူးဂုဏ်ပြုအဖြစ် နေရာချထားပေးခြင်းဖြစ်ကြောင်း သိရသည်။ မြောက်ကိုရီးယားသည် မဟာမိတ်နိုင်ငံဖြစ်သော Russia အတွက် တပ်ကူအင်အား သောင်းနှင့်ချီ စေလွှတ်ပေးခဲ့ကြောင်း သတင်းများထွက်ပေါ်ထားပြီး၊ ယင်းထဲမှ စစ်သည် ၂၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့နိုင်ကြောင်း South Korea နှင့် အနောက်နိုင်ငံများ၏ ထောက်လှမ်းရေးအဖွဲ့များက ခန့်မှန်းထားသည်။ ထိုတပ်ဖွဲ့များသည် ယူကရိန်းတပ်ဖွဲ့များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြင်းထန်ခဲ့သည့် ရုရှား၏ ကာ့စ်ခ်ဒေသ စစ်မြေပြင်တွင် ရုရှားဖက်မှ ကူညီတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ရုရှားသို့ တပ်များ စေလွှတ်ပေးမှုအတွက် အပြန်အလှန်အနေဖြင့် မြောက်ကိုရီးယားသည် ဘဏ္ဍာရေးအထောက်အပံ့များ၊ စစ်ရေးနည်းပညာ အကူအညီများ၊ ရိက္ခာနှင့် စွမ်းအင်ပံ့ပိုးမှုများ လက်ခံရရှိခဲ့နိုင်ကြောင်း နိုင်ငံတကာလေ့လာသူများက ယုံကြည်ထားကြသည်။ အိမ်ရာဖွင့်ပွဲ မိန့်ခွန်းအတွင်း Kim Jong Un...

Read More

မြန်မာစစ်တပ်၏ သံအရာရှိနှင်ထုတ်မှုကို အရှေ့တီမော ရှုတ်ချ

ဖေဖေါ် ၁၆ The Kaladan Post   မြန်မာနိုင်ငံဆိုင်ရာ အရှေ့တီမော ယာယီသံရုံးတာဝန်ခံအား ၇ ရက်အတွင်း နိုင်ငံမှ ထွက်ခွာရန် အာဏာသိမ်း စစ်တပ်က ဖေဖော်ဝါရီ ၁၃ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့သည့်အပေါ် အရှေ့တီမောအစိုးရက ဖေဖော်ဝါရီ ၁၆ ရက်တွင် တရားဝင် ကြေညာချက်ထုတ်ပြန်၍ ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချလိုက်သည်။ အရှေ့တီမောအစိုးရက ယင်းလုပ်ရပ်သည် နိုင်ငံတကာ သံတမန်ရေးဆိုင်ရာ စံနှုန်းများနှင့် မကိုက်ညီသလို လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းအခြေအနေကို ပိုမို ဆိုးရွားစေနိုင်ကြောင်း စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ထုတ်ပြန်ချက်အရ အရှေ့တီမောသည် Association of Southeast Asian Nations (အာဆီယံ) နှင့် United Nations တို့၏ မူဝါဒများနှင့် ဆုံးဖြတ်ချက်များကို လေးစားလိုက်နာမည်ဖြစ်ကြောင်း ထပ်လောင်း အတည်ပြုထားပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးကို ဆက်လက် အားပေးသွားမည်ဟု ဖော်ပြထားသည်။ ထို့အပြင် မြန်မာပြည်သူများနှင့်အတူ တစ်သားတည်း ရပ်တည်မည်ဖြစ်ကြောင်း၊ စစ်တပ်အနေဖြင့် လူ့အခွင့်အရေးများကို လေးစားလိုက်နာရန်နှင့် လက်ရှိ အကျပ်အတည်းကို ငြိမ်းချမ်းပြီး အပြုသဘောဆောင်သော နည်းလမ်းများဖြင့် ဖြေရှင်းရန် တိုက်တွန်းထားသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းသည် နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် စိုးရိမ်စရာ အရေးကိစ္စတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အရှေ့တီမောအစိုးရ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် Agio Pereira က မြန်မာပြည်သူများ၏ စိတ်ဆန္ဒအမှန်ကို...

Read More

ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရန် အလုံးအရင်း ကြိုးပမ်းနေကြောင်း Keir Starmer အတည်ပြု

ဖေဖေါ် ၁၆ The Kaladan Post   ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် Keir Starmer က နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်ကို အလုံးအရင်း တိုးမြှင့်နိုင်ရန် အစိုးရအနေဖြင့် အလေးအနက် စဉ်းစားဆွေးနွေးနေကြောင်း ပြောကြားလိုက်သည်။ လန်ဒန်မြို့ ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်အိမ်တော်မှ အသေးစိတ်အချက်အလက်များကို မထုတ်ပြန်သေးသော်လည်း ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ကျင်းပခဲ့သည့် Munich Security Conference တွင် စတာမာက ကာကွယ်ရေးဘတ်ဂျတ် တိုးမြှင့်ရေးကို အတည်ပြု ပြောကြားခဲ့သည်။ စတာမာက ပိုမိုရှုပ်ထွေးလာသည့် လုံခြုံရေးခြိမ်းခြောက်မှုအသစ်များကို ကိုင်တွယ်နိုင်ရန် ဗြိတိန်အနေဖြင့် ကာကွယ်ရေးအသုံးစရိတ်ကို မြန်ဆန်စွာနှင့် ပမာဏကြီးစွာ တိုးမြှင့်ရန် လိုအပ်နေကြောင်း ဆိုသည်။ ယခင်နှစ်ကလည်း ၂၀၂၇ ခုနှစ်အတွင်း နိုင်ငံ GDP ၏ ၂.၅ ရာခိုင်နှုန်းထိ ကာကွယ်ရေးအတွက် အသုံးပြုမည်ဟု ကတိပြုထားခဲ့ပြီး၊ ဖြစ်နိုင်ပါက ၃ ရာခိုင်နှုန်းထိ တိုးမြှင့်နိုင်ရေး အဆိုကိုလည်း လွှတ်တော်အသစ်တွင် တင်သွင်းရန် စီစဉ်နေကြောင်း သိရသည်။ သတင်းများအရ လက်ရှိ ၂၀၂၉ ခုနှစ်အထိ တည်ရှိမည့် လွှတ်တော်သက်တမ်းအတွင်း GDP ၏ ၃ ရာခိုင်နှုန်းထိ တိုးမြှင့်နိုင်ရေးကို စတာမာ၏ အတွင်းစည်းအဖွဲ့ဝင်များက ကြိုးပမ်းနေကြသည်။ လေ့လာသူများကလည်း လာမည့် လေးနှစ်အတွင်း ရှိရင်းစွဲ အသုံးစရိတ်နှင့်သာဆိုပါက စတာလင်ပေါင် ၂၈ ဘီလီယံခန့် ထပ်မံလိုအပ်နိုင်ကြောင်း ခန့်မှန်းထားသည်။ ဗြိတိန် စစ်တပ် အကြီးအကဲ Patrick Sanders (ဆာ ပက်ထရစ် ဆန်းဒါးစ်)...

Read More

ဖေဖော်ဝါရီလ (၁၅) ရက် သတင်းတိုပေါင်းချုပ်

ဖားကန့်မြို့နယ်တွင် စစ်တပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံး ဖေ‌ဖော် ၁၅ The Kaladan Post ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာရှိ နယ်မြေရဲစခန်းကို KIA ပူးပေါင်းတပ်ဖွဲ့များက ဖေဖော်ဝါရီ ၁၄ ရက် နံနက်အစောပိုင်း ၂ နာရီခန့်မှ စတင်ဝင်ရောက်တိုက်ခိုက် ခဲ့ရာ ညပိုင်းအထိ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း စစ်တပ်ဘက်က လက်နက် ကြီးများဖြင့် ငြိမ်းချမ်းသာယာ ရပ်ကွက် အပိုင်း ၂ အတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေအိမ်တစ်လုံး ထိမှန်ပြီး အမျိုးသား ၁ ဦး သေဆုံးကာ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ဂျက်တိုက်လေယာဉ်ဖြင့် ဆိုင်းတောင်ရွာဟောင်းသို့ သွားရာ လမ်းပိုင်းရှိ ဂျန်ကပ် RC ခရစ်ယာန်ဘုရားကျောင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီး ဘုရားကျောင်း အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။ ယနေ့ (ဖေဖော်ဝါရီ ၁၅) တွင် တိုက်ပွဲ ငြိမ်သက်နေသော်လည်း ရဲစခန်းကို ဝိုင်းရံထားသည့် အခြေအနေ ရှိနေဆဲဖြစ်ပြီး ပြည်သူများ စစ်ရှောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် စစ်သုံ့ပန်း ၂ ဦးနှင့် လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိ ဖေ‌ဖော် ၁၅ The Kaladan...

Read More

Recent Comments

No comments to show.

Subscribe

en_USEnglish